စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, January 4, 2021

အိမ်တွင်းအလှူမဏ္ဍာပ်

အိမ်တွင်းအလှူမဏ္ဍပ်  &  ဝမ်းတွင်းအလှူမဏ္ဍပ်
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

 ” သခင်က နွားကိုကျွေးတာ ကုသိုလ်လိုချင်လို့ ကျွေးတာလား?  ခိုင်းစားဖို့ ကျွေးတာလား? 
ဘာလုပ်ဖို့ ကျွေးတာတုန်း။ ” 
”..... ခိုင်းစားဖို့ ကျွေးတာပါ ဘုရား ”

 ”သားသမီးကျွေးတာကော? 
”.....မပြောရဲပါဘုရား..”

” ပြောဗျာ။ ပြောကို ပြောရတော့မှာလေ။ တို့စာမှာကျတော့ အဲ့ဒါကို အိမ်တွင်းမဏ္ဍပ်လို့ ခေါ်တယ်။ ”
အလှူတစ်ခုလို သဘောထားပါ။ 
ဟုတ်ဗျာ။ အိမ်တွင်းမဏ္ဍပ်။
..ဟို အိမ်ရှေ့ထွက်ပြီး ဆွမ်းတွေ ဘာတွေလောင်းတာ အိမ်ပြင်မဏ္ဍပ်လို့ခေါ်တယ်။ ”

”သားသမီးကျွေးမွေးတာ အဲဒါ အိမ်တွင်းမဏ္ဍပ်ပါ။ 
အဲ့တော့ သူက ကိုယ့်ကိုပြန်ပြီး ကျေးဇူးသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဒါသူတို့ကိစ္စ၊ တို့နဲ့ မဆိုင်ဘူး။ 
ဟုတ်တယ်နော်။ ”

... ” မှန်လှပါဘုရား ”

”ကျေးဇူးသိချင် သိမယ်၊ သိချင်မှလဲ သိမယ်*
ပြီးတော့ ကျေးဇူးသိသည့်တိုင်အောင် သူ့မှာ အထောက်အပံ့ရှိချင်မှလဲ ရှိမယ်။ 
ချို့တဲ့ရင်လည်း ချို့တဲ့နေမယ်။ 
အဲ့တော့ ကိုယ်က မျှော်ထားလို့ ကိုယ်မျှော်သလို မဖြစ်ရင် စိတ်မဆင်းရဲဘူးလား? ”

” ....ဆင်းရဲပါတယ်ဘုရား... ”

”...စိတ်ဆင်းရဲမှာပေါ့။ ”
ကိုယ်ကိုယ်တိုင်က သူတို့အပေါ် သဒ္ဓါစိတ်နဲ့ပေါ့ "ဪ သူ့ခမျာလေးတွေ ငါ့ကိုမှီပြီး မှီခိုစားနေကြရတာ ငါကြိုးစားရင် ကြိုးစားသလောက် သူတို့အဆင်ပြေကြမှာ။  ငါထောက်ပံ့ရင် ထောက်ပံ့သလောက် သူတို့ အဆင်ပြေကြမှာ "
ဒီစိတ်ကလေးနဲ့ကျွေးရင် နေ့တိုင်း ကုသိုလ်မရနိုင်ဘူးလား? ”

”...ရနိုင်ပါတယ် ဘုရား ”

” ကုသိုလ်၊ ကုသိုလ်”
***********************
အဲ့သလောက်မှ မကျွေးနိုင်ရင် ကိုယ့်ကိုယ်ကို ကုသိုလ်ပြုကြစမ်းပါ။ 
ကိုယ့်ကိုယ်ကိုလဲ အလှူပေးရသတဲ့ဗျ။ 
ပေးနိုင်ပါ့မလား? ကိုယ့်ကိုယ်ကို။

တို့ကိုမှီပြီး ပိုးအမျိုးက (၈၀) ၊အကောင်ပေါင်းမဟုတ်ဘူး။ 
 ခုဒီမှာ ဗမာတဲ့၊ ရှမ်းတဲ့၊ တရုတ်တဲ့၊ ချင်းတဲ့၊ ကရင်တဲ့ ဆိုတဲ့ လူမျိုးရှိသလို ...
 ကိုယ်ထဲမှာလဲ အမျိုးပေါင်းကို (၈၀) ရှိတာ။ 
 အဲ့ဒီမှာ ဒီက ချကျွေးတဲ့အစာကို မှီခိုစားနေရရှာတာ။ 
 အဲဒါ "#ဝမ်းတွင်းမဏ္ဍပ်" လို့ခေါ်တာ။ 
အိမ်တွင်းမဏ္ဍပ် မဟုတ်ဘူး။ ဝမ်းတွင်းမဏ္ဍပ်။ 

”... မှန်လှပါဘုရား ”

” ဘယ့်နှယ့်တုန်း။ ငါဆာလို့ ငါစားသလား? ငါ့ပိုးလေးတွေကို ဒါနပြုတာလား? ”

