သိထားသင့်၍ဖတ်ထားသင့်သောစာ -92
================++++++++++++
💥#ခြေတော်ရာအကြောင်းသိကောင်းစရာ💥
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ပါဠိစာပေ၌ ခြေတော်ရာကို "ပဒစေတိယ" ဟု ခေါ်၏။
သဗ္ဗညု မြတ်စွာဘုရားတို့သည် အခါခပ်သိမ်း မြေအပြင်မှ လက်၄-သစ် ခွါ၍ လှည့်လည်ကြွသွားတော်မူကြသည် (အပ၊ဋ္ဌ၊၂။၉၉။)။
ထို့ကြောင့် မြေပြင်တွင် ဘုရားခြေတော်ရာ မထင်ပေ။
မြေပေါ်တွင် ခြေတော်ရာ မထင်ရခြင်းအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~
၁။ နူးညံ့သိမ်မွေ့သော အရေတော်ရှိတော်မူခြင်း,
၂။ အားကြီးသော ခွန်အားရှိတော်မူခြင်း
၃။ သတ္တဝါအပေါင်းအား သနားစောင့်ရှောက်တော်မူလိုခြင်း၊
ဤ၃-ပါးသောအကြောင်းတို့ကြောင့် ဘုရားရှင်တို့ မြေအပြင်၌ ကြွသွားတော်မူရာဝယ် ခြေတော်ရာ မထင်ခြင်း ဖြစ်သည်။
ခြေတော်ရာ မြေပေါ်တွင် ထင်ရခြင်းအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~
သို့သော်လည်း
၁။ ခြေတော်ရာကို အခိုက်အတန့်မျှ မြင်စေလိုခြင်း
၂။ အဓွန့်ရှည်စွာ ကိုးကွယ်ပူဇော်စေလိုခြင်း၊
ဤအကြောင်း ၂-ပါးတွင် တစ်ပါးပါးကြောင့် ဘုရားရှင်တို့သည် ခြေတော်ရာကို ချထားပြသတော်မူကြသည်။
(အံ၊႒၊၂။ ၂၉၉။)။
ပိဋကတ်တော်လာ အခိုက်အတန့်မျှ ခြေတော်ရာ ချခဲ့သော နေရာများ
~~~~~~~~~~~~~~~~~~~~~~~~~
(၁) တံမြက်မလှည်းဘဲ နိရောဓသမာပတ် ဝင်စားနေသော အရှင်သာရိပုတြာအား သူ၏ အနီး၌လည်းကောင်း,
(၂) ခြေတော်ရာသို့ အစဉ်လိုက်လျက် ပြဿနာမေးကာ မဂ်,ဖိုလ်ရမည် ဒေါဏပုဏ္ဏားအား သူ၏ သွားရာလမ်း၌ လည်းကောင်း,
(၃) သမီးပေးလိုသော မာဂဏ္ဍိယပုဏ္ဏားအား သူ၏မြင်လောက်ရာ အရပ်၌လည်းကောင်း,
(၄) သား,သမီးများနှင့် တကွ မဂ်ဖိုလ်ရမည် ကုက္ကုဋမိတ္တမုဆိုးအား သူထောင်ထားသော ကြေးကွင်းအနီး၌လည်း ကောင်း,
(၅) မြတ်စွာဘုရားကို ဖူးမြင်လိုကြသော ဗာဝရီပုဏ္ဏားကြီး၏ တပည်ရသေ့တို့အား ဇေတဝန်ကျောင်းတော် ဂန္ဓကုဋီအနီး၌လည်းကောင်း
ဘုရားရှင်သည် ခြေတော်ရာကို ချထားပြသတော်မူသည်။
