အပါယ်သွားရတာ လွယ်သလောက်
➖➖➖➖➖➖➖➖➖➖
'သုဂတိ၊ နိဗ္ဗာန်'ရောက်ဖို့ ခက်ပါတယ်
➖➖➖➖➖➖➖➖➖➖➖
သူတစ်ပါးကို
ကဲ့ရဲ့ ရတာ လွယ်သလောက်
'ချီးမွမ်း'ဖို့ ခက်တယ်။
သူတစ်ပါး အောင်မြင်မှုကို
မနာလိုရတာ လွယ်သလောက်
'၀မ်းမြောက်'ဖို့ခက်တယ်။
သူတစ်ပါးကို
မာန်ထောင်ရတာ လွယ်သလောက်
ကိုယ့်ကိုယ်ကို 'နှိမ့်ချ'ဖို့  ခက်တယ်။
သူတစ်ပါး အပြစ်ကို
လက်ညှိုးထိုးရတာ လွယ်သလောက်
ကိုယ့်အပြစ်ကို '၀န်ခံ'ဖို့ ခက်တယ်။
သူတစ်ပါး အကြောင်း
စောင်းမြောင်းရတာ လွယ်သလောက်
ကိုယ့်အကြောင်း
ကောင်းမကောင်း 'ကြည့်'ဖို့ခက်တယ်။
သူတစ်ပါး သတင်း
အတင်းပြောရတာ လွယ်သလောက်
ကောင်းကွက်ရှာ 'ချီးကျူး'တတ်ဖို့ ခက်တယ်။
သူတစ်ပါး ကျေးဇူး
ချေဖျက်ရတာ လွယ်သလောက်
သူ့ကျေးဇူး 'သိတတ်'ဖို့ ခက်တယ်။
သူတစ်ပါး အားနည်းချက်
နင်းတက်ရတာ လွယ်သလောက်
'ကူညီ'တတ်ဖို့ ခက်တယ်။
သူတစ်ပါးကို
လိမ်ရတာ လွယ်သလောက်
ကိုယ်ကိုယ့်ကို 'ကြည်ညို'တတ်ဖို့  ခက်တယ်။
သူတစ်ပါးကို
ဆုံးမရတာ လွယ်သလောက်
ကိုယ့်ကိုယ်ကို
'ဆုံးမ'ရတာ ခက်တယ်။
သူတစ်ပါးကို
အနိုင်ယူရတာ လွယ်သလောက်
ကိုယ့်ကိလေသာ 'အနိုင်ယူ'ရတာ ခက်တယ်။
မကောင်းမှု ပြုရတာ လွယ်သလောက်
ကောင်းမှု ပြုတတ်ဖို့ ခက်တယ်။
အလွယ်မလိုက်ပါနဲ့ ။
အပါယ်သွားရတာ လွယ်သလောက်
'သုဂတိ၊ နိဗ္ဗာန်'ရောက်ဖို့ ခက်ပါတယ်။
(စာရေးသူ - Lwinoo Ko )
No comments:
Post a Comment