စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 13, 2021

ကုသိုလ်ပဲလုပ်

ဒီဘ၀ ပြီးသွားရင် 
ဘယ်ဘဝ ရောက်မယ် ဆိုတာ 
သာမန် ပုထုဇဉ်တွေ မသိနိုင်ဘူးပေ့ါ …

မြတ်စွာဘုရား တရားတော်တွေ 
တို့တတွေ နာခွင့်ရကြတယ် …

တရားတော်တွေ ဆိုတာ 
ရောဂါပျောက်အောင် ကုသနိုင်တဲ့ 
ဆေးနဲ့အလားတူပါတယ် …

ဆေး ဆိုတာ မသောက်ဘဲနဲ့ 
နေလို့ရှိရင်တော့ ရောဂါ မပျောက်နိုင်ပါ …

ရောဂါ ပျောက်ချင်ရင် 
ဆေးကို မှန်မှန် သောက်ရတယ် …

တရား ဆိုတာလည်း 
ဘ၀မှ လွတ်မြောက်အောင် မှန်မှန်နှလုံးသွင်းရပါတယ် …
         
ကိုယ့်စိတ်ထဲမှာနှလုံးသွင်းခြင်းဖြင့် 
စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ 
စိတ်ရဲ့ အညစ်အကြေးတွေဟာ 
တဖြည်းဖြည်း သန့်စင်ပြီးတော့ …

နောက်ဆုံးမှာ …

ကိုယ့် စိတ်ဟာ ကြံ့ခိုင်တဲ့ 
စိတ်ဓာတ်မျိုးကို ရလာပါမယ် …

ကိုယ့် စိတ်ဓာတ်ကို ကြံ့ခိုင်လာအောင် 
ကိုယ်ဘဲ လုပ်ရပါတယ် …
         
အဲဒါကြောင့် …
    
မြတ်စွာဘုရားက 
" အတ္တာဟိ အတ္တနော နာထော " လို့ 
ကိုယ် လုပ်မှ ကိုယ်ရတယ် ဆိုတာ 
အင်မတန်မှ လက်တွေ့လည်း ကျပါတယ် …

တရားဟာ မိမိရဲ့ ဘ၀ပဲ
ကိုယ့် ဘ၀ပဲ …

တရားလို့ပြောလိုက်တာနဲ့ 
စီးပွား၊ ရာထူး၊ သားသမီး၊ ဇနီးမယားကို စွန့်ပြီး …

အမျိုးသမီးတွေက မယ်သီလရှင် ၀တ်ဖို့ 
အမျိုးသားတွေက ဘုန်းကြီး ၀တ်ဖို့ မလိုဘူးပေါ့ …

မိသားစုနဲ့ နေရင်းလည်း 
တရား ရနိုင်ပါတယ် …

ကျင့်ဖို့ရာ အဓိက ဖြစ်ပါတယ် …

" နှလုံးသွင်း တရား "  ဟာ 
အင်မတန်မှ အရေးကြီးပါတယ် …
         
မြတ်စွာဘုရားလက်ထက်တုန်းက 
မိသားစုနဲ့ နေရင်း 
သောတာပန်  သကဒါဂါမ်  အနာဂါမ်တွေ
ဖြစ်တာရှိပါတယ် …

အနာဂါမ် ဖြစ်သည် အထိအောင် တောင်မှ 
မိသားစု အသိုင်းအ၀န်းထဲမှာ ရှိနေသေးပါတယ် …

နောက်ဆုံး ရဟန္တာ ဖြစ်သွားရင်တော့ 
သူက မိသားစုနဲ့ မနေတော့ဘူးပေါ့ …

အဲဒီလို တရားဆိုတာ 
ဘယ်လို ပုဂ္ဂိုလ်ဘဲ ဖြစ်ဖြစ် 
ကျင့်တဲ့ ပုဂ္ဂိုလ်မှာ ရနိုင်ပါတယ် …
         
ပစ္စည်း သံယောဇဉ်   
သား သံယောဇဉ် 
သမီး သံယောဇဉ် ဆိုတော့ …

ပစ္စည်းကို စွန့်ရမှာလား ?
သားကို စွန့်ရမှာလား ?
သမီးကို စွန့်ရမှာ လားလို့ 
လူတွေက ထင်နေကြတယ် …

ဘယ်ဟာမှ စွန့်စရာ မလိုပါဘူး …

စွန့်ရမှာက ကိုယ့် စိတ်ထဲမှာ ဖြစ်နေတဲ့ 
" တွယ်တာမှု " ကို စွန့်ရမှာပါ …

အတွယ်အတာ မရှိဘဲနဲ့ နေတာ 
မတ်တောနဲ့ နတောပါ...... 

အဲဒီတော့ …
      
သား စွန့်ဖို့လည်း မလိုပါ 
သမီး စွန့်ဖို့လည်း မလိုပါ 
ရာထူး စွန့်ဖို့လည်း မလိုပါ 

" တွယ်တာမှု " ကိုဘဲ စွန့်ဖို့ လိုပါတယ် …
         
အဲဒါကြောင့်မို့လို့ …
    
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ 
တရားတော်တွေဟာ …

သတိသမ္ပဇည တရား ကိုယ့်သန္တာန်မှာ 
ဖြစ်ပွားအောင် ကြိုးစားပြီးတော့ 
အမှန်အကန် သိမယ်ဆိုရင် …

ဘ၀မှာ နေပျော်ပြီး 
နောက်ဆုံးမှာ ဘ၀က လွတ်မြောက်တဲ့ 
နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ 
ဖြစ်တယ်  လို့

ကိုယ်စီ ကိုယ်စီ သဘောကျကာ 
ကျင့်ကြံ အားထုတ် နိုင်ကြပါစေကုန်သတည်း …

(ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ 
Credit;to
(အမှောင်ပျောက်၍ အလင်းရောက်ပါစေ)။

No comments:

Post a Comment