ဤကား အခိုက်အတန့်မျှ ချထားအပ်သော ခြေတော်ရာများ ဖြစ်သည်
(ဝိ၊ဋ္ဌ၊၄။၁၇၆။ အံ၊ဋ္ဌ၊၁။၃၃၄။ အံ၊ဋ္ဌ၊၂။ ၂၉၈။ ဓမ္မ၊ဋ္ဌ၊
၁။၁၂၉။ ဓမ္မ၊ဋ္ဌ၊၂။၁၇။ သုတ္တနိ၊ဋ္ဌ၊၂။ ၂၉၉။)။
အဓွန့်ရှည်စွာ ကိုးကွယ်ပူဇော်ရန် ချထားအပ်သော ခြေတော်ရာများ -
~~~~~~~~~~~~~~~~~~~~~~~~~
လင်္ကာဒီပသီဟိုဠ်ကျွန်း၌ တစ်ဆူ,
ဇမ္ဗူဒီပ သုနာပရန္တတိုင်း၌ ၂-ဆူဟူ၍ ခြေတော်ရာစေတီ ၃-ဆူရှိသည်၊
မြတ်စွာဘုရားသည် လင်္ကာဒီပသို့ ၃-ကြိမ် ကြွတော်မူသည်၊
(က) ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ၉-လမြောက်တွင် ဘီလူးတို့ အုပ်စိုးရာ လင်္ကာဒီပသို့ ဘီလူးတို့ကို ဆုံးမခြင်းငှါ ပထမအကြိမ် ကြွတော်မူသည်၊
၅-ဝါမြောက်၌ စူဠာဒရ မဟာဒရ နဂါးမင်းတို့အား ဆုံးမရန် ဒုတိယအကြိမ် ကြွရောက်တော်မူသည်။
၈-ဝါမြောက်တွင် ရဟန်းငါးရာ ခြံရံလျက်
မဟာစေတီတည်ရာ-စသော ဌာနတို့၌ နိုရောဓ သမာပတ် ဝင်စားပြီးလျှင် သုမနကူဋ(သမန္တကူဋ) တောင်ထိပ်၌ ခြေတော်ရာပါဒစေတီတစ်
ဆူ ချထားတော်မူသည်
(ဝိ၊ဋ်ဌ၊၁၆၆။ သာရတ်ထ၊၁။၁၇၅-၆။မဟာဝံသ၊၁-ပရိစ်ဆဒေ၊ ကလြာဏာဂမန၊ ဂါထာ-၇၇)။
(ခ) မြတ်စွာဘုရားသည် ဝါတော် ၂၀-လွန်မြောက်သောအခါ သုနာပရန္တတိုင်း ဝါဏိဇ္ဇဂါမ(ကုန်သည်ရွာ)သို့ ရဟန်းငါးရာနှင့်တကွ ကြွတော်မူ၍ ဝါဏိဇ္ဇရွာ၌ ၇-ရက် သီတင်းသုံးတော်မူသည်။
အရှင်ပုဏ္ဏမထေရ်ကို “သင်သည်ဤအရပ်၌သာ နေရစ်လော့”ဟု မိန့်တော်မူပြီးလျှင် နမ္မဒါမြစ်ကမ်း (နန်းချောင်း) အနီး၌နမ္မဒါနဂါးမင်း တောင်းပန်သဖြင့် ခြေတော်ရာ ပါဒစေတီတစ်ဆူ ချထားတော်မူသည်။
(ဂ) ထိုမှတစ်ဖန် သစ္စဗန္ဓတောင်သို့ ရောက်သောအခါ
သစ္စဗန္ဓမထေရ် တောင်းပန်သဖြင့် စိုစွတ်သော မြေစိုင်၌ အက္ခရာတံဆိပ် တ်နှိပ်သကဲ့သို့ ကျောက်ဖျာအပြင်၌ ခြေတော်ရာပါဒစေတီတစ်ဆူ ချထားတော်မူပြန်သည်။
ဤသို့လျှင် လင်္ကာဒီပ၌ ပါဒစေတီတစ်ဆူ, ဇမ္ဗဒီပ၌ ပါဒ
စေတီနှစ်ဆူဟူ၍ အဓွန့်ရှည်စွာ ကိုးကွယ်ပူဇော်ရန် ချထားအပ်သောပါဒစေတီ ၃-ဆူ ဖြစ်သည် ။
(မ၊႒၊၄၊၂၃၉။ သံ၊ဋီ၊၃။၂၅။)။
