🌿🌿🌿🌺🌿🌿🌿🌺🌿🌿🌿
ကိုယ်လိုချင်တိုင်း မရတတ်ဘူးဆိုတာကို
မမေ့ပါနဲ့ ။
လိုချင်တာတွေရနေရင်လည်း ရလေလိုလေဖြစ်ပြီး အလိုမပြည့်တတ်ဖြစ်တတ်ပါတယ် ။
လုပ်တိုင်းမဖြစ် စိတ်မညစ်လိုက်ပါနဲ့ ။ ဖြစ်လာတဲ့အရာကိုပဲ လက်ခံနိုင်
အောင်း ကြိုးစားရမယ် ။
ကိုယ်လိုချင်တာ မရခဲ့ရင်လည်း ရတာလေးနဲ့ နေတတ်အောင် လေ့ကျင့်ထားရမယ် ။
လူတစ်ယောက်ဟာ ရတာထက်ပိုလိုချင်လာပြီဆိုရင် အမှားအမှန် အကောင်းအဆိုးကို မခွဲခြားတတ်တော့ဘူး ။
စိတ်တွေအမှောင်ဖုံးပြီး အမှားကို အမှန်ထင်ပြီး တလွဲတွေပြုလုပ်လာကြတယ် ။
ဒါတွေဟာ ကောင်းတဲ့ အကျင့် ကောင်းတဲ့စရိုက်လက္ခဏာတော့ မဟုတ်ပါဘူး ။ ကိုယ့်ဒုက္ခ ကိုယ်ရှာတာနဲ့ အတူတူပါပဲ ။
ကိုယ့်ရဲ့ရောင့်ရဲလိုစိတ်မရှိခြင်းတွေ ဖြစ်တည်မှုတွေကို လက်မခံနိုင်ခြင်းတွေ ရလိုမှုတွေ များနေခြင်းဟာ ကိုယ်ဘဝကို ဒုက္ခတောထဲ ဆွဲချလိုက်တာပါပဲ ။
ဒါတွေဟာ တကယ်တော့ ကိုယ့်စိတ်ကိုမနိုင်လို့ ခုလိုကြုံတွေ့ရတာပါ ။
ကိုယ့်ရဲ့ဘဝ ကိုယ့်ရဲ့စိတ်လေး အေးအေးချမ်းချမ်းလေးနဲ့ ဖြတ်သန်းသွားချင်တယ်ဆိုရင် ရောင့်ရဲတတ်တဲ့စိတ်လေးနဲ့ နေနိုင်အောင်ကြိုးစားပါ ။
အဲဒီစိတ်လေးကို နှလုံးသွင်းနိုင်ရင် လူရောစိတ်ရော အေးချမ်းစွာ
နေထိုင်ရမှာ အမှန်ပါ။
No comments:
Post a Comment