စိတ်၏ အလိမ် မိနေကြတယ်
°°°°°°°°°🌊🎡🌊°°°°°°°°°
ခန္ဓာငါးပါးရှိတယ်လို့ မှတ်ရမယ် ၊ ဒီ ခန္ဓာငါးပါးဟာ " အနိစ္စတရား ၊ ဒုက္ခတရား ၊ အနတ္တတရား ၊ အသုဘတရား ၊ ဒုက္ခသစ္စာတရား ၊ ဘယ်အချိန် ဥာဏ်နဲ့ ကြည့်ကြည့် ၊ ဥာဏ်သမားကဖြင့် ယောက်ျား ၊ မိန်းမမတွေ့ဘူး ၊ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ၊ အသုဘ ၊ ဒုက္ခသစ္စာ
ဒီ ငါးချက် တစ်ချက် ချက်ပဲတွေ့မယ် ၊ ...
ဒါ ဥာဏ်မျက်လုံးနဲ့ကြည့်မှနော် ....
ပကတိ မျက်လုံးနဲ့ ကြည့်မယ်ဆိုရင် ဖြူတယ် ၊
ညိုတယ် ၊ လှတယ် ၊ဝ တယ် ၊ ဒါပဲဖြစ်မှာပဲ ၊ ဥာဏ်မျက်လုံးဆိုတာ မျက်လုံးမှိတ်ကြည့်ရတယ် ၊ ကြည့်လိုက်တဲ့ အခါကျတော့ ..ဖြူ နီ ကြောင် ကြားလဲ မတွေ့ဘူး ၊ ဟိုနေရာက ရွရွ ၊ ဒီနေရာက ပူလိုက် ၊ အေးလိုက် ၊ ဒါပဲ တွေ့ရတယ် ၊ ...
ဒါက ဥာဏ်တွေ့ကို ပြောနေတာ ၊
ဥာဏ်တွေ့က ပုဂ္ဂိုလ် သတ္တဝါ ပျောက်တယ် ၊
ဥာဏ်တွေ့မှ အမှန်ပါလားလို့ မှတ်ပါ......
ဥာဏ်တွေ့ မဟုတ်တဲ့ ပုဂ္ဂိုလ်ကတော့ မျက်လုံးစိတ်ကတော့ မြင်တယ်ဆိုလို့ရှိရင် ..မုန်းတတ်ရင်လဲ လာမယ် ၊ မုန်းတယ် မကြည့်ချင်ဘူး ဟုတ်လား.....သောက ၊ ပရိဒေဝ ၊ ဥပါယာသ ၊ တွေလာမှာပဲ ...အဝိဇ္ဇာ ၊ သင်္ခါရ တွေကော ..
( လာပါတယ်ဘုရား ).၊
ဥပမာ မယ် ...ဒါက မျက်လုံးတွေ့တယ် ၊
ထားပါဦးတော့ ၊ ဒါက ခန္ဓာမျက်လုံးတွေ့တာက အဆင်းတွေ့တာပဲ ၊ ဟောဒီ နောက်စိတ်တွေက
ဒေါသ ၊ သောက ၊ ပရိဒေဝ ၊ ဥပါယာသ နောက်စိတ်တွေက လိမ်ပစ်
လိုက်တာနဲ့ ၊ မြင်တာဟာ အဆင်းပဲလို့ သူတို့က ဆုံးဖြတ်ချက် မချဘူး ၊
မုန်းစရာပဲလို့ ဆုံးဖြတ်ချက်ချတယ် ၊ ဒါဖြင့် နောက်စိတ်က အလိမ်စိတ်တွေပေါ့ ...မြင်တယ် ဆိုလို့ရှိရင်ဖြင့် မြင်တာသည် ဒီက အဆင်း ၊ ဒီကမြင်တယ် ၊ မြင်တယ်ဆိုရင် ဒီက မုန်းတဲ့ စိတ်လာတယ် ၊
လိမ်စိတ်ဆိုတာ ဒါပါပဲ ၊ မြင်တယ် ၊ ခင်တယ် ၊ စွဲလမ်းတယ် ၊ အားထုတ်မယ် ဆိုတော့ ...
ဒါ လိမ်တာပဲ မှတ် ......
ဒါဖြင့် " ဝိပါက် အမှန် ဇောအပြန် " ဆိုတာ မှတ်ထားပါ ၊ ဝိပါက်ဆိုတာ မြင်တဲ့စိတ်ဟာ.ဝိပါက်စိတ်နဲ့မြင်တာ ၊ သူနဲ့ ကြည့်လိုက်တော့ အမှန်တော့ မြင်တာပဲ ၊ အဆင်းကိုမြင်တာပဲ ၊ သို့သော် နောက် ဒီဇောစိတ်တွေ က လိမ်ပစ်လိုက်တဲ့အခါ ကျတော့ ..