ခြေတော်ရာ၏ အလျား အနံ
~~~~~~~~~~~~~~~~~~~
ဘုရားသခင် လက်သစ်တော်ဖြင့် တိုင်းလျှင်
အလျားတစ်ထွာ သုံးလက်သစ်၊
မဇ္ဈိမပုရိသအတောင်ဖြင့် တိုင်းလျှင် တစ်တောင်ထွာနှင့် တစ်မိုက် တစ်လက်သစ်၊
ယခုပုရိသ အတောင်ဖြင့် တိုင်းလျှင် နှစ်တောင် နှစ်
မိုက် သုံးလက်သစ် နှစ်မုယော
အနံမှာ အလျားတွင် သုံးဖို့တစ်ဖို့ခန့် ဖြစ်သင့်
သည်။ (အမေးတော်ဖြေကျမ်း၅၃၅။)။
ဘုရားခြေတော်ရာတွင် (၁၀၈) ကွက် စက်လက္ခဏာများ ထင်ရခြင်းအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~
ဘုရားရှင်တို့သည် ရှေးရှေးဘဝ အလောင်း
တော်ဖြစ်စဉ်က လူအများ ချမ်းသာရေးကို အား
ပေးဆောင် ရွက်တော်မူခဲ့ခြင်း,
လူအများ၏ကြောက်ရွံ့ ထိတ်လန့်ခြင်းကို ပယ်ဖျောက်
လွှင့်တော်မူခဲ့ခြင်း,
တရားနှင့် လျော်ညီစွာ ကာကွယ်စောင့်ရှောက်မှုကို ပေးတော်မူခဲ့ခြင်း,
အလှူဒါနပြုရာ၌ အခြံအရံလှူဖွယ်နှင့် တကွပေးလှူ တော်မူခဲ့ခြင်း၊
ဤအကြောင်းကံတို့ကြောင့် ဘုရားရှင်တို့၏ ခြေဖဝါးတော် အပြင်၌ ၁၀၈-ကွက် စက်လက္ခဏာများ ထင်ရှားဖြစ်ပေါ်လာသည်။
(ဒီ၊၃။၁၂၁။ ဒီ၊႒၊၃။၁၀၅-၆-၇။)။
ခြေတော်ရာကို ဖူးမြှော်ရကျိုး
~~~~~~~~~~~~~~~~~~~~
မြတ်စွာဘုရား၏ စက်တော်ရာလက္ခဏာကို ရှိခိုးပူဇော်ခြင်းကြောင့် အကျိုးထူးများ ခံစားရသော ပုဂ္ဂိုလ်တို့ကား--
(၁) ပဒသညကမထေရ် (အပ၁။၁၃၂။ အပ၊ဋ္ဌ၊၂၉၈-၉။) (၂)ပဒပူဇေကမထေရ် (အပ၊၁။၁၅၆။)
(၃)သကောသကကောရဏ္ဍဒါယကမထေရ် (အပ၊၁။ ၃၂၆)
(၄)ကောရဏ္ဍပုပ္ပိယမထေရ်(အပ၊၂၇။)
(၅)သုဂန္ဓမထေရ် (ထေရ၊ဋ္ဌ၊၁။၉၉။)
(၆)သဗ္ဗမိတ္တမထေရ် (ထေရဋ္ဌ၊၁။၃၄၁။) စသည်တို့ ဖြစ်
သည်။
ဤပုဂ္ဂိုလ်တို့သည် ပါဒစေတီခြေတော်ရာ စက်လက္ခဏာကို ရှိခိုးပူဇော်ခဲ့ခြင်းကြောင့် အပါယ် ၄-ပါးမလားရဘဲ မြင့်မြတ်သော လူနတ်နိဗ္ဗာန် ၃-တန်သော ချမ်းသာကို ရရှိခံစားရသည်။
မှတ်ချက်။ ။တိပိဋကပါဠိမြန်မာ အဘိဓာန်၊ အတွဲ ၁၄၊ ၅၄၈၊ ၅၄၉၊ ၅၅၀ မှ ထုတ်နုတ်ပူဇော်အပ်ပါသည်။
🌺Ven Abhaya Lankara 🌺