”... ငါဆာလို့ ငါစားတာပါဘုရား ”

”.. စာဂ၊ ကိုယ်ကျိုးစွန့်ပါတယ်ဆိုမှ။ 
အဲ့ဒီမှာကိုယ်စားချင်သလောက်စား ကိုယ့်အတွက် ၁ ပုံပဲရတယ်။ 
 ၅ ပုံပုံရပါသတဲ့။ 
 ၁ ပုံက ပိုးစားတာ။ 
 ထမင်းတစ်လုတ်လောက်၊ ၂ လုတ်လောက်၊ ၃ လုတ်လောက်ထိအောင်က တို့အူတိုင်ဆင်းသွားတဲ့ဟာက သူတို့ အစာအိမ်ထိရောက်အောင် မစောင့်နိုင်ပါဘူးတဲ့။ 
 ဘယ်ကရရ လှမ်းဆွဲရရှာတာ။ 
 ငတ်လွန်းလို့။ 
 ဘုန်းကြီးထဲ ပိုးဖြစ်ရတဲ့ကောင်တော့ ဘယ်လောက် ဒုက္ခရောက်မလဲ။ 
 တခါပဲစားရတာ။ 
 မင်းတို့ ဝမ်းထဲဆို တော်ဦးမှာ။ 
 ဘုန်းကြီးဝမ်းထဲဝင်စားတဲ့ပိုးဆို တစ်ထပ်ပဲ စားရရှာတာ။ 
 အဲ့ဒါ မစောင့်နိုင်ဘူးတဲ့ ။
 အဲဒါ လှမ်းလှမ်းပြီး အူတိုင်က ကျလာတဲ့ဟာကို အစာအိတ်ထဲထိအောင် မစောင့်နိုင်ဘူး။ 
 ဆွဲဆွဲစားရရှာတယ်တဲ့။ 

 ပိုးစာအတွက် ၁ ပုံ
*********************

ပြီးတော့ ကိုယ့်အစာကိုပြန်ပြီး ချက်ဖို့ရာအတွက် လောင်မီးအတွက် ၁ ပုံ။ 
 ပြီးတော့ ဒီကနေ အဆီအနှစ်ထုတ်လိုက်တော့ ဟိုအရည် အကာခေါ်မှာပေါ့ အဲ့ဒီဘက်က ကျင်ကြီးအဖြစ်နဲ့ ၁ ပုံသွားတယ်။ 
 အရည်ကို ညစ်ထုတ်လိုက်တဲ့ ကျင်ငယ် ၁ ပုံသွားတယ်။ 
 အဲ့ဒီ အရသာသတ္တိကို ဒီထဲက ထုတ်လိုက်တဲ့ အဆီအတွက် အဲ့ဒီ ၁ ပုံသာ တို့စားရတာ။ 
 ဗိုက်ထဲကို သွင်းလိုက်တာကို ၅ ပုံပုံမှ တို့ရတာ ၁ ပုံထဲ။ 
 ပိုးစာကို ၁ ပုံကျွေးရတယ်။ 
 ဘယ်နှယ့်တုန်းဗျာ့။ ကျွေးနိုင်ပါ့မလား။ 

 အဲ့တော့ ကိုယ်စားလဲ အဲပိုးလေးတွေ ငါ့ကိုမှီခိုပြီး စားနေရရှာတာ။ 
 ပိုးလေးတွေခမျာ ငါ့ကိုမှီပြီး စားနေရရှာတာ သူတို့ခမျာလေးတွေအတွက် ငါတတ်နိုင်သလောက် ဒါနခမ်းချမယ်ဆိုရင် ဪ ဝမ်းတွင်းဒါန ဖြစ်သွားပြီဗျ။ 
 အပြင်လုပ်မှ မဟုတ်ပါဘူး။ 
 ဒါလဲ စာဂ။ 
 ကိုယ်ကျိုးစွန့်လိုက်တာ ထင်တယ်။ 
 ကိုယ်ကျိုးစွန့်တော့ကော ကိုယ့်ဗိုက်ထဲ ဝင်သွားတာ သူတို့မစားရဘူးလား။ 

”… စားရပါတယ်ဘုရား..”

 ” စားနေရတာပါပဲကွယ့်။ 
 ငါစားဖို့ဆိုပြီး ထပ်ပြီးတော့ ကြွေးကြော်ဖို့လိုသေးလား? ”

”…မလိုပါဘူး ဘုရား ”

 စာဂရှိရသနော်။ 
 ဘာရှာရှာ။ အတ္တဒိဋ္ဌိ မရှိရပါဘူး။ 
 ဟုတ်တယ်နော် 
 ငါ့ဖို့၊ ငါ့ဥစ္စာ  ၊ငါ့ဗိုက်  ၊ဒီစိတ်ထားနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းဘူး။

** မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော "သူတော်ကောင်း ဥစ္စာခုနှစ်ဖြာ" တရားတော်မှ ကောက်နုတ်ချက်။ 

Credit - original uploader.

No comments:

Post a Comment