နီးကပ်ရင် မီးဟတ်တယ်
🥀🥀🥀🥀🥀🥀🥀🥀
အကုသိုလ်ကြီးမားတဲ့သူနဲ့ အတူတွဲခဲ့မိလို့အရှင်သာရိပုတ္တရာတောင် ဆွမ်းမရခဲ့ဘူး--
ငါးတွေကို အတူဆေးချပြီးသတ်ခဲ့လို့
သာကီဝင်းသားတွေ သေခဲ့ရဘူးတယ်။
နွားကျောင်းသားတွေ တောထဲမှာ ဖွတ်ကြီးတစ်ကောင်တွေ့တော့
စိတ်တူကိုယ်တူ ဖွတ်ဝင်သွားတဲ့တောင်ပို့ကို ပိတ်ခဲ့ဘူးတဲ့
အကုသိုလ်ကြောင့် ရဟန်းဖြစ်တော့
တောထဲမှာ ညခဏဝင်အိပ်ကြတာ ဂူ က အလိုလို ပိတ်သွားလို့
အကုသိုလ်အကြွေးတွေ ဆပ်ခဲ့ရဘူးတယ်။
အကုသိုလ်ကြီးမား တဲ့ အမျိုးသမီးတစ်ယောက်ကြောင့်ရေလည်ခေါင်မှာ ချာချာလည်ပြီး ရှေ့့ဆက်မရတဲ့အတွက် အကုန်လုံးစိတ်သောက ရောက်ခဲ့ရဘူးတယ်။
တကယ်တော့ သတ္တဝါတွေဆိုတာ စိတ်ဓာတ်တူရာ ပေါင်းကြတာပါပဲမဟုတ်လား-
ရေ ရေ ခြင်း ရောသလို ဆီ ဆီခြင်းပဲ ရောကြတာပါပဲ။
ရခဲလှတဲ့လူ့ဘဝလေးမှာ နေရတဲ့အချိန်လေးက ခဏလေးပါ အလင်းက လာခဲ့ပေမယ့် အမှောင်ထဲကျသွားရင်တော့ ပေးဆပ်ရတာ မတန်ဘူးနော်။
စိတ်ကောင်းရှိတဲ့သူတွေနဲ့နီးအောင်နေ
ကုသိုလ်တရားတို့ကို တိုးပွားအောင်ကြိုးစား။
အကုသိုလ်ကံ ကြီးမားတဲ့သူနဲ့ ဝေးအောင်ရှောင်။
အကုသိုလ်ကံဆိုတာ နီးကပ်ရင်မီးဟတ်တယ်။
🌹🌹ဖြေဆည်ရာဆရာတော်🌹🌹
Credit....
No comments:
Post a Comment