စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, January 31, 2021

ကောင်းကံ မကောင်းကံ ကိုယ်သာခံ

"ကောင်းကံ မကောင်းကံ ကိုယ်သာခံ"
♥♥♥♥♥♥♥♥

သတ္တဝါ မှန်သမျှတို့သည် မိမိပြုခဲ့သော
ကောင်းကံ
မကောင်းကံ
ဒီကံနှစ်ခုကသာ စီမံမှုကို ခံစားကြရတာပါပဲ။

 ကုသိုလ်ကံ ကုန်ခမ်းလာပြီဆိုရင် အမျိုးမျိုးသောအကြောင်းတွေက နှိပ်စက်လာတော့တယ်။ 

ဘယ်လိုကောင်းတာတွေ
လုပ်ပေမယ့်
အကုသိုလ်ကံက အကျိုးပေးပြီဆိုရင် ဘယ်ပုဂ္ဂိုလ်မဆို မျက်ရည်ကျရလောက်အောင် မကောင်းကျိုးတွေကို ပေးတော့တာပါပဲ။

 ကောင်းတဲ့ကံက အကျိုးပေးနေချိန်မှာလည်း မကောင်းတာတွေ လုပ်နေပေမဲ့ ကြီးပွားနေတာပါပဲ။

 သို့သော် အကုသိုလ် အလှည့်ကျပြီဆိုရင် အလူးအလိမ့်ခံပေတော့...

 ဒါကြောင့် ဘဝ၏ ကောင်းကျိုးဆိုးကျိုးသည် မိမိပြုလုပ်ခဲ့သော ကံက အချိန်မှီသွားလို့ အကျိုးပေးနေတယ်ဆိုတာ သဘောပေါက်ထားပါ။

 ကိုယ်ပြုသောကံ ကာယကံ ကိုယ့်ထံပြန်လာမည်။ 

ကိုယ်ပြုသောကံ ဝစီကံကိုယ်ထံ ပြန်လာမည်။ 

ကိုယ်ပြုသောကံ မနောကံ ကိုယ်ထံပြန်လာမည်။

 ကောင်းကံ မကောင်းကံ ကိုယ်သာခံ။

မြောက်ဦးဆရာတော်ဘုရားကြီး
🙏🙏🙏

Friday, January 22, 2021

ကိုယ့်သန္တန်မှာ တရားရှိ, မရှိ သိလိုလျှင်

ကိုယ့်သန္တာန်မှာ တရားရှိ မရှိ၊ သိချင်လျှင်.....
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့၏ နောက် ဆုံး ပန်းတိုင်သည် မြတ်နိဗ္ဗာန်ပင် ဖြစ်ပါတယ်။

နိဗ္ဗာန် ကို ရရောက် နိုင်ရန် အတွက် တရား ကျင့်ကြံ အားထုတ် ကြရပါတယ်။

တရားအားထုတ်ရာ၌ ကိုယ်ရဲ့ခံစားချက် ကိုယ့်ရဲ့အဆင့်နဲ့ ကြည့်ကာ ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘ၊ ဒေါသ၊ မာန်မာနတွေ ဣဿာမစ္ဆရိယ တွေကို သိနိုင်ပါတယ်။

ကိုယ့်သန္တာန်မှာ ဒီသဘာဝတရား တွေ ရှိနေသေး တယ် ဆိုရင် နည်းလာသလား ပိုဆိုးလာသလား?။

ကိုယ့်ကိုယ်ကို သိနိုင်ပါတယ်။ တရားကျင့်လို့
ရှိရင် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿာမစ္ဆရိယ တဖြည်းဖြည်း နည်းလာတယ်၊ လျော့လာတယ်ဆိုရင် တရား ရလာတယ်။

တက်လာတယ်လို့ သတ်မှတ်နိုင်ပါတယ်။

တရားနဲ့ ပတ်သက်လာရင် “အနုရုဒ္ဓသုတ်” ကို လည်း သတိထား ဆင်ခြင်သင့်ပါတယ်။

ရှင် အနုရုဒ္ဓါမထေရ်မြတ်ဟာ သာသနာ့ဘောင် ဝင်ပြီး ဝါတွင်းသုံးလကာလမှာ သမထကျင့်စဉ် တစ်ခုကို ကျင့်ကြံ အားထုတ်လိုက်တာ စျာန် အဘိဉာဏ် တွေ ရသွားပါတယ်။

ဒိဗ္ဗစက္ခု အဘိဉာဏ်မှာ ထူးထူးကဲကဲ အောင်မြင် သွားပါတယ်။

စကြဝဠာတစ်ထောင်ကို တစ်ထိုင်တည်းနဲ့ အာရုံ ပြုလိုက်လို့ရှိရင် အကုန်မြင်နေရပါတယ်။

အဲဒီလို သမထကျင့်စဉ်အောင်လို့ အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်ဟာ မသိမသာ အကုသိုလ် တရားတွေ ဖြစ်လာပါတယ်။

ရှေ့ဆက်ပြီး တရားကျင့်ပေမယ့် ရဟန္တာမဖြစ်ဘူး၊ မဖြစ်တဲ့အခါ ရှင်သာရိပုတ္တရာဆီ သွားမေး ပါတယ်။

 “အရှင်ဘုရား..တပည့်တော်မှာ စကြာဝဠာ တစ်ထောင် ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်။

တပည့်တော် မှာ သတိတွေလည်းကောင်းတယ်၊ သမာဓိ စွမ်းအား တွေ လည်း ကောင်းတယ်။ ဒါပေမယ့် ရဟန္တာ မဖြစ်ဘူးဘုရား၊ ကိလေသာ ကင်းကွာတဲ့သူ မဖြစ်ဘူးဘုရား။ ” 

အဲဒီလို ပြောတော့ ရှင်သာရိပုတ္တရာ မထေရ်မြတ်က... 
“ ငါ့ရှင်..အနုရုဒ္ဓါ စကြာဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်လို့ထင်နေတာ ကိုက မာန ပဲ ” 

မာန ဆိုတာ အကုသိုလ်၊ ဒီမာနလေး ခံနေသည့် အတွက်ကြောင့် ရဟန္တာ မဖြစ်ဘူး။ နောက်တစ်ခါ ရှင်သာရိပုတ္တရာက ထောက်ပြတယ်။

“ ငါ့မှာ သမာဓိတွေ အားကောင်းတယ်၊ သတိ လည်း ကောင်းတယ်၊ ဝီရိယတွေလည်း ကြိုးစား အားထုတ်တယ် ” 
ဒီလိုတွေးတာက ဥဒ္ဓစ္စ- စိတ်တွေလေလွင့်နေတာ၊ သမာဓိပျက်ပြားတာ၊ အဲဒီ အတွေးတွေ မဖျောက် လို့ ရှိရင် ရဟန္တာ မဖြစ်ဘူး။

“ ငါ.. .ကိလေသာကုန်တဲ့ ရဟန္တာ ဘာဖြစ်လို့ မဖြစ်ရသလဲ ” လို့ ပြောတာက ကုက္ကုစ္စပဲ။

အများသိနေတဲ့ ကုက္ကုစ္စက မလုပ်သင့်တဲ့ အလုပ် ကို လုပ်မိပြီး ပူပင်တာ ကုက္ကုစ္စပဲ။

လုပ်သင့်တာ မလုပ်မိလို့ ပူပင်တာလည်း ကုက္ကုစ္စပဲ။

ယခု ကုက္ကုစ္စဆိုတာ တခြား မဟုတ်ဘူး။“ကိလေသာကုန်တဲ့ရဟန္တာ ဘာလို့ မဖြစ်တာလဲ ” လို့ တွေးတာ...
ဒါလည်း ကုက္ကုစ္စပဲ။

ဒါဖြင့်.. ရှင်သာရိပုတ္တရာက အကြံပေးတယ် “ကိုယ် တော် ဒါတွေ တွေးမနေနဲ့၊နိဗ္ဗာန် တစ်ခုတည်းကို ဦးတည်ပြီးကျင့်ပါ ” 
လို့ အကြံပေးလိုက်တဲ့အခါကျမှ ရှင်အနုရုဒ္ဓါ ရဟန္တာ ဖြစ်သွားပါတယ်။

တရားဆိုတာ အလွန်သိမ်မွေ့ပါတယ်။

ဒါကြောင့်မို့ တရား ချစ်ခင်သူတော်စင် တို့ လက်တွေ့ ကျင့်သုံးရမယ့် တရားဓမ္မ၊သိထားရမယ့် တရားဓမ္မတွေ ကြားနာရလို့၊ဖတ်ရှုရလို့ ကိုယ်ရဲ့ အမူအကျင့်တွေစိတ်နေသဘောထားတွေပြောင်းလဲလာပြီး သူတော်စင် သူတော်မြတ်အဖြစ် ရောက်လာပြီဆိုရင် တရားရလာပြီ၊တရားတက်လာပါပြီ။ 

မာန၊ဣဿာ၊မစ္ဆရိယ အဲဒါမျိုးတွေ ပွားလာရင် ဒါ.. မမှန်ကန်သေးပါ။

တရား ချစ်ခင် ကျင့်ကြံ အားထုတ်နေသော ဓမ္မ မိတ်ဆွေ တို့ကလည်း ဓမ္မမှတ်ကျောက် ကို ကိုယ်စီ ဆောင်ထားပြီး...

ဗုဒ္ဓ မြတ်စွာ နဲ့ပတ်သက်လို့ အကုသိုလ် ဖြစ်ပွားစေတတ်တဲ့ အပြုအမူတွေကို ရှောင်ရှားပြီး...

မှန်ကန်တဲ့ လမ်းကြောင်းက လျှောက်လှမ်းကာ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက် ပြုနိုင် ကြပါစေသတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Friday, January 15, 2021

တန်ဖိုးရှိသောအသိ

တန်ဖိုးရှိသော အသိ
🌷🌷🌷🌷🌷🌷🌷
 
  အသိဟာ သိပ်အရေးကြီးပါတယ်။
အဲဒီ အသိဆိုတဲ့နေရာမှာ ဉာဏ်နဲ့ယှဉ်တဲ့ အသိကို ဆိုလိုတယ်။
စားဖို့ အသိ, အိပ်ဖို့ အသိ, မေထုန်မှီဝဲဖို့ အသိကို ဆိုလိုတာ မဟုတ်ဘူး။
အဲဒီအသိမျိုးကို `တိရစ္ဆာန်သိ` လို့ ခေါ်တယ်။
 
  လူဟူသည် ကောင်းမှုကိုလည်း သိရမယ်၊
မကောင်းမှုကိုလည်း သိရမယ်။ ယင်းသို့ သိသည့်အားလျော်စွာ ကောင်းမှုကို ပြုစုပျိုးထောင်ပြီး မကောင်းမှုကို ရှောင်ကြရမယ်။
ဒါကြောင့် ဉာဏ်နဲ့ယှဉ်တဲ့ အသိရှိလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ ဘဝလမ်းကြောင်းဟာ ဖြောင့်မတ်သွားပါလိမ့်မယ်။
 
   ပြစ်မှုတစ်ခုကို လွန်ကျူးထားသော ပုဂ္ဂိုလ်သည်လွန်ကျူးမှန်း သိပြီးသည့်နောက် တောင်းပန်ဝန်ချတယ်ဆိုရင် ရှင်ဒေဝဒတ်ကဲ့သို့ ကောင်းကျိုးသုခကို ရနိုင်ပါတယ်။
 
   သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့ရန် သေချာနေတဲ့ အဇာတသတ် ရှင်ဘုရင်ကြီးဟာ ဖခမည်းတော်ကို သတ်မိတယ်။
ဖခမည်းတော်ကို သတ်ပြီးတဲ့အချိန်မှာ စားလို့လည်း မဝင်တော့ဘူး၊ အိပ်လို့လည်း မပျော်တော့ဘူး။
 
  သောကရဲ့ ဒဏ်ကို အလူးအလဲ ခံနေရတဲ့
ထို အဇာတသတ်မင်းကြီးကို ဆရာဇီဝကက
တန်ဆောင်းမုန်းလပြည့်နေ့မှာ ဘုရားဆီပို့ပေးလိုက်သောကြာင့် အဇာတသတ်ဟာ သာမညဖလသုတ္တာန်တရားကို နာလိုက်ရတယ်။
 
