မြင်းလေးကောင်နဲ့လူလေးယောက် ........................................
မြင်းဆိုလို့မြင်းလိမ်မြင်းကောက်ခွာလိပ်မဲ့မြင်းမဟုတ်ဘူး
အာဇာနည်မြင်းကောင်းဖြစ်ပါတယ်။
၁။ ပထမမြင်းက မြင်းထိန်းကနှင်တံလေးကိုမြှောက်ပြီး (အရိပ်)ကလေးကိုပြလိုက်တာနဲ့ ဒီနေ့ ငါ့ကို ဘယ် အကြောင်းကိစ္စတွေပြုခိုင်းမှာလဲ ဘာတွေကို လုပ်ရမှာလဲလို့ထိတ်လန့်တုန်လှုပ်ပြီး မြင်းထိန်းရဲ့အလိုကျဆောင်ရွက်လုပ်ကိုင်ပေးတဲ့မြင်းဖြစ်ပါတယ်။
၂။ ဒုတိယမြင်းကတော့ မြင်းထိန်းက နှင်တံနဲ့(အမွေး)ကိုထိအောင်ထိုးမှ ပထမမြင်းကဲ့သို့ မြင်းထိန်းရဲ့အလိုကျဆောင်ရွက်လုပ်ကိုင်ပေးတဲ့မြင်းဖြစ်ပါတယ်။
၃။ တတိယမြင်းကတော့ မြင်းထိန်းက နှင်တံနဲ့(အရေ)ကိုထိအောင်ထိုးမှ ပထမမြင်းကဲ့သို့ မြင်းထိန်းရဲ့အလိုကျဆောင်ရွက်လုပ်ကိုင်ပေးတဲ့မြင်းဖြစ်ပါတယ်။
၄။ စတုတ္ထမြင်းကတော့ နှင်တံနဲ့(အရိုး)ကိုထိအောင်ထိုးမှ ပထမမြင်းကဲ့သို့ မြင်းထိန်းရဲ့အလိုကျ ဆောင်ရွက်လုပ်ကိုင်ပေးတဲ့မြင်းဖြစ်ပါတယ်။
...........................
အာဇာနည်မြင်းကောင်းလေးကောင်ရှိသလို အာဇာနည်ယောကျာ်းကောင်းလည်းလေးယောက်ရှိပါတယ်။
ယောကျာ်းဆိုလို့ ယောကျာ်းလိမ် ယောကျာ်းကောက်လိုသာမန်ယောကျ်ားမဟုတ်ပါဘူး အာဇာနည်ယောကျာ်းကောင်းဖြစ်ပါတယ်။
၁။ ပထမယောကျာ်းက ဟိုရွာဒီရွာက ယောကျာ်းဒါမှမဟုတ်
မိန်းတစ်ယောက်... သေ...တယ်လို့(ကြား)တာနဲ့ ထိတ်လန့်တုန်လှုပ် သံဝေဂဉာဏ်တွေဖြစ်ပြီး တရားဘာဝနာ တွေကျင့်ကြံကြိုးစားပွားများအားထုတ်ပါတယ်။
(ပထမြင်းနဲ့တူပါတယ်)
၂။ ဒုတိယယောကျာ်းကတော့ ကြားရုံနဲ့ဘာမှမဖြစ်ဘူး။ ဟိုရွာဒီရွာက ယောကျာ်းဒါမှမဟုတ်မိန်းမတစ်ယောက်သေတာကို( ကိုယ်တိုင်မြင်မှ)ဘဲ ထိတ်လန့်တုန်လှုပ်သံဝေဂဉာဏ်တွေဖြစ်ပြီး တရားဘာဝနာတွေကျင့်ကြံကြိုးစား ပွားများအားထုတ်ပါတယ်။
(ဒုတိယမြင်းနဲ့တူပါတယ်)
၃။ တတိယယောကျာ်းကတော့ ကြားရုံမြင်ရုံနဲ့ဘာမှမဖြစ်ဘူး( သူ၏ဆွေမျိုးထဲက ယောကျာ်းဒါမှမဟုတ်မိန်းမသေမှ) ထိတ်လန့်တုန်လှုပ် သံဝေဂဉာဏ်တွေဖြစ်ပြီး တရားဘာဝနာတွေကျင့်ကြံကြိုးစား ပွားများအားထုတ်ပါတယ်။
(တတိယမြင်းနဲ့တူပါတယ်)
၄။ စတုတ္ထယောကျာ်းကတော့ ကြားရုံမြင်းရုံဆွေမျိုးသေရုံနဲ့ဘာမှမဖြစ်ဘူး (ကိုယ်တိုင်သေလောက်တဲ့ရောဂါရပြီး သေမည့်ဆင်းရဲဝေဒနာတွေခံစားနေရမှ) ထိတ်လန့်တုန်လှုပ် သံဝေဂဉာဏ်တွေဖြစ်ပြီး တရားဘာဝနာတွေကျင့်
ကြံကြိုးစားပွားများအားထုတ်ပါတော့တယ်။
(စတုတ္ထမြင်းနဲ့တူပါတယ်)
.............................
မှတ်ချက်..... ဖတ်ကောင်းအောင်အကျဉ်းချုပ်ရေးထားပါသည်။
အကျယ်သိလိုပါက အင်္ဂုတ္တိုရ် စတုက္ကနိပါတ် ကေသိဝဂ် ပတောဒသုတ်မြန်မာပြန်တွင်ကြည့်ပါ။
အရှင်ပညာလင်္ကာရ(ကျွဲရဲဘုန်းဘုန်း)
လိုလျှင်ဖြည့်ပါ ပိုပယ်ပါ ဖတ်ပါ သူတော်ကောင်း
................................................................
Credit..
No comments:
Post a Comment