https://www.facebook.com/ဝိနည်းအမေးအဖြေကဏ္ဍ-103956551067245/
Unicode
💥#ခြေတော်ရာအကြောင်းသိကောင်းစရာ💥
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ပါဠိစာပေ၌ ခြေတော်ရာကို "ပဒစေတိယ" ဟု ခေါ်၏။
သဗ္ဗညု မြတ်စွာဘုရားတို့သည် အခါခပ်သိမ်း မြေအပြင်မှ လက်၄-သစ် ခွါ၍ လှည့်လည်ကြွသွားတော်မူကြသည် (အပ၊ဋ္ဌ၊၂။၉၉။)။
ထို့ကြောင့် မြေပြင်တွင် ဘုရားခြေတော်ရာ မထင်ပေ။
မြေပေါ်တွင် ခြေတော်ရာ မထင်ရခြင်းအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~
၁။ နူးညံ့သိမ်မွေ့သော အရေတော်ရှိတော်မူခြင်း,
၂။ အားကြီးသော ခွန်အားရှိတော်မူခြင်း
၃။ သတ္တဝါအပေါင်းအား သနားစောင့်ရှောက်တော်မူလိုခြင်း၊
ဤ၃-ပါးသောအကြောင်းတို့ကြောင့် ဘုရားရှင်တို့ မြေအပြင်၌ ကြွသွားတော်မူရာဝယ် ခြေတော်ရာ မထင်ခြင်း ဖြစ်သည်။
ခြေတော်ရာ မြေပေါ်တွင် ထင်ရခြင်းအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~
သို့သော်လည်း
၁။ ခြေတော်ရာကို အခိုက်အတန့်မျှ မြင်စေလိုခြင်း
၂။ အဓွန့်ရှည်စွာ ကိုးကွယ်ပူဇော်စေလိုခြင်း၊
ဤအကြောင်း ၂-ပါးတွင် တစ်ပါးပါးကြောင့် ဘုရားရှင်တို့သည် ခြေတော်ရာကို ချထားပြသတော်မူကြသည်။
(အံ၊ဋ္ဌ၊၂။ ၂၉၉။)။
ပိဋကတ်တော်လာ အခိုက်အတန့်မျှ ခြေတော်ရာ ချခဲ့သော နေရာများ
~~~~~~~~~~~~~~~~~~~~~~~~~
(၁) တံမြက်မလှည်းဘဲ နိရောဓသမာပတ် ဝင်စားနေသော အရှင်သာရိပုတြာအား သူ၏ အနီး၌လည်းကောင်း,
(၂) ခြေတော်ရာသို့ အစဉ်လိုက်လျက် ပြဿနာမေးကာ မဂ်,ဖိုလ်ရမည် ဒေါဏပုဏ္ဏားအား သူ၏ သွားရာလမ်း၌ လည်းကောင်း,
(၃) သမီးပေးလိုသော မာဂဏ္ဍိယပုဏ္ဏားအား သူ၏မြင်လောက်ရာ အရပ်၌လည်းကောင်း,
(၄) သား,သမီးများနှင့် တကွ မဂ်ဖိုလ်ရမည် ကုက္ကုဋမိတ္တမုဆိုးအား သူထောင်ထားသော ကြေးကွင်းအနီး၌လည်း ကောင်း,
(၅) မြတ်စွာဘုရားကို ဖူးမြင်လိုကြသော ဗာဝရီပုဏ္ဏားကြီး၏ တပည်ရသေ့တို့အား ဇေတဝန်ကျောင်းတော် ဂန္ဓကုဋီအနီး၌လည်းကောင်း
ဘုရားရှင်သည် ခြေတော်ရာကို ချထားပြသတော်မူသည်။
