စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, January 15, 2021

တန်ဖိုးရှိသောအသိ

တန်ဖိုးရှိသော အသိ
🌷🌷🌷🌷🌷🌷🌷
 
  အသိဟာ သိပ်အရေးကြီးပါတယ်။
အဲဒီ အသိဆိုတဲ့နေရာမှာ ဉာဏ်နဲ့ယှဉ်တဲ့ အသိကို ဆိုလိုတယ်။
စားဖို့ အသိ, အိပ်ဖို့ အသိ, မေထုန်မှီဝဲဖို့ အသိကို ဆိုလိုတာ မဟုတ်ဘူး။
အဲဒီအသိမျိုးကို `တိရစ္ဆာန်သိ` လို့ ခေါ်တယ်။
 
  လူဟူသည် ကောင်းမှုကိုလည်း သိရမယ်၊
မကောင်းမှုကိုလည်း သိရမယ်။ ယင်းသို့ သိသည့်အားလျော်စွာ ကောင်းမှုကို ပြုစုပျိုးထောင်ပြီး မကောင်းမှုကို ရှောင်ကြရမယ်။
ဒါကြောင့် ဉာဏ်နဲ့ယှဉ်တဲ့ အသိရှိလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ ဘဝလမ်းကြောင်းဟာ ဖြောင့်မတ်သွားပါလိမ့်မယ်။
 
   ပြစ်မှုတစ်ခုကို လွန်ကျူးထားသော ပုဂ္ဂိုလ်သည်လွန်ကျူးမှန်း သိပြီးသည့်နောက် တောင်းပန်ဝန်ချတယ်ဆိုရင် ရှင်ဒေဝဒတ်ကဲ့သို့ ကောင်းကျိုးသုခကို ရနိုင်ပါတယ်။
 
   သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့ရန် သေချာနေတဲ့ အဇာတသတ် ရှင်ဘုရင်ကြီးဟာ ဖခမည်းတော်ကို သတ်မိတယ်။
ဖခမည်းတော်ကို သတ်ပြီးတဲ့အချိန်မှာ စားလို့လည်း မဝင်တော့ဘူး၊ အိပ်လို့လည်း မပျော်တော့ဘူး။
 
  သောကရဲ့ ဒဏ်ကို အလူးအလဲ ခံနေရတဲ့
ထို အဇာတသတ်မင်းကြီးကို ဆရာဇီဝကက
တန်ဆောင်းမုန်းလပြည့်နေ့မှာ ဘုရားဆီပို့ပေးလိုက်သောကြာင့် အဇာတသတ်ဟာ သာမညဖလသုတ္တာန်တရားကို နာလိုက်ရတယ်။
 
  တရားနာလဲပြီးရော မြတ်စွာဘုရားကို
တောင်းပန်ဝန်ချ ကန်တော့တယ်။
အဲဒီတော့ ဘုရားက ဘာပြောသလဲ …
`မင်းကြီး အပြစ်ကို အပြစ်မှန်း သိလို့ ဝန်ခံခြင်းသည်
ကြီးပွားခြင်း၏အကြောင်းပဲ၊ နောက်နောင်
မလွန်ကျူးမိအောင် စောင့်ရှောက်ပေါ့` လို့ မိန်တော်မူလိုက်တယ်။
ဒီလို တောင်းပန်လိုက်တဲ့အတွက်ကြောင့် အဇာတသတ်ဟာ 'ပစ္စေကဗုဒ္ဓ` ဖြစ်အုံးမယ်။
 
လူတိုင်းလူတိုင်းရဲ့ နှလုံးသားထဲမှာ
ကုသိုလ်ကောင်းမှုမျိုးစေ့တွေ, သူတော်ကောင်းမျိုးစေ့တွေ ရှိကြတယ်။ သူတော်ကောင်းမျိုးစေ့ ဖြစ်နိုင်ခွင့်ရှိတဲ့ ဒီဘဝမှာ အခွင့်အရေး ဆုံးရှုံးမသွားအောင်, မိမိတို့ရဲ့ နှလုံးသားမှာ ကိန်းအောင်းနေတဲ့ သူတော်ကောင်းမျိုးစေ့ကို သေမသွားအောင် ဉာဏ်နှင့်ယှဉ်သော အသိဖြင့် ထိန်းထားကြရမယ်။
 
 
သီတဂူဆရာတော်ဘုရား..
 
(သစ္စာနှင့် မေတ္တာ တရားတော်မှ)
 
Credit;

No comments:

Post a Comment