* လူတွေဟာ...
မတူညီတာတွေကိုပဲ ပြောဆိုနေကြတယ်။
တူညီတာတွေကိုကျတော့ သတိမရကြဘူး။
ကောင်းတဲ့လောကဓံပဲ ဖြစ်ဖြစ်၊
ဆိုးတဲ့လောကဓံပဲ ဖြစ်ဖြစ်
* အလွန်တိုတောင်းတဲ့ အခိုက်အတန့်သဘော
လေးတွေရဲ့ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်မှုမျှသာပါပဲ။
* ဘယ်လောကဓံမှ တည်မြဲနေတာမဟုတ်ဘူး။
ဘယ်လောကဓံကိုမှ ဆုပ်ကိုင်ထားလို့မရဘူး။
တွေ့ကြုံရုံမျှပါပဲ၊ ဒီလိုသိတာ ပညာဖြစ်တယ်။
ပညာရှိမှ လောကဓံကိုရင်ဆိုင်နိုင်မယ်။
* မတည်မြဲမှုကိုသိတဲ့ ဉာဏ်ပညာဟာ
လောကဓံ ရောဂါအတွက် အစွမ်းအထက်ဆုံး
ဆေးဖြစ်တယ်။
ပညာဟာဘယ်လောက်အစွမ်းထက်သော်လည်း....သတိမရှိဘဲနဲ့တော့ မဖြစ်နိုင်ဘူး။
* ဖြစ်လာသမျှတို့အပေါ်မှာ သတိထားနေခြင်း အားဖြင့်...အမှန်သိတဲ့ပညာကိုရနိုင်တယ်။
အသိမှန်၊ အမှန်သိဖြင့် ကျင့်ကြံနေထိုင်သူများဖြစ်နိုင်ဖို့ ကြိုးစားရပါမယ်။ ။
No comments:
Post a Comment