အဆင်းမဟုတ်ဘူး ၊ မုန်းစရာ ဖြစ်သွားတယ် ၊ ခင်ဗျားတို့ စိတ်ကို ခင်ဗျားတို့ မနိုင်တာနဲ့ ..သူက အပါယ်ပို့လိုက်တယ် ၊ လိမ်တဲ့ စိတ်က အပါယ်ပို့လိုက်တာ ၊ ...စိတ်ကြောင့် ချမ်းသာရတယ် ၊ စိတ်ကြောင့် ဆင်းရဲရတယ် ၊ စိတ်ကြောင့် အပါယ်ရောက်ရတယ် ၊ စိတ်ကြောင့်ပဲ
နိဗ္ဗာန် သွားရတယ် ၊ ...အမျိုးမျိုး ပေါ့ဗျာ ....မြင်တာက အဆင်းပဲ ၊ အမှန်သားပဲ ၊ ဝိပါက်စိတ်နဲ့ မြင်တာကိုး ၊ ဟောဒီ ဇော တွေကျတော့ ၊ ဖောက်ပြန်သွားတယ် ၊
ဒါဖြင့် မျက်လုံးက လိမ်တာလား ၊ မျက်လုံးနောက်က လိုက်တဲ့ စိတ်တွေက လိမ်တာလားလို့ မေးရင်
( မျက်လုံးနောက်က စိတ်တွေက
လိမ်တာ ပါဘုရား ) ၊ အဲ ခင်ဗျားတို့က ဒါ တစ်တန်းတည်း မလုပ်နိုင်လို့
နိဗ္ဗာန် နဲ့ဝေးနေတာ ၊...သူနဲ့ တစ်တန်းတည်း ထားရင် ရှင်းသွားမယ် ...
မြင်တာကလဲ အဆင်း ၊ သိတာကလဲ အဆင်းဆိုရင် ကိစ္စမရှိဘူး ....
မျက်လုံးက အဆင်းမြင်တာကိုး ၊ ခင်ဗျားတို့က မုန်းစရာဖြစ်လာတယ် ၊
ဒေါသဖြစ်တယ် ၊ သောကဖြစ်တယ် ၊ အဆင်းမြင်တာနဲ့ " ဒေါသ ၊ သောက " နဲ့ ဘာမှ မဆိုင်ဘူး ၊ အဆင်းမြင်တယ်ဆိုရင် အဆင်းရယ်လို့
လျှောက်သိရုံပဲ ၊ အခုတော့ ဒီလို မသိဘူး ၊ မုန်းစရာဖြစ်လာတယ် ၊ ...
ဒါဖြင့် မြင်စိတ်က လိမ်တာလား ၊ နောက် ပဋိစ္စသမုပ္ပါဒ် ဇော စိတ်ကလိမ်တာလား ၊
( ဇောစိတ်က လိမ်တာပါဘုရား ) ၊ ခင်ဗျားတို့ အလိမ်မိနေတဲ့ လူတွေ ......
ဥာဏ်နဲ့ တွေ့မှ ..ဒါပေါ်မယ်နော်...အဲဒီတော့ ၊ ခင်ဗျားတို့ အလိမ်ပြေချင်ရင် ...ဒီလိုလုပ်ပါ ၊ မျက်လုံးကမြင်တယ် ၊ ဘာကိုမြင်သတုန်း ..ဖြူတာ ၊ နီတာကို မြင်တယ် ၊ နောက်ဇောစိတ်တွေက ကော ဖြူတာပဲ ၊ ဖြူတာကိုပဲ သိနေရမယ် ...ေဩာ်...ဖြူတယ် ၊ မျက်လုံးကလဲ အဖြူမြင်တယ် ၊ နောက်စိတ်တွေကလဲ အဖြူရယ်လို့ပဲ လျှောက်သိနေလို့ရှိရင်
ဒါ ..လိမ်သေးရဲ့လား ...( မလိမ် ပါ ဘုရား ) ......
စိတ်၏_အလိမ်မမိအောင်_သတိ_ပညာကိုဆောင်ကြပါစို့...။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
သတ္တဝါ မှန်သရွေ့ တရားတွေ့ " မဂ် ဖိုလ် နိဗ္ဗာန် " ချမ်းသာရကြပါစေ ။
No comments:
Post a Comment