  တရားနာလဲပြီးရော မြတ်စွာဘုရားကို
တောင်းပန်ဝန်ချ ကန်တော့တယ်။
အဲဒီတော့ ဘုရားက ဘာပြောသလဲ …
`မင်းကြီး အပြစ်ကို အပြစ်မှန်း သိလို့ ဝန်ခံခြင်းသည်
ကြီးပွားခြင်း၏အကြောင်းပဲ၊ နောက်နောင်
မလွန်ကျူးမိအောင် စောင့်ရှောက်ပေါ့` လို့ မိန်တော်မူလိုက်တယ်။
ဒီလို တောင်းပန်လိုက်တဲ့အတွက်ကြောင့် အဇာတသတ်ဟာ 'ပစ္စေကဗုဒ္ဓ` ဖြစ်အုံးမယ်။
 
လူတိုင်းလူတိုင်းရဲ့ နှလုံးသားထဲမှာ
ကုသိုလ်ကောင်းမှုမျိုးစေ့တွေ, သူတော်ကောင်းမျိုးစေ့တွေ ရှိကြတယ်။ သူတော်ကောင်းမျိုးစေ့ ဖြစ်နိုင်ခွင့်ရှိတဲ့ ဒီဘဝမှာ အခွင့်အရေး ဆုံးရှုံးမသွားအောင်, မိမိတို့ရဲ့ နှလုံးသားမှာ ကိန်းအောင်းနေတဲ့ သူတော်ကောင်းမျိုးစေ့ကို သေမသွားအောင် ဉာဏ်နှင့်ယှဉ်သော အသိဖြင့် ထိန်းထားကြရမယ်။
 
 
သီတဂူဆရာတော်ဘုရား..
 
(သစ္စာနှင့် မေတ္တာ တရားတော်မှ)
 
Credit;

Wednesday, January 13, 2021

မေတ္တာသက်လုံ. ၆မျိုး..

" မေတ္တာသက်လုံ (၆)မျိုး "
💚💚💚💚💚💚💚

၁။ အားသက်လုံပျက်တဲ့ နွားဟာ ပါးစပ်
ကအမြှပ်ထွက်လွယ်ပြီး လေးလံတဲ့၀န်ကို 
မသယ်နိုင်လို့ ဒုက္ခရောက်တတ်ပါတယ်။

၂။ မေတ္တာသက်လုံပျက်တဲ့ လူဟာလည်း 
ဒေါသအမြှပ်ထွက်လွယ်ပြီး စိတ်ဆိုးတတ်
ဖို့ ခန္တီ၀န်ကို မနိုင်ဖြစ်တတ်ပါတယ်။

၃။ အလောဘ သက်လုံပျက်တဲ့လူဟာ
လည်း ရာဂအမြှပ်ထွက်လွယ်ပြီး သမာဓိ
၀န်ကို မနိုင်ဖြစ်တတ်ပါတယ်။

၄။ အမောဟ သက်လုံပျက်တဲ့လူဟာလည်း 
မောဟအမြှပ်ထွက်လွယ်ပြီး ဥာဏ်ထိုင်းမှိုင်း
လို့ ဝိပဿနာ၀န်ကို မနိုင်ဖြစ်တတ်ပါတယ်။

၅။ ဟီရိသြတ္တပ္ပ သက်လုံပျက်တဲ့လူဟာ
လည်း ကိလေသာ အမြှပ်ထွက်လွယ်ပြီး 
အရှက်အကြောက်မရှိလို့ သီလ၀န်ကို 
မနိုင်ဖြစ်တတ်ပါတယ်။

၆။ သဒ္ဓါတရား သက်လုံပျက်တဲ့လူဟာ
လည်း မစ္ဆေရ အမြှပ်ထွက်လွယ်ပြီး နှမြော
တွန့်တိုလို့ ဒါန၀န်ကို မနိုင်ဖြစ်တတ်ပါတယ်။

(ရာဇဂုရု၊ တတိယမောင်းထောင် ဆရာတော်ကြီး)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

သုတေသီဘုန်းမြင့်သွေး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

poemflower 

🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
ဧရာဝတီစာကြည့်တိုက်

ကောင်းမှုဟာ လူ့ဘဝရဲ့ အနှစ်သာရ

ကောင်းမှုဟာလူ့ဘဝရဲ့အနှစ်သာရ..
ဘယ်သူနဲ့နေနေ ကုသိုလ်ရအောင်နေပါ။

လူ့ဘဝရဲ့အနှစ်သာရက ကောင်းမှုတရား..
ဒီဘဝကို ရောက်လာကြတာဟာ အမေက မွေးဖွားလို့ရောက်လာတယ်ဆိုတာကစကားအနေနဲ့ ပြောတာ..။

အမေက မွေးဖွားပေးနိုင်လောက်အောင် အမေ့ဆီ ရောက်လာတာက ကောင်းမှုကုသိုလ် ကံတရားက ပို့လိုက်တာ။

အဖေတို့ အမေတို့နဲ့ လာပြီးတော့ ဘဝရေစက်
ဆုံတာဟာကိုယ့်မှာ ကောင်းမှုကုသိုလ်ကံပါလာလို့။

ယခုလို စာသင်တိုက်ကြီးတွေမှာ ဆရာနဲ့ တပည့်
ဆုံတွေ့ကြရတာဟာလည်း ကောင်းမှုကုသိုလ်ကံ
ကြောင့်ပဲ။

ကောင်းမှုကုသိုလ်ကံ အရှိန်အဝါကြောင့်လူဖြစ်လာတာဆိုတော့ နေတုန်းလည်း ကောင်းမှုကုသိုလ်တရားနဲ့ နေနိုင်အောင်၊ အပြန်ကျတော့လည်း ကောင်းမှုကုသိုလ်ကံတရားအပြည့်အဝနဲ့ ပြန်နိုင်အောင် ကြိုးစားကြရမှာ။

လာတုန်းကလည်း ကောင်းမှုကုသိုလ်ကံတရားနဲ့ လာတယ်။ နေတော့လည်း ကောင်းမှုကုသိုလ်ကံတရားနဲ့ပဲ နေနိုင်တယ်။ အပြန်ကျတော့လည်း 
ကောင်းမှုကုသိုလ်ကံ တရားနဲ့ပဲပြန်နိုင်တယ်။
ဒါဆိုရင် လူ့ဘဝ လူဖြစ်ကျိုး နပ်ပြီပေါ့။

လူမမာဟာ ဆေးထိန်းလေးနဲ့ နေရသလိုကိလေသာထူပြောတဲ့ ပုထုဇဉ်တွေဟာလည်း ကုသိုလ်တရားအထိန်းလေးနဲ့ နေရတာ။

ကုသိုလ်တရားအထိန်းလေး လျော့သွားတာနဲ့ကိလေသာရောဂါတွေ သည်းပြီးတော့ကိုယ့်ဟာကိုယ်တစ်ယောက်တည်း နေတော့လည်း 
မချိမဆန့် ပူလို့လောင်လို့၊အများနဲ့ နေတော့လည်း ဟိုဟာ မကျေနပ် ဒီဟာမကျေနပ်တရှူးရှူး တရှဲရှဲ အကုသိုလ်တွေ ပွားပြီးတော့ နေတယ်။

ကုသိုလ်ဆေးထိန်း လျော့နေလို့ ကိလေသာရောဂါတွေသည်းနေတာကိုး။ ကိလေသာရောဂါ သက်သာအောင်ကောင်းမှုကုသိုလ်ဆေးလေး အမြဲမှီဝဲနေရတာ ကောင်းမှုကုသိုလ်ဆေးကို အမြဲမှီဝဲပေးနိုင်မှ တော်ကာကျတာတရားဟာ ဆေးပဲ။

ကောင်းမှုကုသိုလ်တရားဟာ လူ့ဘဝရဲ့ အနှစ်သာရဖြစ်တာကြောင့် တစ်ယောက်တည်း နေတော့လည်း သတိလက်ကိုင်ပြုပြီးတော့ ကုသိုလ်တရားနဲ့ နေနိုင်အောင်အမြဲကြိုးစား။ 

အများနဲ့နေတော့လည်း ခန္တီ-မေတ္တာ လက်ကိုင်ပြုပြီးတော့ ကုသိုလ်ရအောင် အမြဲကြိုးစား။

ဘယ်သူနဲ့နေနေ ကုသိုလ်ရအောင်နေ။သာသနာတွင်းမှာ ကုသိုလ်မရနိုင်တဲ့ နေရာလို့မရှိဘူး။
သတိဉာဏ်ရှိရင်ရှိသလောက် နေရာတိုင်းမှာကုသိုလ်ထုပ်တွေဟာ အရံသင့် ကောက်ယူရုံပဲ။

(တိပိဋက ယောဆရာတော်ဘုရားကြီး သြဝါဒ)

 Crdး ဦးဓမ္မသာရ(ဆေးသဲ့တောင်)

ပန်းတိုင်အရောက်သွား

#ပန်းတိုင်အရောက်သွား
=================

တရားနဲ့နေသူတို့ရဲ့ အဆုံးသတ်ပန်းတိုင်က 
မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ဖြစ်ပါတယ်။

မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ရတဲ့
အထိ အားထုတ်ရပါတယ်။

ခရီးသွားတစ်ယောက်ဟာ ကိုယ်သွားရမယ့်
လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မသွားဘဲနဲ့ 

လမ်းခရီး မြင်တွေ့နေရတာတွေကို
ငေးမောနေရင် ခရီးမတွင်ပါဘူး။ 

လိုရာကို မြန်မြန်ဆန်ဆန် 
မရောက်ပါဘူး။ ခရီးဖင့်ပါတယ်။

အဲဒီလိုပဲ… မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ 
မပေါ်ခင်မှာ နိဗ္ဗာန်ကို မတွေ့မြင်ခင်မှာ 

ဘယ်လိုအာရုံတွေပဲလာလာ 
ဘယ်လောက်ပဲ ချမ်းသာချမ်းသာ 

မိန်းမော ယစ်မူးမသွားအောင်
သတိထားရပါမယ်။ ဆက်ပြီး မရှုမှတ်ရင် 
မသိမသာလေး  လမ်းလွဲသွားတတ်ပါတယ်။

ပန်းတိုင်ကိုမေ့ပြီး လမ်းမှာတင်
ရပ်နေတတ်ပါတယ်။

တရားကြောင့် ရရှိလာတဲ့ 
နှစ်သက်ရွှင်လန်းတဲ့ "ပီတိ" 

ချမ်းသာတဲ့ သုခတွေကို ခံစားနေရတဲ့
အချိန်ဟာ အင်မတန် အရေးကြီးတဲ့အချိန်ပါ။

ဆက်လက်ရှုမှတ်ရင် အသိဥာဏ်တွေ 
ပေါက်ပေါက်ရောက်ရောက်ဖြစ်မယ့် အချိန်

မရှုမှတ်နိူင်ရင် နောက်ကိုပြန်လန်ကျမယ့်
အချိန်မို့ အထူးသတိထားပြီး အရှုခံ ရုပ်
နာမ်တွေကို ဆက်ပြီး ရှုမှတ်ပါ။

#အဆင့်ဆင့်ဥာဏ်ဝင်
••••••••••••••••••••

ရုပ်နာမ်ကို ရှုမှတ်ရာမှာ ရုပ်နာမ်ရဲ့သဘော
လက္ခဏာတွေကိုသိလာ ရုပ်နာမ်ရဲ့ဖြစ်ပျက်
ခြင်းတို့ကို မြင်လာတဲ့အခါ ရှုကွက်တွေဟာ 
ပိုမိုထင်ရှားလာပါပြီ။

အလွန်လျှင်မြန်တဲ့ ရုပ်နာမ်သဘောတွေကို
ကြည့်ရင်း ရှုရင်းမှပဲ "အဆက်မပြတ်အောင်
ပျက်ပြီးရင်း ပျက်ရင်း ဖြစ်နေတယ်" လို့သာ
နားလည်လာပါတယ်။

