" ကံမြှင့်နည်းများ "
================
📖 မိဘ အဝတ်အစားလျှော်ပါ။
📖 မိဘကို ပြုစုပါ။
📖 မိဘကို နေ့စဉ်ကန်တော့ပါ။
📖 မိမိအိမ် သန့်ရှင်းပါ။
📖 မိမိအိမ် မျက်နှာစာ သန့်ရှင်းပါ။
📖 ဘုရားကျောင်ဆောင် သန့်ရှင်းပါ။
📖 ဘုရားရောင်တော် ဖွင့်ပါ။
📖 ဆွမ်း ၊ ပန်း ၊ ရေချမ်း ၊ ဆီမီး
နေ့စဉ်ကပ်ပါ။
📖 ဘုရား၊ တရား ၊ သံဃာ ဂုဏ်တော်ပွား
ပါ။
📖 လမ်းပေါ်ရှိ အမှိုက်သရိုက် ၊
ဆူးများမရှိအောင် လှည်းကျင်းပါ။
📖 စေတီပရဝဏ် တံမြက်လှည်း
ကုသိုလ် ယူပါ။
📖 ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေး
လုပ်ပါ။
📖 အများသုံးအိမ်သာ သန့်ရှင်းရေး
လုပ်ပါ။
📖 မြောင်းဆယ် ၊ မြောင်းဖော်၊
မြောင်းတူးပါ။
📖 ရေကန် ဆယ်ပါ။
📖 ရေတွင်း၊ ရေကန်၊ ရေ အလှူပြုပါ။
📖 လမ်းမှာ အမှတ်တမဲ့တွေ့ရတဲ့
ဆာလောင်နေသူ လူ/တိရိစ္ဆာန်ကို
ဒါနပြုပါ။
📖 ပံ့သကူ ပစ်ပါ။
📖 ကုသိုလ်ပြုစာရင်း မှတ်ပြီး၊
ပြန်လည် ပီတိပွားပါ။
📖 သစ်ပင် စိုက်ပါ။
📖 အရိပ် လှူပါ။
📖 ညောင် ထောက်ပါ။
📖 လေလွင့်တိရိစ္ဆာန်များကို ဒါနပြုပါ။
📖 အရူးကျွေးပါ။
📖 တံတားထိုးပါ၊ လှူပါ။
📖 ခေါင်းဆေး မင်္ဂလာပြုပါ။
📖 ရဟန်းဒကာ ခံယူပါ။
📖 ရေနစ်တိရိစ္ဆာန်လေးများအား ဆယ်ပါ။
📖 ကံငါးပါး လုံပါ။
📖 စိတ်ကောင်း မွေးပါ။
📖 ဝစီဒုစရိုက် ရှောင်ပါ။
📖 ကျေးဇူးအောက်မေ့ပါ။
📖 သူတော်ကောင်းတရား (၇) ပါး
ကျင့်သုံးပါ။
မှတ်ချက် ။ ။ အထက်ပါအလုပ် ဘာပဲလုပ်လုပ် ပြီးပြီးရော မလုပ်ပါနဲ့နော် ။ သဒ္ဓါ၊ ပီတိလေးပွားပြီး ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာ (၃) တန်ရအောင် လုပ်ပေးပါဗျ။ မုချ မြှင့်လာမှာပါ။ 🙏🏻🙏🏻🙏🏻
Credit
မျှဝေပါတယ်
No comments:
Post a Comment