စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, March 7, 2026

မကျန်းမာသူများ နှလုံးသွင်းရမည့်တရား

မြတ်စွာဘုရားက_မကျန်းမာတဲ့ပုဂ္ဂိုလ်တွေဆိုရင် ဒီတရား ၅ - မျိုးကို နှလုံးသွင်းပါလို့ဟောကြားခဲ့တယ်.

နံပါတ်(၁)
ဒီကိုယ်ခန္ဓာကိုယ်ကြီးဟာ မတင့်မတယ်
ရွှံစဖွယ်ကောင်းတယ်ဆိုတာကို
မပြတ်ဆင်ခြင်ပေးပါတဲ့ .

နံပါတ်(၂)
ကိုယ်စားတဲ့အစာအာဟာရတွေရဲ့ 
စက်ဆုပ်ဖွယ်အခြေအနေတွေကို
မပြတ်ဆင်ခြင်စဉ်းစားပေးပါတဲ့ .

နံပါတ်(၃)
လောကကြီးရဲ့ပျော်ရွှင်စရာကင်းမဲ့နေပုံကို
ဆင်ခြင်စဉ်းစားပေးပါတဲ့ .

နံပါတ်(၄)
သင်္ခါရမှန်သမျှ ဘယ်အရာမှမမြဲဘူးဆိုတဲ့
အနိစ္စသညာကို ဆင်ခြင်စဉ်းစားပေးပါတဲ့ .

နံပါတ်(၅)
သေခြင်းနဲ့ပတ်သက်တဲ့ အမှတ်သညာတစ်ခု
ကိုယ့်ရဲ့သေခြင်းပဲဖြစ်စေ
ကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေရဲ့သေဆုံးခြင်းပဲဖြစ်စေ
သေဆုံးခြင်းနဲ့ပတ်သက်ပြီး သတိ သံဝေဂ အသိဉာဏ်အမြဲတမ်းဖြစ်အောင်
ဆင်ခြင်စဉ်းစားပေးပါလို့ ဟောကြားတော်မူတာဖြစ်တယ်....

ဒီနှလုံးသွင်းတရား ၅ - မျိုးဟာ
မကျန်းမာသူတွေအတွက်
အထူးလိုအပ်တဲ့
နှလုံးသွင်းတရား
ကမ္မဋ္ဌာန်း ၅ - ခုပဲ ဖြစ်တယ်လို့
ဒီလိုဆိုလိုတာ...

ခုလိုကမ္မဋ္ဌာန်း ၅ - မျိုးကို နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့်
ထိုပုဂ္ဂိုလ်ဟာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို
ရရှိနိုင်တယ်....

မြတ်စွာဘုရားက
ဘယ်လောက်ထိအောင် ဟောတုန်းဆိုလို့ရှိရင်...

ဒီလိုသာ မှန်မှန်ကန်ကန်နှလုံးသွင်းပြီး
ဒီတရား ၅ - မျိုး သူ့သန္တာန်မှာ ပြည့်ပြည့်ဝဝကြီးရှိမယ်ဆိုရင်...

သူဟာ မသေခင်မှာ 
ရဟန္တာကြီး ဖြစ်သွားနိုင်ပါတယ်လို့တောင်ဟောထားတယ် ။

...  ကျေးဇူ့တော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီး

   

No comments:

Post a Comment