"ပစ္စုပ္ပန် ရုပ်နာမ်တွေဟာ အပျက်တရား
တွေပဲ၊ တဖွဲဖွဲနဲ့သာ ပျက်နေတယ်"လို့ သိပြီးတဲ့နောက်မှာ …

"ရှေးတုန်းကလည်း အပျက်တွေပဲ။ နောင်ကို
လည်း ပျက်ရဦးမှာပဲ။ ယခုလည်း ပျက်နေ
တာပဲ "လို့ သိမြင် ကြောက်ရွံလာပါတယ်။

ကြောက်စရာလို့သာ ရှုမြင်လာပါတယ်။
အပြစ်မြင်တော့ မပျော်ရွှင်ဘဲ ငြီးငွေ့လာ
ပါတယ်။

ငြီးငွေ့တဲ့အလျောက် လွတ်မြောက်ချင်တဲ့
စိတ်တွေ ဖြစ်လာပါတော့တယ်။ ပေါ်လာပါ 
တော့တယ်။

လွတ်မြောက်လိုစိတ်နဲ့ ဆက်လက်ရှုမှတ်တဲ့
အခါမှာတော့  နောက်ဆုံးအဆင့်မှာ မဂ်ဥာဏ်
ဖိုလ်ဥာဏ်များ ဖြစ်ပေါ်ဖို့သာ ရှိပါတော့တယ်။

နိဗ္ဗာန်လမ်းဟာ 
ဖြောင့်တန်းနေ ရှင်းလင်းနေပါပြီ။ နိဗ္ဗာန်ကို
မျက်မှောက်ပြုဖို့ အဆင့်သင့် ဖြစ်နေပါပြီ။

မဂ္ဂင်တရားတွေ ပြည့်စုံတာနဲ့ မဂ်စိတ်
ပေါ်လာရင် မဂ္ဂင်ယာဉ်ပျံကို စီးနင်းပြီး
နိဗ္ဗာန်ရွှေပြည်ကို ဝင်ရောက်သွားတော့မှာပါ။

#မဂ်စိတ်ဖြစ်လာ
•••••••••••••••

တစ်လှမ်းပြီး တစ်လှမ်း မှန်မှန်သွားနေ
ရသူမှာ တစ်ချိန်ချိန်မှာတော့ လိုရာကို
ရောက်သလို…

မလျှော့သော ဇွဲလုံ့လနဲ့ အားထုတ်ခဲ့သူဟာ 
ရှုမှတ်အားထုတ်လို့ မဂ္ဂင် ၈ပါး မြတ်တရား
များ ပြည့်စုံလာတဲ့အချိန်မှာတော့…

ပူပန်မှု နှိပ်စက်မှုတွေကို ဖောက်ခွဲနိူင်
အိုခြင်း သေခြင်းတွေကို ဖျက်ဆီးနိူင်တဲ့ 
မဂ်စိတ် ဖြစ်ပေါ်လာပါတယ်။

မဂ်စိတ်ဖြစ်လာတယ်ဆိုရင်ပဲ ဒုက္ခသစ္စာကို
သိမြင်သွားပါတယ်။ သမုဒယ သစ္စာကို 
ပယ်ခွာလိုက်ပါတယ်။ 

နိရောဓသစ္စာကို မျက်မှောက်ပြုပါတယ်။ 
မဂ္ဂသစ္စာကို မိမိသန္တာန်မှာ ဖြစ်ပါစေတယ်။

ပြုသင့်ပြုထိုက်တဲ့ ကိစ္စတွေအားလုံး ပြီးစီး
သွားပါတယ်။ ပုထုဇဉ်ဘဝကနေ သောတာပန်
ဆိုတဲ့ အရိယာဘဝကို ရောက်ရှိသွားပါတယ်။

အဆင့်ဆင့် ဆက်လက် အားထုတ်လို့ 
လေးမဂ်လေးဖိုလ် ရပြီးတဲ့အခါမှာတော့ 

အာသဝေါတရားတွေ အားလုံးကင်းကွာပြီး
ရဟန္တာအဖြစ်ကို ရောက်ပါတော့တယ်။

အဲဒီအခါကျမှတော့ လိုချင်တဲ့တရား
ရချင်တဲ့ တရားတွေ ရပါပြီ။ မဂ်ဥာဏ်
ဖိုလ်ဥာဏ်တွေနဲ့  အလုံးစုံပြည့်စုံပါပြီ။ 

နိဗ္ဗာန်ချမ်းသာကိုလည်း
မျက်မှောက်ပြုနိူင်ပါပြီ။

ကိလေသာတွေ တိုက်ဖျက်နိူင်လို့ 
အောင်ပွဲခံနိူင်သူ အစဉ်အမြဲ တရားနဲ့
နေသူ တစ်ယောက်ဖြစ်သွားပါပြီ။

#ဒီဘဝမှာမရရင်တောင်
••••••••••••••••••••••

ဘယ်လိုပင် ကြိုးစားအားထုတ်ပေမယ့်
ဒီဘဝမှာ တရားမရရင်တောင် တရားနဲ့
နေသူအတွက် အရှုံးမထွက်နိူင်ပါဘူး။ 

ကိုယ့်တရား အားကိုးရှိတာမို့ လောကဓံ
အရိုက်အပုတ် အထုအထောင်းတို့ကို
ခံနိူင်ရည် ရှိသွားပါတော့တယ်။

အာရုံငါးပါး ကာမဂုဏ်တရားတို့ကို အစွဲ
အလမ်း ပြင်းထန်စွာ မဖြစ်တော့တာမို့

စွဲလမ်းမူတွေကို ပယ်ခွာနိူင်သလောက်
အပူသောကများ ငြိမ်းအေးသွားပါတယ်။

အကုသိုလ် ဒုစရိုက်များမဖြစ်ပွားအောင်
စောင့်စည်းနိူင် ပိတ်ဆို့နိူင် ကာကွယ်နိူင်တဲ့
အတွက် အကုသိုလ်ဖြစ်မှုများ နည်းပါးသွား
ပါတယ်။

ဒီဘဝကနေ နောင်ဘဝ ပြောင်းတဲ့အခါမှာ 
သံသရာ ရေစုန်မမျောတော့ဘဲ အထက်တန်း
ကျတဲ့ သုဂတိဘဝကို သေချာပေါက် ရနိူင်ပါ
တယ်။

တရားနဲ့နေသူဟာ မကြာမီဘဝမှာပဲ 
မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ ပေါ်ပေါက်နိူင်တာမို့

သံသရာ ဝဋ်ဆင်းရဲမှ လျင်မြန်စွာ
လွတ်မြောက်နိူင်ပါတော့တယ်။ 

ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ကို
ဝင်စံသွားနိူင်ပါတော့တယ်။

#ခုရောနောင်ပါ
••••••••••••••

ခုဘဝမှာရော နောင်ဘဝမှာပါ ကောင်းကျိုး 
အဖြာဖြာကို ရချင်တဲ့သူဟာ တရားလက်လွတ်
နေလို့ မရပါဘူး။ တရားမေ့နေလို့ မရပါဘူး။ 

တရားမေ့နေသူတို့အတွက် အပါယ်လေးဘုံ
ဟာ ကိုယ့်အိမ် ကိုယ့်ယာလို စောင့်ကြိုနေမှာမို့
အစဉ်သတိရှိပြီး တရားအလုပ်ကို အားထုတ်ရ
ပါမယ်။

သွားလာလုပ်ကိုင်ရင်း တတ်နိူင်သမျှ
တရားနှလုံးသွင်းရပါမယ်။

တစ်ဘက်က မလွဲသာ မကင်းသာတဲ့
အိမ်ထောင်တာဝန်၊ ခန္ဓာတာဝန်တွေ ထမ်းရင်း
တရားအလုပ်တွေကို ကြိုးပမ်းနေရပါမယ်။

တရားနဲ့နေကြမယ်ဆိုရင်ဖြင့် တရားနဲ့
နေသူကို တရားက ဘေးဒုက္ခအပေါင်းက
ကယ်တင်သွားပါလိမ့်မယ်။

အားကိုးအဖြစ် တရားဓမ္မကို လက်ကိုင်ပြုပြီး
ဘဝဒုက္ခအပေါင်းမှ လွတ်မြောက်နိူင်ကြပါစေ
လို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ

Credit: 

ကုသိုလ်ပဲလုပ်

ဒီဘ၀ ပြီးသွားရင် 
ဘယ်ဘဝ ရောက်မယ် ဆိုတာ 
သာမန် ပုထုဇဉ်တွေ မသိနိုင်ဘူးပေ့ါ …

မြတ်စွာဘုရား တရားတော်တွေ 
တို့တတွေ နာခွင့်ရကြတယ် …

တရားတော်တွေ ဆိုတာ 
ရောဂါပျောက်အောင် ကုသနိုင်တဲ့ 
ဆေးနဲ့အလားတူပါတယ် …

ဆေး ဆိုတာ မသောက်ဘဲနဲ့ 
နေလို့ရှိရင်တော့ ရောဂါ မပျောက်နိုင်ပါ …

ရောဂါ ပျောက်ချင်ရင် 
ဆေးကို မှန်မှန် သောက်ရတယ် …

တရား ဆိုတာလည်း 
ဘ၀မှ လွတ်မြောက်အောင် မှန်မှန်နှလုံးသွင်းရပါတယ် …
         
ကိုယ့်စိတ်ထဲမှာနှလုံးသွင်းခြင်းဖြင့် 
စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ 
စိတ်ရဲ့ အညစ်အကြေးတွေဟာ 
တဖြည်းဖြည်း သန့်စင်ပြီးတော့ …

နောက်ဆုံးမှာ …

ကိုယ့် စိတ်ဟာ ကြံ့ခိုင်တဲ့ 
စိတ်ဓာတ်မျိုးကို ရလာပါမယ် …

ကိုယ့် စိတ်ဓာတ်ကို ကြံ့ခိုင်လာအောင် 
ကိုယ်ဘဲ လုပ်ရပါတယ် …
         
အဲဒါကြောင့် …
    
မြတ်စွာဘုရားက 
" အတ္တာဟိ အတ္တနော နာထော " လို့ 
ကိုယ် လုပ်မှ ကိုယ်ရတယ် ဆိုတာ 
အင်မတန်မှ လက်တွေ့လည်း ကျပါတယ် …

တရားဟာ မိမိရဲ့ ဘ၀ပဲ
ကိုယ့် ဘ၀ပဲ …

တရားလို့ပြောလိုက်တာနဲ့ 
စီးပွား၊ ရာထူး၊ သားသမီး၊ ဇနီးမယားကို စွန့်ပြီး …

အမျိုးသမီးတွေက မယ်သီလရှင် ၀တ်ဖို့ 
အမျိုးသားတွေက ဘုန်းကြီး ၀တ်ဖို့ မလိုဘူးပေါ့ …

မိသားစုနဲ့ နေရင်းလည်း 
တရား ရနိုင်ပါတယ် …

ကျင့်ဖို့ရာ အဓိက ဖြစ်ပါတယ် …

" နှလုံးသွင်း တရား "  ဟာ 
အင်မတန်မှ အရေးကြီးပါတယ် …
         
မြတ်စွာဘုရားလက်ထက်တုန်းက 
မိသားစုနဲ့ နေရင်း 
သောတာပန်  သကဒါဂါမ်  အနာဂါမ်တွေ
ဖြစ်တာရှိပါတယ် …

အနာဂါမ် ဖြစ်သည် အထိအောင် တောင်မှ 
မိသားစု အသိုင်းအ၀န်းထဲမှာ ရှိနေသေးပါတယ် …

နောက်ဆုံး ရဟန္တာ ဖြစ်သွားရင်တော့ 
သူက မိသားစုနဲ့ မနေတော့ဘူးပေါ့ …

အဲဒီလို တရားဆိုတာ 
ဘယ်လို ပုဂ္ဂိုလ်ဘဲ ဖြစ်ဖြစ် 
ကျင့်တဲ့ ပုဂ္ဂိုလ်မှာ ရနိုင်ပါတယ် …
         
ပစ္စည်း သံယောဇဉ်   
သား သံယောဇဉ် 
သမီး သံယောဇဉ် ဆိုတော့ …

ပစ္စည်းကို စွန့်ရမှာလား ?
သားကို စွန့်ရမှာလား ?
သမီးကို စွန့်ရမှာ လားလို့ 
လူတွေက ထင်နေကြတယ် …

ဘယ်ဟာမှ စွန့်စရာ မလိုပါဘူး …

စွန့်ရမှာက ကိုယ့် စိတ်ထဲမှာ ဖြစ်နေတဲ့ 
" တွယ်တာမှု " ကို စွန့်ရမှာပါ …

အတွယ်အတာ မရှိဘဲနဲ့ နေတာ 
မတ်တောနဲ့ နတောပါ...... 

