နှလုံးသားမှာ ဓမ္မ ပြည့်ပါစေ …
လူတိုင်း လူတိုင်းဟာ
မိမိတို့ရဲ့ ဘဝခရီးကို
ဓမ္မ နှင့် အဆုံးသတ်နိုင်အောင်
ကြိုးစားရမယ်။
အနာဂတ် သွားရမည့်ခရီးကို
ဘယ်သူမှ မမျှော်မှန်းနိုင်ဘူး။
ဒီဘဝမှာ ဓမ္မကို တစ်လုံးလောက်မျှ
သင်မထားလိုက်ဖူးဆိုရင်
အနာဂတ် ဘဝခရီးဟာ
ဘယ်လောက် ကြမ်းတမ်းမယ်ဆိုတာ
မပြောနိုင်ဘူး။
ဒီလောက်ကောင်းတဲ့ ဘဝမျိုး
နောက်ပြန်ရဖို့ မလွယ်ဘူး။
ဘာဖြစ်လို့လဲဆိုရင် …
ဓမ္မကို
မကြားရ မကျင့်ရ မနာရတဲ့ ဘဝဟာ
ဘဝကောင်းလို့ မခေါ်နိုင်ဘူး။
ဒီလောက်ကောင်းတဲ့ ဘဝကို
ဆုံးရှုံးမှုမဖြစ်အောင် ဒီထက်ကောင်းတဲ့
ဘဝကိုလည်း ရနိုင်အောင်
နှလုံးသားမှာ ဓမ္မပြည့်အောင်
တည်ဆောက်ကြရမယ်။
(သီတဂူဆရာတော်ဘုရားကြီး)
No comments:
Post a Comment