ဤကား အခိုက်အတန့်မျှ ချထားအပ်သော ခြေတော်ရာများ ဖြစ်သည်
(ဝိ၊ဋ္ဌ၊၄။၁၇၆။ အံ၊ဋ္ဌ၊၁။၃၃၄။ အံ၊ဋ္ဌ၊၂။ ၂၉၈။ ဓမ္မ၊ဋ္ဌ၊
၁။၁၂၉။ ဓမ္မ၊ဋ္ဌ၊၂။၁၇။ သုတ္တနိ၊ဋ္ဌ၊၂။ ၂၉၉။)။
အဓွန့်ရှည်စွာ ကိုးကွယ်ပူဇော်ရန် ချထားအပ်သော ခြေတော်ရာများ -
~~~~~~~~~~~~~~~~~~~~~~~~~
လင်္ကာဒီပသီဟိုဠ်ကျွန်း၌ တစ်ဆူ,
ဇမ္ဗူဒီပ သုနာပရန္တတိုင်း၌ ၂-ဆူဟူ၍ ခြေတော်ရာစေတီ ၃-ဆူရှိသည်၊
မြတ်စွာဘုရားသည် လင်္ကာဒီပသို့ ၃-ကြိမ် ကြွတော်မူသည်၊
(က) ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ၉-လမြောက်တွင် ဘီလူးတို့ အုပ်စိုးရာ လင်္ကာဒီပသို့ ဘီလူးတို့ကို ဆုံးမခြင်းငှါ ပထမအကြိမ် ကြွတော်မူသည်၊
၅-ဝါမြောက်၌ စူဠာဒရ မဟာဒရ နဂါးမင်းတို့အား ဆုံးမရန် ဒုတိယအကြိမ် ကြွရောက်တော်မူသည်။
၈-ဝါမြောက်တွင် ရဟန်းငါးရာ ခြံရံလျက်
မဟာစေတီတည်ရာ-စသော ဌာနတို့၌ နိုရောဓ သမာပတ် ဝင်စားပြီးလျှင် သုမနကူဋ(သမန္တကူဋ) တောင်ထိပ်၌ ခြေတော်ရာပါဒစေတီတစ်
ဆူ ချထားတော်မူသည်
(ဝိ၊ဋ်ဌ၊၁၆၆။ သာရတ်ထ၊၁။၁၇၅-၆။မဟာဝံသ၊၁-ပရိစ်ဆဒေ၊ ကလြာဏာဂမန၊ ဂါထာ-၇၇)။
(ခ) မြတ်စွာဘုရားသည် ဝါတော် ၂၀-လွန်မြောက်သောအခါ သုနာပရန္တတိုင်း ဝါဏိဇ္ဇဂါမ(ကုန်သည်ရွာ)သို့ ရဟန်းငါးရာနှင့်တကွ ကြွတော်မူ၍ ဝါဏိဇ္ဇရွာ၌ ၇-ရက် သီတင်းသုံးတော်မူသည်။
အရှင်ပုဏ္ဏမထေရ်ကို “သင်သည်ဤအရပ်၌သာ နေရစ်လော့”ဟု မိန့်တော်မူပြီးလျှင် နမ္မဒါမြစ်ကမ်း (နန်းချောင်း) အနီး၌နမ္မဒါနဂါးမင်း တောင်းပန်သဖြင့် ခြေတော်ရာ ပါဒစေတီတစ်ဆူ ချထားတော်မူသည်။
(ဂ) ထိုမှတစ်ဖန် သစ္စဗန္ဓတောင်သို့ ရောက်သောအခါ
သစ္စဗန္ဓမထေရ် တောင်းပန်သဖြင့် စိုစွတ်သော မြေစိုင်၌ အက္ခရာတံဆိပ် တ်နှိပ်သကဲ့သို့ ကျောက်ဖျာအပြင်၌ ခြေတော်ရာပါဒစေတီတစ်ဆူ ချထားတော်မူပြန်သည်။
ဤသို့လျှင် လင်္ကာဒီပ၌ ပါဒစေတီတစ်ဆူ, ဇမ္ဗဒီပ၌ ပါဒ
စေတီနှစ်ဆူဟူ၍ အဓွန့်ရှည်စွာ ကိုးကွယ်ပူဇော်ရန် ချထားအပ်သောပါဒစေတီ ၃-ဆူ ဖြစ်သည် ။
(မ၊ဋ္ဌ၊၄၊၂၃၉။ သံ၊ဋီ၊၃။၂၅။)။
