စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 13, 2021

ရောင့်ရဲတင်းတိမ် မြတ်စည်းစိမ်

ရောင့်ရဲတင်းတိမ် မြတ်စည်းစိမ်
_____________________________

           မွန်မြတ်တဲ့တရားကိုလိုလားတဲ့ သူတော်ကောင်းဟာ ရတတ်သမျှ ရှိသမျှ ဖြစ်လာသမျှနဲ့ ကျေနပ်ရောင့်ရဲ
တင်းတိမ်နိုင်ရပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက သန ္တုဿကော စ လို ဟောတော်မူထားပါတယ်။ ရသမျှ စားစ
ရာ ဝတ်စရာ နေစရာတွေနဲ့ မရောင့်ရဲ မကျေနပ်နိုင်တဲ့သူဟာ ရှာရဖွေရ ကြောင့်ကြစိုက်နေရတဲ့အတွက်ကြောင့် ရှာဖွေလို့မရတဲ့အခါ စိတ်ဆင်းရဲရပါတယ်။ ရပြန်တော့လည်း 
ဒီထက်ပိုရအောင် ရှာဖွေပြန်သေးတယ်။

        ရှာဖွေတဲ့အခါ ထင်သလိုမရတော့ စိတ်ဆင်းရဲ ပင်ပန်းရတဲ့သူဟာ မေတ္တာစိတ်ဘယ်လိုလုပ်ပြီး  ဖြစ်တော့မှာလဲ၊ ရသမျှနဲ့ရောင့်ရဲ ရှိတာနဲ့တင်းတိမ်တဲ့သူဟာ ပစ္စည်းဥ
စ္စာနဲ့ ပတ်သက်ပြီးဖြစ်စေ ပုဂ္ဂိုလ်တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီးဖြစ်စေ စိတ်ဆင်းရဲမှု စိတ်ဆိုးစိတ်ပျက်မှုတွေ မဖြ
စ်တော့ဘူးပေ။နှလုံးစိတ်ဝမ်းအေးချမ်းနေတာကြောင့် မေတ္တာတရား အလွယ်တကူ ဖြစ်ပေါ်နိုင်ပါတယ်။

         နှလုံးစိတ်ဝမ်း အေးချမ်းမှုမရှိတဲ့သူဟာ မေတ္တာမပွားနိုင်ရုံသာ မဟုတ်သေးပါဘူး၊ ဝိပဿနာဉာဏ်တွေလည်းဖြစ်ပေါ်ဖို့ ခဲယဉ်းပါတယ်။ ရဟန်းတော်များအတွက်ဆိုရင် 
ရဟန်းဖြစ်စမှာပဲ သိမ်ထဲကနေမထွက်မီ သလုံးမြင်းခေါင်းခြေနှစ်ချောင်းကို အားကိုသမှု အမှီပြု၍ ရရှိတဲ့ အိမ်စဉ်လှည့်လည် ခံယူလို့ရတဲ့ဆွမ်း အိမ်ကြိုအိမ်ကြား လမ်းကြိုလမ်းကြား အမှိုက်ပုံးအစရှိတဲ့ နေရာမှာပစ်ထားတဲ့ အဝတ်စုတ်တွေကို ကောက်ယူဖာထေး စပ်ချုပ်ပြီးဝတ်ထားတဲ့ အဝတ်သင်္ကန်း သစ်ပင်ရင်းတည်းဟူသောကျောင်း နွားကျင်
ငယ်နဲ့ စိမ်ပြီးထားတဲ့ ဆီးဖြူဖန်းခါးသီးဟူသောဆေး အဲ့လိုပစ္စည်းလေးပါးကို အမှီပြုပြီး ရဟန်းဘဝနဲ့နေရမယ်။

          ဘုန်ကံကြီးမား လာဘ်လာဘပေါများလို့ အခြားအခြား ဆွမ်းကောင်းကောင်း သင်္ကန်းကောင်းကောင်းကျောင်းကောင်းကောင်း ဆေးကောင်းကောင်းတို့ ရရှိရင်လည်း သုံးဆောင်မှီဝဲနိုင်တယ်လို့ ဆရာသမားတွေက ညွှန်ကြားဆုံးမခဲ့ပါတယ်။ မိမိကိုယ်တိုင်ကလည်း အာမဘေ
န ္တလို့လျှောက်ထားပြီး အဆုံးအမစကားကို ကျေနပ်စွာလက္ခံခဲ့ပါတယ်။ ဒါကြောင့်ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးနဲ့ပတ်သက်ပြီး ကောင်းကောင်းဆိုးဆိုး ရသမျှ
နဲ့ ရောင့်ရဲတင်းတိမ်ရပါမယ်။ 

        ရသမျှ ပစ္စည်းလေးပါးအပေါ်မှာ ငြိကပ်တွယ်တာမှုမနှစ်သက်စိတ်ပျက်မှုတွေ ကင်းရှင်းပြီး ကျေကျေနပ်နပ် သုံးဆောင်ရပါတယ်။ အဲ့ဒီလိုစိတ်မျိုး ထားတတ်သူဟာ ဘယ်နေရာပဲရောက်နေနေ တရားအားထုတ်ရတာ အဆ
င်ပြေပါတယ်။ ယောဂီတို့အနေနဲ့ အဲ့ဒီလိုစိတ်ထားမျိုး ကိုယ့်သန ္တာန်မှာ ရှိမရှိပြန်လည်ဆန်းစစ်ပြီး မရှိလျှင်ရှိအောင်ကြိုးစားပြုပြင်သွားကြပါ။ တရားသမားလို့ အမည်ခံပြီး ဒီ
လိုထမင်းမျိုး ဒီလိုဟင်းမျိုးမစားနိုင်ဘူး ဒီလိုအဆောင်မျိုးမှာမနေနိုင်ဘူး။ ငါ့အတွက် ဘယ်လိုဟင်းမျိုးချက်ပေးစမ်း
စသည်ဖြင့် ကချီကချောင်လုပ်နေရင် တရားရဖို့ ဝေးပါေသးတယ်။ ကချီကချောင်လုပ်တတ်တဲ့စိတ်ရှိသူဟာ မေတ္တာတရားဘယ်လိုလုပ်ပွားများနိုင်မှာလဲ၊ ဒါကြောင့်ယော
ဂီတို့ ဆွမ်းစားတဲ့အခါ ဟင်းထဲမှာ ဆားများသွားရင် ဒီဟင်းမျိုးစားရတာ အစာကြေတယ်လို့ နှလုံးသွင်းပြီး စားကြပါ။
ဆားပေါ့သွားရင်လည်း ရေငတ်သက်သာတယ်လို့သာ နှလုံးသွင်းပါ။ နှလုံးသွင်းတတ်မှ ကုသိုလ်ဖြစ်မှာပါ။ *သန ္တုဋ္ဌီ ပရမံ ဓနံ* ရရသမျှ ပစ္စည်းဥစ္စာနဲ့ တင်းတိမ်ရောင့်ရဲခြင်း
သည် အမြတ်ဆုံးချမ်းသာလို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။ 

                         ဝနဝါသီ အရှင်ဝါသေဋ္ဌာဘိဝံသ
             ကျောက်တစ်လုံးတောရ ဆရာတော်

Credit....

No comments:

Post a Comment