စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, June 18, 2020

စိတ်

#စိတ်

လူ့စိတ် ပြောင်းရင်
စာရိတ္တ ပြောင်းသွားတယ် ။

စာရိတ္တ ပြောင်းရင်
အမြင် ပြောင်းသွားတယ် ။

အမြင် ပြောင်းရင်
ပတ်ဝန်းကျင် ပြောင်းသွားတယ်။

ပတ်ဝန်းကျင် ပြောင်းရင်
ကံကောင်းမှု ပြောင်းသွားတယ်

ကံကောင်းမှု ပြောင်းရင်
မိမိရဲ့ ကံဇာတာပြောင်းသွားတယ် ။

တကယ်ယုံကြည် အားထားရမှာက
မိမိရဲ့စိတ်ပါ ။

ရက်ရာဇာတွေ ပြသဒါးတွေ မဟုတ်ဘူး၊
ကိုယ်မှာဆင်တဲ့ အဆောင်အယောင်တွေ၊
ပရိတ်ကြိုးတွေ၊ အထုံးအဖွဲ့တွေမဟုတ်ဘူး၊

စိတ်အတွင်းမှာသာ
စိတ်ကောင်းခြင်း ၊ နူးညံ့ခြင်း ၊ ခွင့်လွှတ်ခြင်း၊
သဘောထားကြီးခြင်း၊ ကိုယ်ချင်းစာခြင်း စတဲ့
စိတ်ရဲ့ Cosmetics တွေနဲ့ အလှဆင်မယ်၊
မေတ္တာကို စိတ်ထဲကပေါက်ဖွားမယ်၊
ပတ်ဝန်းကျင်ကို စိတ်နဲ့သဟဇာတ
ဖြစ်အောင်လုပ်မယ်။

ရှေးလူကြီးတွေက ပြောတယ် -

စိတ်တစ်ချက် ကိုင်တတ်ပြီဆိုရင်
ကောင်းကင်နဲ့ မြေကြီးကအစ 
နားလည်တတ်လာတယ် တဲ့...၊
စိတ်ထဲက ကုသိုလ်၊ အကုသိုလ္ကို 
ထိန်းနိုင်ရင် တစ်ကိုယ်ကောင်း 
ဆန်မှုတွေ လျော့ပါးသွားတယ် ။

လူအချို့ကို ကြာပန်းလို....
ဝေးဝေးက ကြည့်မှ သူ့အလှမြင်တယ် ။

လူအချို့ကို လက်ဖက်ခြောက်လို.
ကြာကြာနှပ်ထားမှ သူ့အရသာ အစစ်သိတယ် ။

လူအချို့ကို လေပြည်လို...
ဂရုမစိုက်သင့် မစိုက်ဘဲနေရတယ် ။

လူအချို့ကို သစ်ပင်လို
မှီခိုသင့် မှီရတယ် ။

အားလုံးက ရေစက်ပဲလေ.

လူ့ဘဝဆိုတာ တရားကျင့်တာ၊
မိမိရဲ့ စိတ်နှလုံးသားတစ်ခုကို ကျင့်ယူရမှာ ။

စိတ်ပျော့ပျောင်းသွားပြီ...
အရာရာလှပသွားပြီ ။

စိတ်သန့်စင်သွားပြီ...
ပတ်ဝန်းကျင် ကြည်လင်သွားပြီ ။

စိတ်ပျော်ရွှင်သွားပြီ....
ဘဝကြီး ချမ်းသာသုခပြည့်သွားပြီ ။

ဒီတစ်သက်မှာ
ဘဝက ဘယ်အခြေအနေပဲဖြစ်ဖြစ်
သူတပါးပေါ် မလွှဲချဘူး၊
ရှိသမျှ ပျော်၊ ဒေါ ၊ ညစ်၊ ပြုံး၊ မုန်း၊ 
အားလုံးက ကိုယ့်ကိုဖန်တီးတာ။

ဘဝဆိုတာ တိုကြ္ပဲမဟုတ္ဘူး၊
...... ပဲ့တင်သံ ။

သင့်ရဲ့အကောင်းဆုံးကို သူများကိုပေး
ကြည့်လိုက်၊ သူများရဲ့အကောင်းဆုံး
က သင့်ဆီပြန်လာတယ် ။

သင်သူများကို ကူညီတာများလေလေ၊
သူများဆီက သင်အကူအညီပိုရလေလေ ။

သင်က အုတ်တံတိုင်းမြင့်မြင့် ကာလေလေ၊
နောက်ဆုံး အုတ်တံတိုင်းပတ်ပတ်လည်မှာ
သင်တစ်ယောက်တည်း ကျန်ခဲ့ရလေလေ ။

နှိမ့်ချကျိုးနွံမှု များများနဲ့
ချီးမွမ်း ထောပနာများများ
အသုံးချတတ်ရင် လူ့ဘဝမှာနေရတာ 
ပျော်ရွှင်မယ် ။

ပါမောက္ခချုပ်ဆရာတော်

Credit original uploader

No comments:

Post a Comment