ဥပါသကာတို့၏ ဂုဏ်ရည်
🌷🌷🌷🌷🌷🌷🌷🌷🌷
ဥပါသကာဆိုသည်မှာ
ဖြူစင်မြင့်မြတ်သောသူ။
လူ နှင့် တူသောလူ။
အပယ်မလားသောသူ။
လူ နတ် ဂတိ မြဲသောသူ။
အရိယာ နယ်ပိုင်းဝင်စပြ ုသောသူ။
အဲဒိလိုလူဖြစ်ပါတယ်။
ဥပါသကာလို့ခေါ်တဲ့အကြောင်းကတော့(သို့မဟုတ်)ဥပါသကာခေါ်ခံရတဲ့သူဟာ သူ့မှာထားရှိရမည့် ဥပါသကာ အင်္ဂါ ၄ ပါးနှင့်အညီ ရတနာ ၃ ပါးကို ယုံ ကြည်ကိုးစား ဆည်းကပ် ခစားတတ်သူကို သို့မဟုတ် သရဏဂုံ ခံယူကျင့်သုံးတတ်သူကို သရဏဂုံ တည်သူကိုပင် အဲဒါကြောင့် ဥပါသကာခေါ်တယ်ဟု မှတ်ရပါမည်။
ဥပါသကာမှာ ထားရှိရမည့် အင်္ဂါ ၄ ပါးရှိပါတယ်။
၁။ မြတ်စွာဘုရားကို ကြည်ညို
တတ်ရေး၌ ပြီးစီးနိုင်ရန် မြ တတ်ဘုရား၏ ဂုဏ်တော် ၉ပါးကို ၊တနည်း ဂုဏ်တော် ၁၀ ပါး
တို့ကို နှုတ်ရအာဂုံ သင်ကြားဆောင်ယူ ထားခြင်းနဲ့ ဗုဒ္ဓမှာအဟုတ်ရှိတဲ့ကျေးဇူးဂုဏ်ရဲ့ သဘောတရား အဓိပ္ပာယ်များကိုလည်း ကိုယ်ဥာဏ်သိယုံကြည်မှုသန့်ရှင်းခြင်းဖြစ်ကာ ဘုရားကို မတုန်မလှုပ်ကြည်ညိ ုလေးစားတတ်ရခြင်း အင်္ဂါတစ်ပါး။
၂။ဘုရားရှင် ဟောကြား ညှ ွန်ပြ
ထားတဲ့ တရားတော်မြတ်ကို ယုံကြည်စွာ လိုက်နာခံယူ ကျင့်
ကြံပွားများတတ်ရေးအတွက် ပြီးစီးနိုင်ရန် တရားဂုဏ်တော် ၅ပါး ၆ပါး တို့ကိုလည်း နှုတ်ရအာဂုံသင်ကြားဆောင်ယူထားခြင်း။
ရှင်းလင်းသော အသိဥာဏ်ပေါက်အောင် အထပ်ထပ်မှေ ွနှောက် လေ့လာဆွေးနွေး မေးမြန်း
ခြင်းတ်ို့နှင့် ပြည့်စုံကာ မတုန်မလှုပ်အဟုတ်တကယ် ကြည်ညို
လေးစားခံယူကကျင့်ပွားတတ်ရ
ခြင်း အင်္ဂါတစ်ပါး။
၃။မြတ်စွာဘုရား၏တပည့်သား
သံဃာတော်ကို ကြည်ညိုလေးစား ဆည်းကပ် ခ စားတတ်အောင် သံဃာ့ဂုဏ်ရည် ၉ ပါးကိုလည်း နှုတ်တက်အရဆောင်ကာ အမှန်ဥာဏ်သိရောက်အောင် ဆွေးနွေးမေးမြန်းခြင်းနှင့်
ပြည့်စုံလျက် မတုန်မလှုပ် ကြည်ညိုလေးစား ဆည်းကပ်ကိုးကွယ်တတ်ရခြင်း အင်္ဂါတပါး။
(သရဏဂုံ ၃ ပါးကိုလည်း အပြည့်အစုံ ကိုယ့်မှာရှိထားရမယ်လို့
မှတ်ထားရပါမယ်)
၄။ ဥပါသကာမှာ ထားရှိရမည့်
ငါးပါးသီလကို မကျိုးမပေါက် မပြောက်မကျား မပျက်ပြားစေခြင်းနှင့် မိမိကိုယ်ပိုင် လုပ်ကိုင်နေသည့် ကုသိုလ်ကံများအပေါ်၌ ဘဝကို လိုလားတောင့်တ ရယူခံစား သာယာမှုအစွဲကို တော်လှန်တိုက်ခိုက် ဖျက်စီးချိုးဖဲ့ နိုင်ရခြင်း အင်္ဂါတပါး။
အဲဒီအင်္ဂါ ၄ ပါးနှင့် ပြည့်စုံသောသူကို ဥပါသကာခေါ်တယ်လို့ ဗုဒ္ဓဘုရား ဟောကြားတော်မူပါသည်။
လူပြောသူပြော ရသေ့ ရဟန်းတို့က ဒါဟာ ဘုရားဟောလို့ ပြောတိုင်းလည်း တထစ်ချ ယုံကြည်လိုက်နာခံယူရမည်လို့မမှတ်ရပါဘူးတဲ့။
ကိုယ်တွေ့ ဒိဋ္ဌဓမ္မ သဘာဝ ကျမကျ ယုတ္တိရှိမရှိ ကိုယ်တိုင်သိဖြစ်အောင် သင်ကြား နာယူ စမ်းသပ် ဆင်ခြင် နှိုင်းစ စစ်ဆေးပါဦးတဲ့။ ဒါဟာဥပါသကာတို့၏ ဂုဏ်ရည်ပါ။ ပိတ်ဖြ ူဝတ်သူကိုပဲဆိုလိုတာမဟုတ်ပါဘူးတဲ့။
ဗုဒ္ဓဘာသာအမည်ခံသူ တစ်ယောက်က ကိုယ်ဆည်းကပ်ကိုးစားတဲ့ ဘုရားရဲ့ယုံကြည်စရာ လိုရင်းဖြစ်တဲ့ ဂုဏ်တော် ကျေးဇူးတော် တန်ခိုးစွမ်းအင် သတ္တိတော်တို့ကို ပညာရှိ ဆရာသမားများထံမှ သင်ယူကာ ကြားဖူးနားဝမှ တစ်ဆင့်တက်ပြီး ကိုယ်ပိုင်ဥာဏ်ဖြင့် ကျ ကြ ဏ န ပိုင်းခြားဝေဖန်ကာ အမှန်သိဖြစ်အောင် လုပ်ထားနိုင်ရပါမယ်။
ဒါဟာ ဥပါသကာတို့ရဲ့ စွမ်းရည်များ ဖြစ်ပါတယ်။
ဘေးရန်အပေါင်းမှကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်။
သမ္မာမဂ္ဂင်္ဂပဥှာကျမ်းမြတ်မှ လေ့လာပူဇော်ပါသည်။
မေတ္တာဖြင့်-
No comments:
Post a Comment