အဲဒီတော့ …
      
သား စွန့်ဖို့လည်း မလိုပါ 
သမီး စွန့်ဖို့လည်း မလိုပါ 
ရာထူး စွန့်ဖို့လည်း မလိုပါ 

" တွယ်တာမှု " ကိုဘဲ စွန့်ဖို့ လိုပါတယ် …
         
အဲဒါကြောင့်မို့လို့ …
    
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ 
တရားတော်တွေဟာ …

သတိသမ္ပဇည တရား ကိုယ့်သန္တာန်မှာ 
ဖြစ်ပွားအောင် ကြိုးစားပြီးတော့ 
အမှန်အကန် သိမယ်ဆိုရင် …

ဘ၀မှာ နေပျော်ပြီး 
နောက်ဆုံးမှာ ဘ၀က လွတ်မြောက်တဲ့ 
နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ 
ဖြစ်တယ်  လို့

ကိုယ်စီ ကိုယ်စီ သဘောကျကာ 
ကျင့်ကြံ အားထုတ် နိုင်ကြပါစေကုန်သတည်း …

(ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ 
Credit;to
(အမှောင်ပျောက်၍ အလင်းရောက်ပါစေ)။

ကုသိုလ်ကံမပါလို့ရှိရင်

“ကုသိုလ်၊ကံ မပါလို့ရှိရင် "
•••••••••••••••••••••••••••••••••••••••••

ဘုန်းကြီးတစ်ခု ပြောပြချင်တယ်။
မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးဟာ 
အနန္တတန်ခိုးရှင်ဖြစ်ပေမယ့်လို့ လူတစ်ယောက်ဒုက္ခရောက် နေလို့ရှိရင် ...
အကုသိုလ်ကံတွေက ကြီးမားလွှမ်းမိုးလာတဲ့ 
ပုဂ္ဂိုလ်ကို မြတ်စွာဘုရား ကယ်လို့မရဘူး။
မကယ်နိုင်ဘူး။

❖“ကုသိုလ်” မပါရင်လည်း
မြတ်စွာဘုရားက မ,မစနိုင်ဘူး။ 
လောကမှာ ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေအလိုက် တချို့ပုဂ္ဂိုလ်တွေက မ,တဲ့ဘုရားကို ကိုးကွယ်ကြတယ်။
ဘုရားသခင်က မ,တယ်နဲ့ ပြောကြတယ်။
တကယ်ကတော့ ဘုရားသခင် မ,တာ မဟုတ်ဘူး။
ကံက မ,တာ နော်။ကိုယ်လုပ်ခဲ့တဲ့ကံက မ,တာ။
တလွဲသွားပြီးတော့ လွဲမှားစွာ ထင်နေမယ်ဆိုလို့ရှိရင် ဒါလည်း မှားယွင်းတဲ့အမြင်တစ်ခုပဲနော်။
ကိုယ့်ကို တကယ် မ,တာက ဘုရားမဟုတ်ဘူး။
ကံတရားပဲ ဖြစ်တယ်။ 

❖ကြည့်လေ - မြတ်စွာဘုရားသခင် 
ကိုယ်တော်မြတ်က တရားဓမ္မဟောလို့ တရားထူး၊
တရားမြတ် ရသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို 
“ဧဟိ ဘိက္ခု-ချစ်သား ရဟန်း လာခဲ့”လို့ သာသနာတော်မှာ ဖိတ်ခေါ်လိုက်တဲ့အခါမှာ လူ့အသွင်ပျောက်ပြီးတော့ ရဟန်းအသွင် ရောက်လာတယ်ဆိုတာ ပရိက္ခရာရှစ်ပါး
လှူပြီးတော့ ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မှ ရတာ။
လူတိုင်းကို လုပ်ပေးချင်လို့ မရဘူး။
အကယ်၍သာ ရရင် မြတ်စွာဘုရားက ကရုဏာရှင် ဖြစ်သည့်အတွက်ကြောင့် လူတိုင်းကို ချမ်းသာအောင် လုပ်ပေးမှာပေါ့။ဒါဖြစ်နိုင်ပါ့မလား။မဖြစ်နိုင်ပါဘူး။

❖ကံမပါလို့ရှိရင် ဘာမှကို ကယ်တင်လို့ မရဘူး။ 

❖ပုံဝတ္ထုလေးတစ်ခု ရှိတယ်။
သိပ်ဆင်းရဲနေတဲ့ လူတစ်ယောက်ကို မ,ချင်တယ်။
မ,ချင်တော့ ဘယ်လို လုပ်တုန်းဆို အဲဒီလူက ဒီလမ်းကနေ အမြဲတမ်း သွားတယ်။သွားတိုင်းသွားတိုင် သူက အပေါ်မော့်ပြီး သွားလေ့ရှိတယ်။ဒါ့ကြောင့်မို့သူမြင်အောင်လို့ ဆိုပြီး အဲဒီပစ္စည်းလေးကို အပေါ်မှာ ချိတ်ထားတယ်။အဲဒီနေ့ကျတော့ ဘာလုပ်သွားလဲ။ငုံ့သွားတယ်။

❖ဪ ဒီကောင် ငုံ့သွားတာပဲဆိုပြီး
နောက်ရက်ကျတော့ အောက်ချထားပေးတယ်။
အဲဒီကျတော့ မော့သွားပြန်ရော။ 

❖ကံမရှိတဲ့လူကျတော့ ကြံဖန်ပြီးတော့ကို 
လွဲမှာပဲ၊ ဟုတ်လား။ကူညီချင်လို့ မရဘူး။
ကံက မပေးရင် ဘာမှ မရဘူး။
ဒါ့ကြောင့် ကံကောင်းအောင်သာ လုပ်ပေးလို့ ရတယ်။ 

❖“မာဃလုလင်” ရဲ့ ဝတ္ထုကို ဖတ်ဖူးကြပါလိမ့်မယ်။
မာဃလုလင်ဘဝက အငယ်ဆုံးဇနီးကို သုဇာတာလို့ခေါ်တယ်။သုဇာတာဟာ သူ့ကိုယ်သူ ဖြီးလိမ်း အလှပြင်ပြီး နေတာ။ကုသိုလ်ကောင်းမှု လုံးဝမလုပ်ဘူး။
မလုပ်တဲ့အခါ သေတော့ ဘာသွားဖြစ်တုန်းဆို ဗျိုင်းမ သွားဖြစ်တယ်။သိကြားမင်းကြီးက အဲဒီဗျိုင်းမကို နတ် ဖြစ်အောင် သူလုပ်မပေးနိုင်ဘူး။
ဘာလုပ်တုန်းဆိုရင် နည်းလမ်း ပေးတယ်။
ဗျိုင်းဆိုတာမျိုးကလည်းပဲ ငါး သတ်စားတဲ့တိရစ္ဆာန်မျိုးပဲ။
ပါဏာတိပါတကံ ကျူးလွန် တဲ့အကောင်မျိုး။
“ပါဏာတိပါတာ ဝေရမဏိ” သီလ ဆောက်တည်ခိုင်းတယ်။
သိကြားမင်းက သူ့ဆီကို ခေါ်ချင်တာ။
ဒီအတိုင်း ခေါ်လို့မရဘူး။ဘာလုပ်ရလဲ၊ သီလကျင့်ရတယ်။ 

သီလကို ဆောက်တည်တဲ့အခါ ဗျိုင်းဘဝက
လွတ်ပြီး လူ့ဘဝရောက်လာတယ်။
လူ့ဘဝရောက်တော့ သိကြားမင်းက လိုက်ပြီး စောင့်ရှောက်တယ်။
နတ်ပြည်မှာဖြစ်အောင် သီလကို ဆောက်တည်ခိုင်းတာတဲ့။
သီလကို ခိုင်ခိုင်မာမာ ဆောက်တည်လိုက်ပြီ ဆိုတော့မှ သူဟာ တတိယဘဝမှာ နတ်ပြည်ရောက် သွားတာလေ။
အဲဒီတော့ ဘာလုပ်ရမတုန်းဆို “ကုသိုလ်” ပဲ လုပ်ရတယ်။

-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】

သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ
Credit;to

နီးကပ်ရင် မီးဟပ်တယ်

နီးကပ်ရင် မီးဟတ်တယ်
🥀🥀🥀🥀🥀🥀🥀🥀

အကုသိုလ်ကြီးမားတဲ့သူနဲ့ အတူတွဲခဲ့မိလို့အရှင်သာရိပုတ္တရာတောင်  ဆွမ်းမရခဲ့ဘူး--

 ငါးတွေကို အတူဆေးချပြီးသတ်ခဲ့လို့
သာကီဝင်းသားတွေ သေခဲ့ရဘူးတယ်။

နွားကျောင်းသားတွေ တောထဲမှာ ဖွတ်ကြီးတစ်ကောင်တွေ့တော့
စိတ်တူကိုယ်တူ ဖွတ်ဝင်သွားတဲ့တောင်ပို့ကို ပိတ်ခဲ့ဘူးတဲ့
အကုသိုလ်ကြောင့် ရဟန်းဖြစ်တော့ 
တောထဲမှာ ညခဏဝင်အိပ်ကြတာ ဂူ က အလိုလို ပိတ်သွားလို့
အကုသိုလ်အကြွေးတွေ ဆပ်ခဲ့ရဘူးတယ်။

အကုသိုလ်ကြီးမား တဲ့ အမျိုးသမီးတစ်ယောက်ကြောင့်ရေလည်ခေါင်မှာ ချာချာလည်ပြီး ရှေ့့ဆက်မရတဲ့အတွက် အကုန်လုံးစိတ်သောက ရောက်ခဲ့ရဘူးတယ်။

တကယ်တော့ သတ္တဝါတွေဆိုတာ စိတ်ဓာတ်တူရာ ပေါင်းကြတာပါပဲမဟုတ်လား-
ရေ ရေ ခြင်း ရောသလို ဆီ ဆီခြင်းပဲ ရောကြတာပါပဲ။

ရခဲလှတဲ့လူ့ဘဝလေးမှာ နေရတဲ့အချိန်လေးက ခဏလေးပါ  အလင်းက လာခဲ့ပေမယ့် အမှောင်ထဲကျသွားရင်တော့ ပေးဆပ်ရတာ မတန်ဘူးနော်။

စိတ်ကောင်းရှိတဲ့သူတွေနဲ့နီးအောင်နေ
ကုသိုလ်တရားတို့ကို  တိုးပွားအောင်ကြိုးစား။

အကုသိုလ်ကံ ကြီးမားတဲ့သူနဲ့ ဝေးအောင်ရှောင်။
အကုသိုလ်ကံဆိုတာ နီးကပ်ရင်မီးဟတ်တယ်။

🌹🌹ဖြေဆည်ရာဆရာတော်🌹🌹

Credit....

