“ကုသိုလ်၊ကံ မပါလို့ရှိရင် "
•••••••••••••••••••••••••••••••••••••••••
ဘုန်းကြီးတစ်ခု ပြောပြချင်တယ်။
မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးဟာ
အနန္တတန်ခိုးရှင်ဖြစ်ပေမယ့်လို့ လူတစ်ယောက်ဒုက္ခရောက် နေလို့ရှိရင် ...
အကုသိုလ်ကံတွေက ကြီးမားလွှမ်းမိုးလာတဲ့
ပုဂ္ဂိုလ်ကို မြတ်စွာဘုရား ကယ်လို့မရဘူး။
မကယ်နိုင်ဘူး။
❖“ကုသိုလ်” မပါရင်လည်း
မြတ်စွာဘုရားက မ,မစနိုင်ဘူး။
လောကမှာ ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေအလိုက် တချို့ပုဂ္ဂိုလ်တွေက မ,တဲ့ဘုရားကို ကိုးကွယ်ကြတယ်။
ဘုရားသခင်က မ,တယ်နဲ့ ပြောကြတယ်။
တကယ်ကတော့ ဘုရားသခင် မ,တာ မဟုတ်ဘူး။
ကံက မ,တာ နော်။ကိုယ်လုပ်ခဲ့တဲ့ကံက မ,တာ။
တလွဲသွားပြီးတော့ လွဲမှားစွာ ထင်နေမယ်ဆိုလို့ရှိရင် ဒါလည်း မှားယွင်းတဲ့အမြင်တစ်ခုပဲနော်။
ကိုယ့်ကို တကယ် မ,တာက ဘုရားမဟုတ်ဘူး။
ကံတရားပဲ ဖြစ်တယ်။
❖ကြည့်လေ - မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်က တရားဓမ္မဟောလို့ တရားထူး၊
တရားမြတ် ရသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို
“ဧဟိ ဘိက္ခု-ချစ်သား ရဟန်း လာခဲ့”လို့ သာသနာတော်မှာ ဖိတ်ခေါ်လိုက်တဲ့အခါမှာ လူ့အသွင်ပျောက်ပြီးတော့ ရဟန်းအသွင် ရောက်လာတယ်ဆိုတာ ပရိက္ခရာရှစ်ပါး
လှူပြီးတော့ ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မှ ရတာ။
လူတိုင်းကို လုပ်ပေးချင်လို့ မရဘူး။
အကယ်၍သာ ရရင် မြတ်စွာဘုရားက ကရုဏာရှင် ဖြစ်သည့်အတွက်ကြောင့် လူတိုင်းကို ချမ်းသာအောင် လုပ်ပေးမှာပေါ့။ဒါဖြစ်နိုင်ပါ့မလား။မဖြစ်နိုင်ပါဘူး။
❖ကံမပါလို့ရှိရင် ဘာမှကို ကယ်တင်လို့ မရဘူး။
❖ပုံဝတ္ထုလေးတစ်ခု ရှိတယ်။
သိပ်ဆင်းရဲနေတဲ့ လူတစ်ယောက်ကို မ,ချင်တယ်။
မ,ချင်တော့ ဘယ်လို လုပ်တုန်းဆို အဲဒီလူက ဒီလမ်းကနေ အမြဲတမ်း သွားတယ်။သွားတိုင်းသွားတိုင် သူက အပေါ်မော့်ပြီး သွားလေ့ရှိတယ်။ဒါ့ကြောင့်မို့သူမြင်အောင်လို့ ဆိုပြီး အဲဒီပစ္စည်းလေးကို အပေါ်မှာ ချိတ်ထားတယ်။အဲဒီနေ့ကျတော့ ဘာလုပ်သွားလဲ။ငုံ့သွားတယ်။
❖ဪ ဒီကောင် ငုံ့သွားတာပဲဆိုပြီး
နောက်ရက်ကျတော့ အောက်ချထားပေးတယ်။
အဲဒီကျတော့ မော့သွားပြန်ရော။
❖ကံမရှိတဲ့လူကျတော့ ကြံဖန်ပြီးတော့ကို
လွဲမှာပဲ၊ ဟုတ်လား။ကူညီချင်လို့ မရဘူး။
ကံက မပေးရင် ဘာမှ မရဘူး။
ဒါ့ကြောင့် ကံကောင်းအောင်သာ လုပ်ပေးလို့ ရတယ်။
❖“မာဃလုလင်” ရဲ့ ဝတ္ထုကို ဖတ်ဖူးကြပါလိမ့်မယ်။
မာဃလုလင်ဘဝက အငယ်ဆုံးဇနီးကို သုဇာတာလို့ခေါ်တယ်။သုဇာတာဟာ သူ့ကိုယ်သူ ဖြီးလိမ်း အလှပြင်ပြီး နေတာ။ကုသိုလ်ကောင်းမှု လုံးဝမလုပ်ဘူး။
မလုပ်တဲ့အခါ သေတော့ ဘာသွားဖြစ်တုန်းဆို ဗျိုင်းမ သွားဖြစ်တယ်။သိကြားမင်းကြီးက အဲဒီဗျိုင်းမကို နတ် ဖြစ်အောင် သူလုပ်မပေးနိုင်ဘူး။
ဘာလုပ်တုန်းဆိုရင် နည်းလမ်း ပေးတယ်။
ဗျိုင်းဆိုတာမျိုးကလည်းပဲ ငါး သတ်စားတဲ့တိရစ္ဆာန်မျိုးပဲ။
ပါဏာတိပါတကံ ကျူးလွန် တဲ့အကောင်မျိုး။
“ပါဏာတိပါတာ ဝေရမဏိ” သီလ ဆောက်တည်ခိုင်းတယ်။
သိကြားမင်းက သူ့ဆီကို ခေါ်ချင်တာ။
ဒီအတိုင်း ခေါ်လို့မရဘူး။ဘာလုပ်ရလဲ၊ သီလကျင့်ရတယ်။
သီလကို ဆောက်တည်တဲ့အခါ ဗျိုင်းဘဝက
လွတ်ပြီး လူ့ဘဝရောက်လာတယ်။
လူ့ဘဝရောက်တော့ သိကြားမင်းက လိုက်ပြီး စောင့်ရှောက်တယ်။
နတ်ပြည်မှာဖြစ်အောင် သီလကို ဆောက်တည်ခိုင်းတာတဲ့။
သီလကို ခိုင်ခိုင်မာမာ ဆောက်တည်လိုက်ပြီ ဆိုတော့မှ သူဟာ တတိယဘဝမှာ နတ်ပြည်ရောက် သွားတာလေ။
အဲဒီတော့ ဘာလုပ်ရမတုန်းဆို “ကုသိုလ်” ပဲ လုပ်ရတယ်။
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ
Credit;to
No comments:
Post a Comment