စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 13, 2021

မေတ္တာသက်လုံ. ၆မျိုး..

" မေတ္တာသက်လုံ (၆)မျိုး "
💚💚💚💚💚💚💚

၁။ အားသက်လုံပျက်တဲ့ နွားဟာ ပါးစပ်
ကအမြှပ်ထွက်လွယ်ပြီး လေးလံတဲ့၀န်ကို 
မသယ်နိုင်လို့ ဒုက္ခရောက်တတ်ပါတယ်။

၂။ မေတ္တာသက်လုံပျက်တဲ့ လူဟာလည်း 
ဒေါသအမြှပ်ထွက်လွယ်ပြီး စိတ်ဆိုးတတ်
ဖို့ ခန္တီ၀န်ကို မနိုင်ဖြစ်တတ်ပါတယ်။

၃။ အလောဘ သက်လုံပျက်တဲ့လူဟာ
လည်း ရာဂအမြှပ်ထွက်လွယ်ပြီး သမာဓိ
၀န်ကို မနိုင်ဖြစ်တတ်ပါတယ်။

၄။ အမောဟ သက်လုံပျက်တဲ့လူဟာလည်း 
မောဟအမြှပ်ထွက်လွယ်ပြီး ဥာဏ်ထိုင်းမှိုင်း
လို့ ဝိပဿနာ၀န်ကို မနိုင်ဖြစ်တတ်ပါတယ်။

၅။ ဟီရိသြတ္တပ္ပ သက်လုံပျက်တဲ့လူဟာ
လည်း ကိလေသာ အမြှပ်ထွက်လွယ်ပြီး 
အရှက်အကြောက်မရှိလို့ သီလ၀န်ကို 
မနိုင်ဖြစ်တတ်ပါတယ်။

၆။ သဒ္ဓါတရား သက်လုံပျက်တဲ့လူဟာ
လည်း မစ္ဆေရ အမြှပ်ထွက်လွယ်ပြီး နှမြော
တွန့်တိုလို့ ဒါန၀န်ကို မနိုင်ဖြစ်တတ်ပါတယ်။

(ရာဇဂုရု၊ တတိယမောင်းထောင် ဆရာတော်ကြီး)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

သုတေသီဘုန်းမြင့်သွေး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

poemflower 

🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
ဧရာဝတီစာကြည့်တိုက်

No comments:

Post a Comment