မိမိသာယူသူဖြစ်၏

ရောင့်ရဲတင်းတိမ် မြတ်စည်းစိမ်
_____________________________

           မွန်မြတ်တဲ့တရားကိုလိုလားတဲ့ သူတော်ကောင်း
ဟာ ရတတ်သမျှ ရှိသမျှ ဖြစ်လာသမျှနဲ့ ကျေနပ်ရောင့်ရဲ
တင်းတိမ်နိုင်ရပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက သန ္တု
ဿကော စ လို ဟောတော်မူထားပါတယ်။ ရသမျှ စားစ
ရာ ဝတ်စရာ နေစရာတွေနဲ့ မရောင့်ရဲ မကျေနပ်နိုင်တဲ့သူ
ဟာ ရှာရဖွေရ ကြောင့်ကြစိုက်နေရတဲ့အတွက်ကြောင့် ရှာ
ဖွေလို့မရတဲ့အခါ စိတ်ဆင်းရဲရပါတယ်။ ရပြန်တော့လည်း 
ဒီထက်ပိုရအောင် ရှာဖွေပြန်သေးတယ်။

        ရှာဖွေတဲ့အခါ ထင်သလိုမရတော့ စိတ်ဆင်းရဲ ပင်ပ
န်းရတဲ့သူဟာ မေတ္တာစိတ်ဘယ်လိုလုပ်ပြီး  ဖြစ်တော့မှာ
လဲ၊ ရသမျှနဲ့ရောင့်ရဲ ရှိတာနဲ့တင်းတိမ်တဲ့သူဟာ ပစ္စည်းဥ
စ္စာနဲ့ ပတ်သက်ပြီးဖြစ်စေ ပုဂ္ဂိုလ်တစ်စုံတစ်ယောက်နဲ့ပတ်
သက်ပြီးဖြစ်စေ စိတ်ဆင်းရဲမှု စိတ်ဆိုးစိတ်ပျက်မှုတွေ မဖြ
စ်တော့ဘူးပေ။နှလုံးစိတ်ဝမ်းအေးချမ်းနေတာကြောင့် မေ
တ္တာတရား အလွယ်တကူ ဖြစ်ပေါ်နိုင်ပါတယ်။

         နှလုံးစိတ်ဝမ်း အေးချမ်းမှုမရှိတဲ့သူဟာ မေတ္တာမပွာ
းနိုင်ရုံသာ မဟုတ်သေးပါဘူး၊ ဝိပဿနာဉာဏ်တွေလည်း
ဖြစ်ပေါ်ဖို့ ခဲယဉ်းပါတယ်။ ရဟန်းတော်များအတွက်ဆိုရင် 
ရဟန်းဖြစ်စမှာပဲ သိမ်ထဲကနေမထွက်မီ သလုံးမြင်းခေါင်း
ခြေနှစ်ချောင်းကို အားကိုသမှု အမှီပြု၍ ရရှိတဲ့ အိမ်စဉ်လှ
ည့်လည် ခံယူလို့ရတဲ့ဆွမ်း အိမ်ကြိုအိမ်ကြား လမ်းကြိုလ
မ်းကြား အမှိုက်ပုံးအစရှိတဲ့ နေရာမှာပစ်ထားတဲ့ အဝတ်စု
တ်တွေကို ကောက်ယူဖာထေး စပ်ချုပ်ပြီးဝတ်ထားတဲ့ အ
ဝတ်သင်္ကန်း သစ်ပင်ရင်းတည်းဟူသောကျောင်း နွားကျင်
ငယ်နဲ့ စိမ်ပြီးထားတဲ့ ဆီးဖြူဖန်းခါးသီးဟူသောဆေး အဲ့
လိုပစ္စည်းလေးပါးကို အမှီပြုပြီး ရဟန်းဘဝနဲ့နေရမယ်။

          ဘုန်ကံကြီးမား လာဘ်လာဘပေါများလို့ အခြား
အခြား ဆွမ်းကောင်းကောင်း သင်္ကန်းကောင်းကောင်း
ကျောင်းကောင်းကောင်း ဆေးကောင်းကောင်းတို့ ရရှိရင်
လည်း သုံးဆောင်မှီဝဲနိုင်တယ်လို့ ဆရာသမားတွေက ညွှ
န်ကြားဆုံးမခဲ့ပါတယ်။ မိမိကိုယ်တိုင်ကလည်း အာမဘေ
န ္တလို့လျှောက်ထားပြီး အဆုံးအမစကားကို ကျေနပ်စွာလ
က္ခံခဲ့ပါတယ်။ ဒါကြောင့်ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စ
ည်းလေးပါးနဲ့ပတ်သက်ပြီး ကောင်းကောင်းဆိုးဆိုး ရသမျှ
နဲ့ ရောင့်ရဲတင်းတိမ်ရပါမယ်။ 

        ရသမျှ ပစ္စည်းလေးပါးအပေါ်မှာ ငြိကပ်တွယ်တာမှု
မနှစ်သက်စိတ်ပျက်မှုတွေ ကင်းရှင်းပြီး ကျေကျေနပ်နပ် 
သုံးဆောင်ရပါတယ်။ အဲ့ဒီလိုစိတ်မျိုး ထားတတ်သူဟာ 
ဘယ်နေရာပဲရောက်နေနေ တရားအားထုတ်ရတာ အဆ
င်ပြေပါတယ်။ ယောဂီတို့အနေနဲ့ အဲ့ဒီလိုစိတ်ထားမျိုး ကို
ယ့်သန ္တာန်မှာ ရှိမရှိပြန်လည်ဆန်းစစ်ပြီး မရှိလျှင်ရှိအောင်
ကြိုးစားပြုပြင်သွားကြပါ။ တရားသမားလို့ အမည်ခံပြီး ဒီ
လိုထမင်းမျိုး ဒီလိုဟင်းမျိုးမစားနိုင်ဘူး ဒီလိုအဆောင်မျိုး
မှာမနေနိုင်ဘူး။ ငါ့အတွက် ဘယ်လိုဟင်းမျိုးချက်ပေးစမ်း
စသည်ဖြင့် ကချီကချောင်လုပ်နေရင် တရားရဖို့ ဝေးပါေ
သးတယ်။ ကချီကချောင်လုပ်တတ်တဲ့စိတ်ရှိသူဟာ မေ
တ္တာတရားဘယ်လိုလုပ်ပွားများနိုင်မှာလဲ၊ ဒါကြောင့်ယော
ဂီတို့ ဆွမ်းစားတဲ့အခါ ဟင်းထဲမှာ ဆားများသွားရင် ဒီဟင်
းမျိုးစားရတာ အစာကြေတယ်လို့ နှလုံးသွင်းပြီး စားကြပါ။
ဆားပေါ့သွားရင်လည်း ရေငတ်သက်သာတယ်လို့သာ နှ
လုံးသွင်းပါ။ နှလုံးသွင်းတတ်မှ ကုသိုလ်ဖြစ်မှာပါ။ *သန ္တု
ဋ္ဌီ ပရမံ ဓနံ* ရရသမျှ ပစ္စည်းဥစ္စာနဲ့ တင်းတိမ်ရောင့်ရဲခြင်း
သည် အမြတ်ဆုံးချမ်းသာလို့ မြတ်စွာဘုရား ဟောကြား
တော်မူခဲ့ပါတယ်။ 

                         ဝနဝါသီ အရှင်ဝါသေဋ္ဌာဘိဝံသ
             ကျောက်တစ်လုံးတောရ ဆရာတော်

ဆက်ပါဦးမည်။
ရောင့်ရဲနိုင်လျှင် မေတ္တာဝင် လျင်စွာတရား ရလိမ့်မည်။ ။

ရောင့်ရဲတင်းတိမ် မြတ်စည်းစိမ်

ရောင့်ရဲတင်းတိမ် မြတ်စည်းစိမ်
_____________________________

           မွန်မြတ်တဲ့တရားကိုလိုလားတဲ့ သူတော်ကောင်းဟာ ရတတ်သမျှ ရှိသမျှ ဖြစ်လာသမျှနဲ့ ကျေနပ်ရောင့်ရဲ
တင်းတိမ်နိုင်ရပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက သန ္တုဿကော စ လို ဟောတော်မူထားပါတယ်။ ရသမျှ စားစ
ရာ ဝတ်စရာ နေစရာတွေနဲ့ မရောင့်ရဲ မကျေနပ်နိုင်တဲ့သူဟာ ရှာရဖွေရ ကြောင့်ကြစိုက်နေရတဲ့အတွက်ကြောင့် ရှာဖွေလို့မရတဲ့အခါ စိတ်ဆင်းရဲရပါတယ်။ ရပြန်တော့လည်း 
ဒီထက်ပိုရအောင် ရှာဖွေပြန်သေးတယ်။

        ရှာဖွေတဲ့အခါ ထင်သလိုမရတော့ စိတ်ဆင်းရဲ ပင်ပန်းရတဲ့သူဟာ မေတ္တာစိတ်ဘယ်လိုလုပ်ပြီး  ဖြစ်တော့မှာလဲ၊ ရသမျှနဲ့ရောင့်ရဲ ရှိတာနဲ့တင်းတိမ်တဲ့သူဟာ ပစ္စည်းဥ
စ္စာနဲ့ ပတ်သက်ပြီးဖြစ်စေ ပုဂ္ဂိုလ်တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီးဖြစ်စေ စိတ်ဆင်းရဲမှု စိတ်ဆိုးစိတ်ပျက်မှုတွေ မဖြ
စ်တော့ဘူးပေ။နှလုံးစိတ်ဝမ်းအေးချမ်းနေတာကြောင့် မေတ္တာတရား အလွယ်တကူ ဖြစ်ပေါ်နိုင်ပါတယ်။

         နှလုံးစိတ်ဝမ်း အေးချမ်းမှုမရှိတဲ့သူဟာ မေတ္တာမပွားနိုင်ရုံသာ မဟုတ်သေးပါဘူး၊ ဝိပဿနာဉာဏ်တွေလည်းဖြစ်ပေါ်ဖို့ ခဲယဉ်းပါတယ်။ ရဟန်းတော်များအတွက်ဆိုရင် 
ရဟန်းဖြစ်စမှာပဲ သိမ်ထဲကနေမထွက်မီ သလုံးမြင်းခေါင်းခြေနှစ်ချောင်းကို အားကိုသမှု အမှီပြု၍ ရရှိတဲ့ အိမ်စဉ်လှည့်လည် ခံယူလို့ရတဲ့ဆွမ်း အိမ်ကြိုအိမ်ကြား လမ်းကြိုလမ်းကြား အမှိုက်ပုံးအစရှိတဲ့ နေရာမှာပစ်ထားတဲ့ အဝတ်စုတ်တွေကို ကောက်ယူဖာထေး စပ်ချုပ်ပြီးဝတ်ထားတဲ့ အဝတ်သင်္ကန်း သစ်ပင်ရင်းတည်းဟူသောကျောင်း နွားကျင်
ငယ်နဲ့ စိမ်ပြီးထားတဲ့ ဆီးဖြူဖန်းခါးသီးဟူသောဆေး အဲ့လိုပစ္စည်းလေးပါးကို အမှီပြုပြီး ရဟန်းဘဝနဲ့နေရမယ်။

          ဘုန်ကံကြီးမား လာဘ်လာဘပေါများလို့ အခြားအခြား ဆွမ်းကောင်းကောင်း သင်္ကန်းကောင်းကောင်းကျောင်းကောင်းကောင်း ဆေးကောင်းကောင်းတို့ ရရှိရင်လည်း သုံးဆောင်မှီဝဲနိုင်တယ်လို့ ဆရာသမားတွေက ညွှန်ကြားဆုံးမခဲ့ပါတယ်။ မိမိကိုယ်တိုင်ကလည်း အာမဘေ
န ္တလို့လျှောက်ထားပြီး အဆုံးအမစကားကို ကျေနပ်စွာလက္ခံခဲ့ပါတယ်။ ဒါကြောင့်ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးနဲ့ပတ်သက်ပြီး ကောင်းကောင်းဆိုးဆိုး ရသမျှ
နဲ့ ရောင့်ရဲတင်းတိမ်ရပါမယ်။ 