ခြေတော်ရာ၏ အလျား အနံ
~~~~~~~~~~~~~~~~~~~
ဘုရားသခင် လက်သစ်တော်ဖြင့် တိုင်းလျှင်
အလျားတစ်ထွာ သုံးလက်သစ်၊
မဇ္ဈိမပုရိသအတောင်ဖြင့် တိုင်းလျှင် တစ်တောင်ထွာနှင့် တစ်မိုက် တစ်လက်သစ်၊
ယခုပုရိသ အတောင်ဖြင့် တိုင်းလျှင် နှစ်တောင် နှစ်
မိုက် သုံးလက်သစ် နှစ်မုယော
အနံမှာ အလျားတွင် သုံးဖို့တစ်ဖို့ခန့် ဖြစ်သင့်
သည်။ (အမေးတော်ဖြေကျမ်း၅၃၅။)။
ဘုရားခြေတော်ရာတွင် (၁၀၈) ကွက် စက်လက္ခဏာများ ထင်ရခြင်းအကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~
ဘုရားရှင်တို့သည် ရှေးရှေးဘဝ အလောင်း
တော်ဖြစ်စဉ်က လူအများ ချမ်းသာရေးကို အား
ပေးဆောင် ရွက်တော်မူခဲ့ခြင်း,
လူအများ၏ကြောက်ရွံ့ ထိတ်လန့်ခြင်းကို ပယ်ဖျောက်
လွှင့်တော်မူခဲ့ခြင်း,
တရားနှင့် လျော်ညီစွာ ကာကွယ်စောင့်ရှောက်မှုကို ပေးတော်မူခဲ့ခြင်း,
အလှူဒါနပြုရာ၌ အခြံအရံလှူဖွယ်နှင့် တကွပေးလှူ တော်မူခဲ့ခြင်း၊
ဤအကြောင်းကံတို့ကြောင့် ဘုရားရှင်တို့၏ ခြေဖဝါးတော် အပြင်၌ ၁၀၈-ကွက် စက်လက္ခဏာများ ထင်ရှားဖြစ်ပေါ်လာသည်။
(ဒီ၊၃။၁၂၁။ ဒီ၊ဋ္ဌ၊၃။၁၀၅-၆-၇။)။
ခြေတော်ရာကို ဖူးမြှော်ရကျိုး
~~~~~~~~~~~~~~~~~~~~
မြတ်စွာဘုရား၏ စက်တော်ရာလက္ခဏာကို ရှိခိုးပူဇော်ခြင်းကြောင့် အကျိုးထူးများ ခံစားရသော ပုဂ္ဂိုလ်တို့ကား--
(၁) ပဒသညကမထေရ် (အပ၁။၁၃၂။ အပ၊ဋ္ဌ၊၂၉၈-၉။) (၂)ပဒပူဇေကမထေရ် (အပ၊၁။၁၅၆။)
(၃)သကောသကကောရဏ္ဍဒါယကမထေရ် (အပ၊၁။ ၃၂၆)
(၄)ကောရဏ္ဍပုပ္ပိယမထေရ်(အပ၊၂၇။)
(၅)သုဂန္ဓမထေရ် (ထေရ၊ဋ္ဌ၊၁။၉၉။)
(၆)သဗ္ဗမိတ္တမထေရ် (ထေရဋ္ဌ၊၁။၃၄၁။) စသည်တို့ ဖြစ်
သည်။
ဤပုဂ္ဂိုလ်တို့သည် ပါဒစေတီခြေတော်ရာ စက်လက္ခဏာကို ရှိခိုးပူဇော်ခဲ့ခြင်းကြောင့် အပါယ် ၄-ပါးမလားရဘဲ မြင့်မြတ်သော လူနတ်နိဗ္ဗာန် ၃-တန်သော ချမ်းသာကို ရရှိခံစားရသည်။
မှတ်ချက်။ ။တိပိဋကပါဠိမြန်မာ အဘိဓာန်၊ အတွဲ ၁၄၊ ၅၄၈၊ ၅၄၉၊ ၅၅၀ မှ ထုတ်နုတ်ပူဇော်အပ်ပါသည်။
🌺Ven Abhaya Lankara 🌺
No comments:
Post a Comment