        ရသမျှ ပစ္စည်းလေးပါးအပေါ်မှာ ငြိကပ်တွယ်တာမှုမနှစ်သက်စိတ်ပျက်မှုတွေ ကင်းရှင်းပြီး ကျေကျေနပ်နပ် သုံးဆောင်ရပါတယ်။ အဲ့ဒီလိုစိတ်မျိုး ထားတတ်သူဟာ ဘယ်နေရာပဲရောက်နေနေ တရားအားထုတ်ရတာ အဆ
င်ပြေပါတယ်။ ယောဂီတို့အနေနဲ့ အဲ့ဒီလိုစိတ်ထားမျိုး ကိုယ့်သန ္တာန်မှာ ရှိမရှိပြန်လည်ဆန်းစစ်ပြီး မရှိလျှင်ရှိအောင်ကြိုးစားပြုပြင်သွားကြပါ။ တရားသမားလို့ အမည်ခံပြီး ဒီ
လိုထမင်းမျိုး ဒီလိုဟင်းမျိုးမစားနိုင်ဘူး ဒီလိုအဆောင်မျိုးမှာမနေနိုင်ဘူး။ ငါ့အတွက် ဘယ်လိုဟင်းမျိုးချက်ပေးစမ်း
စသည်ဖြင့် ကချီကချောင်လုပ်နေရင် တရားရဖို့ ဝေးပါေသးတယ်။ ကချီကချောင်လုပ်တတ်တဲ့စိတ်ရှိသူဟာ မေတ္တာတရားဘယ်လိုလုပ်ပွားများနိုင်မှာလဲ၊ ဒါကြောင့်ယော
ဂီတို့ ဆွမ်းစားတဲ့အခါ ဟင်းထဲမှာ ဆားများသွားရင် ဒီဟင်းမျိုးစားရတာ အစာကြေတယ်လို့ နှလုံးသွင်းပြီး စားကြပါ။
ဆားပေါ့သွားရင်လည်း ရေငတ်သက်သာတယ်လို့သာ နှလုံးသွင်းပါ။ နှလုံးသွင်းတတ်မှ ကုသိုလ်ဖြစ်မှာပါ။ *သန ္တုဋ္ဌီ ပရမံ ဓနံ* ရရသမျှ ပစ္စည်းဥစ္စာနဲ့ တင်းတိမ်ရောင့်ရဲခြင်း
သည် အမြတ်ဆုံးချမ်းသာလို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။ 

                         ဝနဝါသီ အရှင်ဝါသေဋ္ဌာဘိဝံသ
             ကျောက်တစ်လုံးတောရ ဆရာတော်

Credit....

Tuesday, January 5, 2021

ဥပသကာဂုဏ်ရည်

ဥပါသကာတို့၏ ဂုဏ်ရည်
🌷🌷🌷🌷🌷🌷🌷🌷🌷

ဥပါသကာဆိုသည်မှာ

ဖြူစင်မြင့်မြတ်သောသူ။ 
လူ နှင့် တူသောလူ။
အပယ်မလားသောသူ။
လူ နတ် ဂတိ မြဲသောသူ။
အရိယာ နယ်ပိုင်းဝင်စပြ ုသောသူ။
အဲဒိလိုလူဖြစ်ပါတယ်။

ဥပါသကာလို့ခေါ်တဲ့အကြောင်းကတော့(သို့မဟုတ်)ဥပါသကာခေါ်ခံရတဲ့သူဟာ သူ့မှာထားရှိရမည့် ဥပါသကာ အင်္ဂါ ၄ ပါးနှင့်အညီ ရတနာ ၃ ပါးကို ယုံ ကြည်ကိုးစား ဆည်းကပ် ခစားတတ်သူကို သို့မဟုတ် သရဏဂုံ ခံယူကျင့်သုံးတတ်သူကို သရဏဂုံ တည်သူကိုပင် အဲဒါကြောင့် ဥပါသကာခေါ်တယ်ဟု မှတ်ရပါမည်။

ဥပါသကာမှာ ထားရှိရမည့် အင်္ဂါ ၄ ပါးရှိပါတယ်။

၁။ မြတ်စွာဘုရားကို ကြည်ညို  
    တတ်ရေး၌ ပြီးစီးနိုင်ရန် မြ တတ်ဘုရား၏ ဂုဏ်တော် ၉ပါးကို ၊တနည်း ဂုဏ်တော် ၁၀ ပါး
တို့ကို နှုတ်ရအာဂုံ သင်ကြားဆောင်ယူ ထားခြင်းနဲ့ ဗုဒ္ဓမှာအဟုတ်ရှိတဲ့ကျေးဇူးဂုဏ်ရဲ့ သဘောတရား အဓိပ္ပာယ်များကိုလည်း ကိုယ်ဥာဏ်သိယုံကြည်မှုသန့်ရှင်းခြင်းဖြစ်ကာ ဘုရားကို မတုန်မလှုပ်ကြည်ညိ ုလေးစားတတ်ရခြင်း အင်္ဂါတစ်ပါး။

၂။ဘုရားရှင် ဟောကြား ညှ ွန်ပြ
  ထားတဲ့ တရားတော်မြတ်ကို ယုံကြည်စွာ လိုက်နာခံယူ ကျင့်
ကြံပွားများတတ်ရေးအတွက် ပြီးစီးနိုင်ရန် တရားဂုဏ်တော် ၅ပါး ၆ပါး တို့ကိုလည်း နှုတ်ရအာဂုံသင်ကြားဆောင်ယူထားခြင်း။
ရှင်းလင်းသော အသိဥာဏ်ပေါက်အောင် အထပ်ထပ်မှေ ွနှောက် လေ့လာဆွေးနွေး မေးမြန်း
ခြင်းတ်ို့နှင့် ပြည့်စုံကာ မတုန်မလှုပ်အဟုတ်တကယ် ကြည်ညို
လေးစားခံယူကကျင့်ပွားတတ်ရ
ခြင်း အင်္ဂါတစ်ပါး။

၃။မြတ်စွာဘုရား၏တပည့်သား
  သံဃာတော်ကို ကြည်ညိုလေးစား ဆည်းကပ် ခ စားတတ်အောင် သံဃာ့ဂုဏ်ရည် ၉ ပါးကိုလည်း နှုတ်တက်အရဆောင်ကာ အမှန်ဥာဏ်သိရောက်အောင် ဆွေးနွေးမေးမြန်းခြင်းနှင့် 
ပြည့်စုံလျက် မတုန်မလှုပ် ကြည်ညိုလေးစား ဆည်းကပ်ကိုးကွယ်တတ်ရခြင်း အင်္ဂါတပါး။

(သရဏဂုံ ၃ ပါးကိုလည်း အပြည့်အစုံ ကိုယ့်မှာရှိထားရမယ်လို့
မှတ်ထားရပါမယ်)

၄။ ဥပါသကာမှာ ထားရှိရမည့် 
    ငါးပါးသီလကို မကျိုးမပေါက် မပြောက်မကျား မပျက်ပြားစေခြင်းနှင့် မိမိကိုယ်ပိုင် လုပ်ကိုင်နေသည့် ကုသိုလ်ကံများအပေါ်၌  ဘဝကို လိုလားတောင့်တ ရယူခံစား သာယာမှုအစွဲကို တော်လှန်တိုက်ခိုက် ဖျက်စီးချိုးဖဲ့ နိုင်ရခြင်း အင်္ဂါတပါး။

အဲဒီအင်္ဂါ ၄ ပါးနှင့် ပြည့်စုံသောသူကို ဥပါသကာခေါ်တယ်လို့ ဗုဒ္ဓဘုရား ဟောကြားတော်မူပါသည်။

လူပြောသူပြော ရသေ့ ရဟန်းတို့က ဒါဟာ ဘုရားဟောလို့ ပြောတိုင်းလည်း တထစ်ချ ယုံကြည်လိုက်နာခံယူရမည်လို့မမှတ်ရပါဘူးတဲ့။

ကိုယ်တွေ့ ဒိဋ္ဌဓမ္မ သဘာဝ ကျမကျ ယုတ္တိရှိမရှိ ကိုယ်တိုင်သိဖြစ်အောင်  သင်ကြား နာယူ စမ်းသပ် ဆင်ခြင် နှိုင်းစ စစ်ဆေးပါဦးတဲ့။ ဒါဟာဥပါသကာတို့၏ ဂုဏ်ရည်ပါ။ ပိတ်ဖြ ူဝတ်သူကိုပဲဆိုလိုတာမဟုတ်ပါဘူးတဲ့။

ဗုဒ္ဓဘာသာအမည်ခံသူ တစ်ယောက်က ကိုယ်ဆည်းကပ်ကိုးစားတဲ့ ဘုရားရဲ့ယုံကြည်စရာ လိုရင်းဖြစ်တဲ့ ဂုဏ်တော် ကျေးဇူးတော် တန်ခိုးစွမ်းအင် သတ္တိတော်တို့ကို  ပညာရှိ ဆရာသမားများထံမှ သင်ယူကာ ကြားဖူးနားဝမှ တစ်ဆင့်တက်ပြီး ကိုယ်ပိုင်ဥာဏ်ဖြင့် ကျ ကြ ဏ န ပိုင်းခြားဝေဖန်ကာ အမှန်သိဖြစ်အောင်  လုပ်ထားနိုင်ရပါမယ်။

ဒါဟာ ဥပါသကာတို့ရဲ့ စွမ်းရည်များ ဖြစ်ပါတယ်။


ဘေးရန်အပေါင်းမှကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်။

သမ္မာမဂ္ဂင်္ဂပဥှာကျမ်းမြတ်မှ လေ့လာပူဇော်ပါသည်။

မေတ္တာဖြင့်-
ထပ်တင့်ကူးယူ ဓမ္မဒါနပြုပါသည်။

Monday, January 4, 2021

စိတ်၏အလိမ်မိနေကြတယ်

စိတ်၏ အလိမ် မိနေကြတယ် 
°°°°°°°°°🌊🎡🌊°°°°°°°°°
               
  ခန္ဓာငါးပါးရှိတယ်လို့ မှတ်ရမယ် ၊ ဒီ ခန္ဓာငါးပါးဟာ " အနိစ္စတရား ၊ ဒုက္ခတရား ၊ အနတ္တတရား ၊ အသုဘတရား ၊ ဒုက္ခသစ္စာတရား ၊ ဘယ်အချိန် ဥာဏ်နဲ့ ကြည့်ကြည့် ၊ ဥာဏ်သမားကဖြင့် ယောက်ျား ၊ မိန်းမမတွေ့ဘူး ၊ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ၊ အသုဘ ၊ ဒုက္ခသစ္စာ 
ဒီ ငါးချက် တစ်ချက် ချက်ပဲတွေ့မယ် ၊ ...
ဒါ ဥာဏ်မျက်လုံးနဲ့ကြည့်မှနော် ....

  ပကတိ မျက်လုံးနဲ့ ကြည့်မယ်ဆိုရင် ဖြူတယ် ၊ 
ညိုတယ် ၊ လှတယ် ၊ဝ တယ် ၊ ဒါပဲဖြစ်မှာပဲ ၊ ဥာဏ်မျက်လုံးဆိုတာ မျက်လုံးမှိတ်ကြည့်ရတယ် ၊ ကြည့်လိုက်တဲ့ အခါကျတော့ ..ဖြူ နီ ကြောင် ကြားလဲ မတွေ့ဘူး ၊ ဟိုနေရာက ရွရွ ၊ ဒီနေရာက ပူလိုက် ၊ အေးလိုက် ၊ ဒါပဲ တွေ့ရတယ် ၊ ...
ဒါက ဥာဏ်တွေ့ကို ပြောနေတာ ၊ 
ဥာဏ်တွေ့က ပုဂ္ဂိုလ် သတ္တဝါ ပျောက်တယ် ၊ 
ဥာဏ်တွေ့မှ အမှန်ပါလားလို့ မှတ်ပါ......
ဥာဏ်တွေ့ မဟုတ်တဲ့ ပုဂ္ဂိုလ်ကတော့ မျက်လုံးစိတ်ကတော့ မြင်တယ်ဆိုလို့ရှိရင် ..မုန်းတတ်ရင်လဲ လာမယ် ၊ မုန်းတယ် မကြည့်ချင်ဘူး ဟုတ်လား.....သောက ၊ ပရိဒေဝ ၊ ဥပါယာသ ၊ တွေလာမှာပဲ ...အဝိဇ္ဇာ ၊ သင်္ခါရ တွေကော ..
( လာပါတယ်ဘုရား ).၊ 

  ဥပမာ မယ် ...ဒါက မျက်လုံးတွေ့တယ် ၊
 ထားပါဦးတော့ ၊ ဒါက ခန္ဓာမျက်လုံးတွေ့တာက အဆင်းတွေ့တာပဲ ၊ ဟောဒီ နောက်စိတ်တွေက 
ဒေါသ ၊ သောက ၊ ပရိဒေဝ ၊ ဥပါယာသ နောက်စိတ်တွေက လိမ်ပစ်
လိုက်တာနဲ့ ၊ မြင်တာဟာ အဆင်းပဲလို့ သူတို့က ဆုံးဖြတ်ချက် မချဘူး ၊ 
မုန်းစရာပဲလို့ ဆုံးဖြတ်ချက်ချတယ် ၊ ဒါဖြင့် နောက်စိတ်က အလိမ်စိတ်တွေပေါ့ ...မြင်တယ် ဆိုလို့ရှိရင်ဖြင့် မြင်တာသည် ဒီက အဆင်း ၊ ဒီကမြင်တယ် ၊ မြင်တယ်ဆိုရင် ဒီက မုန်းတဲ့ စိတ်လာတယ် ၊ 
လိမ်စိတ်ဆိုတာ ဒါပါပဲ ၊ မြင်တယ် ၊ ခင်တယ် ၊ စွဲလမ်းတယ် ၊ အားထုတ်မယ် ဆိုတော့ ...
ဒါ လိမ်တာပဲ မှတ် ......

  ဒါဖြင့် " ဝိပါက် အမှန် ဇောအပြန် " ဆိုတာ မှတ်ထားပါ ၊ ဝိပါက်ဆိုတာ မြင်တဲ့စိတ်ဟာ.ဝိပါက်စိတ်နဲ့မြင်တာ ၊ သူနဲ့ ကြည့်လိုက်တော့ အမှန်တော့ မြင်တာပဲ ၊ အဆင်းကိုမြင်တာပဲ ၊ သို့သော် နောက် ဒီဇောစိတ်တွေ က လိမ်ပစ်လိုက်တဲ့အခါ ကျတော့ ..
အဆင်းမဟုတ်ဘူး ၊ မုန်းစရာ ဖြစ်သွားတယ် ၊ ခင်ဗျားတို့ စိတ်ကို ခင်ဗျားတို့ မနိုင်တာနဲ့ ..သူက အပါယ်ပို့လိုက်တယ် ၊ လိမ်တဲ့ စိတ်က အပါယ်ပို့လိုက်တာ ၊ ...စိတ်ကြောင့် ချမ်းသာရတယ် ၊ စိတ်ကြောင့် ဆင်းရဲရတယ် ၊ စိတ်ကြောင့် အပါယ်ရောက်ရတယ် ၊ စိတ်ကြောင့်ပဲ 
နိဗ္ဗာန် သွားရတယ် ၊ ...အမျိုးမျိုး ပေါ့ဗျာ ....မြင်တာက အဆင်းပဲ ၊ အမှန်သားပဲ ၊ ဝိပါက်စိတ်နဲ့ မြင်တာကိုး ၊ ဟောဒီ ဇော တွေကျတော့ ၊ ဖောက်ပြန်သွားတယ် ၊ 

ဒါဖြင့် မျက်လုံးက လိမ်တာလား ၊ မျက်လုံးနောက်က လိုက်တဲ့ စိတ်တွေက လိမ်တာလားလို့ မေးရင်
 ( မျက်လုံးနောက်က စိတ်တွေက 
လိမ်တာ ပါဘုရား ) ၊ အဲ ခင်ဗျားတို့က ဒါ တစ်တန်းတည်း မလုပ်နိုင်လို့ 
နိဗ္ဗာန် နဲ့ဝေးနေတာ ၊...သူနဲ့ တစ်တန်းတည်း ထားရင် ရှင်းသွားမယ် ...
မြင်တာကလဲ အဆင်း ၊ သိတာကလဲ အဆင်းဆိုရင် ကိစ္စမရှိဘူး ....
မျက်လုံးက အဆင်းမြင်တာကိုး ၊ ခင်ဗျားတို့က မုန်းစရာဖြစ်လာတယ် ၊
ဒေါသဖြစ်တယ် ၊ သောကဖြစ်တယ် ၊ အဆင်းမြင်တာနဲ့ " ဒေါသ ၊ သောက " နဲ့ ဘာမှ မဆိုင်ဘူး ၊ အဆင်းမြင်တယ်ဆိုရင် အဆင်းရယ်လို့ 
လျှောက်သိရုံပဲ ၊ အခုတော့ ဒီလို မသိဘူး ၊ မုန်းစရာဖြစ်လာတယ် ၊ ...
ဒါဖြင့် မြင်စိတ်က လိမ်တာလား ၊ နောက် ပဋိစ္စသမုပ္ပါဒ် ဇော စိတ်ကလိမ်တာလား ၊ 
( ဇောစိတ်က လိမ်တာပါဘုရား )  ၊ ခင်ဗျားတို့ အလိမ်မိနေတဲ့ လူတွေ ......

  ဥာဏ်နဲ့ တွေ့မှ ..ဒါပေါ်မယ်နော်...အဲဒီတော့ ၊ ခင်ဗျားတို့ အလိမ်ပြေချင်ရင် ...ဒီလိုလုပ်ပါ ၊ မျက်လုံးကမြင်တယ် ၊ ဘာကိုမြင်သတုန်း ..ဖြူတာ ၊ နီတာကို မြင်တယ် ၊ နောက်ဇောစိတ်တွေက ကော ဖြူတာပဲ ၊ ဖြူတာကိုပဲ သိနေရမယ် ...ေဩာ်...ဖြူတယ် ၊ မျက်လုံးကလဲ အဖြူမြင်တယ် ၊ နောက်စိတ်တွေကလဲ အဖြူရယ်လို့ပဲ လျှောက်သိနေလို့ရှိရင် 
ဒါ ..လိမ်သေးရဲ့လား ...( မလိမ် ပါ ဘုရား ) ......

စိတ်၏_အလိမ်မမိအောင်_သတိ_ပညာကိုဆောင်ကြပါစို့...။

 ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
  
သတ္တဝါ မှန်သရွေ့ တရားတွေ့ " မဂ် ဖိုလ် နိဗ္ဗာန် " ချမ်းသာရကြပါစေ ။

Credit....

အိမ်တွင်းအလှူမဏ္ဍာပ်

အိမ်တွင်းအလှူမဏ္ဍပ်  &  ဝမ်းတွင်းအလှူမဏ္ဍပ်
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

 ” သခင်က နွားကိုကျွေးတာ ကုသိုလ်လိုချင်လို့ ကျွေးတာလား?  ခိုင်းစားဖို့ ကျွေးတာလား? 
ဘာလုပ်ဖို့ ကျွေးတာတုန်း။ ” 
”..... ခိုင်းစားဖို့ ကျွေးတာပါ ဘုရား ”

 ”သားသမီးကျွေးတာကော? 
”.....မပြောရဲပါဘုရား..”

” ပြောဗျာ။ ပြောကို ပြောရတော့မှာလေ။ တို့စာမှာကျတော့ အဲ့ဒါကို အိမ်တွင်းမဏ္ဍပ်လို့ ခေါ်တယ်။ ”
အလှူတစ်ခုလို သဘောထားပါ။ 
ဟုတ်ဗျာ။ အိမ်တွင်းမဏ္ဍပ်။
..ဟို အိမ်ရှေ့ထွက်ပြီး ဆွမ်းတွေ ဘာတွေလောင်းတာ အိမ်ပြင်မဏ္ဍပ်လို့ခေါ်တယ်။ ”

”သားသမီးကျွေးမွေးတာ အဲဒါ အိမ်တွင်းမဏ္ဍပ်ပါ။ 
အဲ့တော့ သူက ကိုယ့်ကိုပြန်ပြီး ကျေးဇူးသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဒါသူတို့ကိစ္စ၊ တို့နဲ့ မဆိုင်ဘူး။ 
ဟုတ်တယ်နော်။ ”

... ” မှန်လှပါဘုရား ”

”ကျေးဇူးသိချင် သိမယ်၊ သိချင်မှလဲ သိမယ်*
ပြီးတော့ ကျေးဇူးသိသည့်တိုင်အောင် သူ့မှာ အထောက်အပံ့ရှိချင်မှလဲ ရှိမယ်။ 
ချို့တဲ့ရင်လည်း ချို့တဲ့နေမယ်။ 
အဲ့တော့ ကိုယ်က မျှော်ထားလို့ ကိုယ်မျှော်သလို မဖြစ်ရင် စိတ်မဆင်းရဲဘူးလား? ”

” ....ဆင်းရဲပါတယ်ဘုရား... ”

”...စိတ်ဆင်းရဲမှာပေါ့။ ”
ကိုယ်ကိုယ်တိုင်က သူတို့အပေါ် သဒ္ဓါစိတ်နဲ့ပေါ့ "ဪ သူ့ခမျာလေးတွေ ငါ့ကိုမှီပြီး မှီခိုစားနေကြရတာ ငါကြိုးစားရင် ကြိုးစားသလောက် သူတို့အဆင်ပြေကြမှာ။  ငါထောက်ပံ့ရင် ထောက်ပံ့သလောက် သူတို့ အဆင်ပြေကြမှာ "
ဒီစိတ်ကလေးနဲ့ကျွေးရင် နေ့တိုင်း ကုသိုလ်မရနိုင်ဘူးလား? ”

”...ရနိုင်ပါတယ် ဘုရား ”

” ကုသိုလ်၊ ကုသိုလ်”
***********************
အဲ့သလောက်မှ မကျွေးနိုင်ရင် ကိုယ့်ကိုယ်ကို ကုသိုလ်ပြုကြစမ်းပါ။ 
ကိုယ့်ကိုယ်ကိုလဲ အလှူပေးရသတဲ့ဗျ။ 
ပေးနိုင်ပါ့မလား? ကိုယ့်ကိုယ်ကို။

တို့ကိုမှီပြီး ပိုးအမျိုးက (၈၀) ၊အကောင်ပေါင်းမဟုတ်ဘူး။ 
 ခုဒီမှာ ဗမာတဲ့၊ ရှမ်းတဲ့၊ တရုတ်တဲ့၊ ချင်းတဲ့၊ ကရင်တဲ့ ဆိုတဲ့ လူမျိုးရှိသလို ...
 ကိုယ်ထဲမှာလဲ အမျိုးပေါင်းကို (၈၀) ရှိတာ။ 
 အဲ့ဒီမှာ ဒီက ချကျွေးတဲ့အစာကို မှီခိုစားနေရရှာတာ။ 
 အဲဒါ "#ဝမ်းတွင်းမဏ္ဍပ်" လို့ခေါ်တာ။ 
အိမ်တွင်းမဏ္ဍပ် မဟုတ်ဘူး။ ဝမ်းတွင်းမဏ္ဍပ်။ 

”... မှန်လှပါဘုရား ”

” ဘယ့်နှယ့်တုန်း။ ငါဆာလို့ ငါစားသလား? ငါ့ပိုးလေးတွေကို ဒါနပြုတာလား? ”

”... ငါဆာလို့ ငါစားတာပါဘုရား ”

”.. စာဂ၊ ကိုယ်ကျိုးစွန့်ပါတယ်ဆိုမှ။ 
အဲ့ဒီမှာကိုယ်စားချင်သလောက်စား ကိုယ့်အတွက် ၁ ပုံပဲရတယ်။ 
 ၅ ပုံပုံရပါသတဲ့။ 
 ၁ ပုံက ပိုးစားတာ။ 
 ထမင်းတစ်လုတ်လောက်၊ ၂ လုတ်လောက်၊ ၃ လုတ်လောက်ထိအောင်က တို့အူတိုင်ဆင်းသွားတဲ့ဟာက သူတို့ အစာအိမ်ထိရောက်အောင် မစောင့်နိုင်ပါဘူးတဲ့။ 
 ဘယ်ကရရ လှမ်းဆွဲရရှာတာ။ 
 ငတ်လွန်းလို့။ 
 ဘုန်းကြီးထဲ ပိုးဖြစ်ရတဲ့ကောင်တော့ ဘယ်လောက် ဒုက္ခရောက်မလဲ။ 
 တခါပဲစားရတာ။ 
 မင်းတို့ ဝမ်းထဲဆို တော်ဦးမှာ။ 
 ဘုန်းကြီးဝမ်းထဲဝင်စားတဲ့ပိုးဆို တစ်ထပ်ပဲ စားရရှာတာ။ 
 အဲ့ဒါ မစောင့်နိုင်ဘူးတဲ့ ။
 အဲဒါ လှမ်းလှမ်းပြီး အူတိုင်က ကျလာတဲ့ဟာကို အစာအိတ်ထဲထိအောင် မစောင့်နိုင်ဘူး။ 
 ဆွဲဆွဲစားရရှာတယ်တဲ့။ 

 ပိုးစာအတွက် ၁ ပုံ
*********************

ပြီးတော့ ကိုယ့်အစာကိုပြန်ပြီး ချက်ဖို့ရာအတွက် လောင်မီးအတွက် ၁ ပုံ။ 
 ပြီးတော့ ဒီကနေ အဆီအနှစ်ထုတ်လိုက်တော့ ဟိုအရည် အကာခေါ်မှာပေါ့ အဲ့ဒီဘက်က ကျင်ကြီးအဖြစ်နဲ့ ၁ ပုံသွားတယ်။ 
 အရည်ကို ညစ်ထုတ်လိုက်တဲ့ ကျင်ငယ် ၁ ပုံသွားတယ်။ 
 အဲ့ဒီ အရသာသတ္တိကို ဒီထဲက ထုတ်လိုက်တဲ့ အဆီအတွက် အဲ့ဒီ ၁ ပုံသာ တို့စားရတာ။ 
 ဗိုက်ထဲကို သွင်းလိုက်တာကို ၅ ပုံပုံမှ တို့ရတာ ၁ ပုံထဲ။ 
 ပိုးစာကို ၁ ပုံကျွေးရတယ်။ 
 ဘယ်နှယ့်တုန်းဗျာ့။ ကျွေးနိုင်ပါ့မလား။ 

 အဲ့တော့ ကိုယ်စားလဲ အဲပိုးလေးတွေ ငါ့ကိုမှီခိုပြီး စားနေရရှာတာ။ 
 ပိုးလေးတွေခမျာ ငါ့ကိုမှီပြီး စားနေရရှာတာ သူတို့ခမျာလေးတွေအတွက် ငါတတ်နိုင်သလောက် ဒါနခမ်းချမယ်ဆိုရင် ဪ ဝမ်းတွင်းဒါန ဖြစ်သွားပြီဗျ။ 
 အပြင်လုပ်မှ မဟုတ်ပါဘူး။ 
 ဒါလဲ စာဂ။ 
 ကိုယ်ကျိုးစွန့်လိုက်တာ ထင်တယ်။ 
 ကိုယ်ကျိုးစွန့်တော့ကော ကိုယ့်ဗိုက်ထဲ ဝင်သွားတာ သူတို့မစားရဘူးလား။ 

”… စားရပါတယ်ဘုရား..”

 ” စားနေရတာပါပဲကွယ့်။ 
 ငါစားဖို့ဆိုပြီး ထပ်ပြီးတော့ ကြွေးကြော်ဖို့လိုသေးလား? ”

”…မလိုပါဘူး ဘုရား ”

 စာဂရှိရသနော်။ 
 ဘာရှာရှာ။ အတ္တဒိဋ္ဌိ မရှိရပါဘူး။ 
 ဟုတ်တယ်နော် 
 ငါ့ဖို့၊ ငါ့ဥစ္စာ  ၊ငါ့ဗိုက်  ၊ဒီစိတ်ထားနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းဘူး။

** မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော "သူတော်ကောင်း ဥစ္စာခုနှစ်ဖြာ" တရားတော်မှ ကောက်နုတ်ချက်။ 

Credit - original uploader.

” ဗုဒ္ဓမှာတမ်း ”

ဗုဒ္ဓမှာတမ်း
_____________

သွားတော့မယ် အာနန္ဒာ
တရားနဲ့သာ ဖြေရစ်ကြပေတော့

နေမဖြစ်တဲ့ လမ်းမှာ
ငါဘုရားလည်း မြန်းရမယ်
ဒါ အဆန်းမှ မဟုတ်ဘဲ

ဖြစ်ရင်ပျက်မြဲ
ချစ်ခင်သမျှလည်း
ခွဲရမှာပဲမဟုတ်လား

ငိုပွဲတွေရပ်
မျက်ရည်ဇာတ်သိမ်း
သောကကို ထိန်းပေါ့

ငြိမ်းချမ်းစွာ
ထွက်ခွာမသွားခင်
သက်သာစွာအသာနားဖို့
ငါ ဘုရားကို
ရေကြည် တစ်ခွက်လောက်
ဆက်စမ်းပါ

ပြန်မလာတော့ဘူး အာနန္ဒာ
သံသရာ အလည်ရပ်ခဲ့ပြီမို့
ခန္ဓာနယ်စပ်က
ငါရုန်းထွက်တော့မယ်

အသုံးမဲ့ အဆုံးမဲ့
အရှုံးနဲ့ ရင်းရတဲ့လမ်းမှာ
ငါ သိပ်ပင်ပန်းခဲ့တယ်

အနွမ်းပြေဖို့
အလွမ်းတွေရဲ့ ဟိုဖက်ကမ်း
ငါတန်းတန်းကြီး သွားနှင့်မယ်
မဂ္ဂင်လမ်းကလိုက်ခဲ့ကြ..

ဂရုစိုက်ပါ  အာနန္ဒာ
ကုသိနာနဲ့ လုမ္ဗိနီ
မိဂဒါဝုန်နဲ့ မဟာဗောဓိ

ငါ့ အတ်ထုပ်ပတ်တိဟာ
တောတွေနဲ့ အနားကွပ်
ငါဟာ တကယ့်
တောသားအစစ်ပေါ့

သစ်ပင်ရင်းမှာ ငါ့ကိုဖွား
သစ္စာတရားကို တောမှာဖွေ
ငါပိုင်တဲ့နေ့တွေဟာ
သစ်ပင်တွေနဲ့ဝေလို့

ငါ့ရဲ့ နောက်ဆုံးထွက်သက်လေဟာ
သစ်ပင်ရင်းပဲ ဖြစ်သင့်တယ်

သစ်ပင်ကို ချစ်ခင်ဖို့
ငါ တရားတွေဟောခဲ့ပြီးပြီ
တောဆိုတာ
သံသရာရဲ့ ထွက်ပေါက်
တောပျောက်ရင်
နိဗ္ဗာန်ပါပျောက်မယ်

တောမရှိရင် ဘုရားမရှိနိုင်ဘူး
အရိယာတွေ မွေးထုတ်ဖို့
တောအုပ်တွေရှိမှ ဖြစ်မယ်

သတိပဋ္ဌာန်ကို သင်ပြတိုင်း
သစ်ပင်ရင်းကို သွားကြဖို့
ငါ ခဏခဏ တိုက်တွန်းခဲ့ပြီးပြီ

စိတ်ချခြင်းများစွာနဲ့
အခုတော့ ငါ သွားပါရစေတော့

သဘောထားကြီးဖို့
တောသားကြီးတွေဖြစ်အောင်သာ
ကြိုးစားရစ်ပေတော့ ...  ...

အရှင်ဇနက(ပုလဲသွေး)

Photo credit

Saturday, January 2, 2021

ခင်ပွန်းကြီး ( ၁၀) ပါး

ခင်ပွန်းကြီး(၁၀)ပါး ကန်တော့ခန်း
======================

ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါစ၊ အရဟာ အဂ္ဂသာဝကာ။
မာပိတု ဂုရုသတ်ထာ၊ ဓမ်မဒသေကာစ ဒါယကာ။
ဣမေ ဒသ မဟာဂုဏေ၊ အဟံ ဝန်ဒာမိ သဗ်ဗဒါ။

ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်…
(၁)
ဂုဏ်ကျေးဇူးကြီးမားကြကုန်သော
#မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌၄င်း

(၂)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော 
#ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌၄င်း

(၃)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော 
#အဂ္ဂသာဝကမဟာသာဝကအရှင်ကိုယ်တော်မြတ်ကြီးတို့
အပေါ်၌၄င်း

(၄)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော
#ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌၄င်း

(၅)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော
#မိခင်တို့ အပေါ်၌၄င်း

(၆)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော
#ဖခင်တို့ အပေါ်၌၄င်း
  
(၇)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော 
လိမ္မာစေရန် က်ျိုးကြောင်းပြ၍ ဆုံးမတတ်သော #ဆရာသမားတ်ို့ အပေါ်၌၄င်း

(၈)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော 
သီလဂုဏ်/သမာဓိဂုဏ်/ပညာဂုဏ်တို့ကိုဆည်းပူးဖြည့်ကျင့်လျှက် ရှိကြကုန်သော 
လူပုဂ္ဂိုလ် ရဟန္တာပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ် 
မိမိထက် သိက္ခာ #အသက်အရွယ်ကြီးမားသူတို့ အပေါ်၌၄င်း

(၉)ဂုဏ်ကျေးဇူးကြီးမားကြကုန်သော 
#တရားဓမ္မတို့ကိုဟောပြောပြသဆုံးမတတ်သောဆရာသမားတို့ အပေါ်၌၄င်း

(၁၀)ထမင်းတလုတ် ရေတမှုတ် စသည်ဖြင့်
#ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသောကျေးဇူးရှင်ပုဂ္ဂိုလ်တို့ အပေါ်၌၄င်း
  
ကာယကံ ဝစီကံ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် 
ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရ်ိုသေမြတ်နိုး လက်စုံမ်ိုး၍ရှိခိုးပါ၏ ဘုရား…။ 
ဤသို့ရှိခိုးပူဇော် ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ်အပေါင်းတ်ို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားသောမူသော 
သစ္စာလေးပါး မြတ်တရားကိုကောင်းစွာသိမြင်၍ နိဗ္ဗာန်သ်ို့ ဝင်နိုင်သော ကိုယ်ဖြစ်ရပါစေသား အရှင်ဘုရား…။
လောကီမင်္ဂလာအဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျင်မြန်စွာပြည့်စုံ၍ နှလုံးစ်ိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား။

ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ခြင်း အကျိုး (၁၀)ပါး
************************************
၁။အစားအစာ မရှားပါးခြင်း

၂။ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း

၃။ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း

၄။လူချစ်ခင် ပေါများခြင်း

၅။ပရိသတ်အလယ်၌ တင့်တယ်စွာ နေနိုင်ခြင်း

၆။ကောင်းသတင်းဂုဏ် ကျော်စောခြင်း

၇။အခြွေအရံများခြင်း

၈။စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း

၉။ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း

၁၀။သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း
အစရှိသော ကောင်းကျိုးတို့ကို ရရှိနိူင်ပါသည်။
               
ခင်ပွန်းကြီး (၁၀)ပါး ပြစ်မှားခြင်း ဒဏ် (၁၀)ပါး
***********************************
၁။ပြင်းထန်သော ဦးခေါင်းနာ စသည် ဝေဒနာများဖြစ်ခြင်း

၂။ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း

၃။လက်,ခြေ ပြတ်ခြင်း၊ ကိုယ်အင်္ဂါ ပျက်စီးခြင်း

၄။ကုသ၍ မရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း

၅။ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း

၆။မင်းပြစ် မင်းဒဏ် ခံရခြင်း

၇။မတရားသဖြင့် စွပ်စွဲခံရခြင်း

၈။ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်း မရရှိခြင်း

၉။စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း

၁၀။နေရာ တိုက် အိမ် မီးလောင်ပျက်စီးခြင်း

အစရှိသော ဘေးဒဏ်တို့သို့ ကျရောက်တတ်ပါသည်။


မူရင်း Credit