စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, March 19, 2026

ခြေလှမ်းတိုင်းမှာ သတိပါ

ခြေလှမ်းတိုင်းမှာ သတိ ပါ 
 🌸🌸🌿🌸🌸🌿🌸🌸🌿

  ဝိပဿနာ ဆိုတာ
  ခန္ဓာငါးပါး ရုပ်နာမ် နှစ်ပါးတို့ရဲ့
  ဖြစ်ခြင်းနဲ့ ပျက်ခြင်းကို
  ရှုမှတ် ဆင်ခြင်ခြင်း ဖြစ်ပါတယ်။

  အဖြစ်ကို မြင်နေသေးရင် သမထ။
  အပျက်ကို မြင်မှ ဝိပဿနာ။

  ဝိပဿနာ ရှုပွါးတဲ့အခါမှာ
  သမထက ရှေ့သွားပြီး
  ဝိပဿနာက
  နောက်လိုက်တာလည်း ရှိပါတယ်။

  ဝိပဿနာ ရှေ့သွားပြီး
  သမထက
  နောက်မှလိုက်တာလည်း ရှိပါတယ်။

  သမထနဲ့ ဝိပဿနာ တွဲပြီး
  ရှုတာလည်း ရှိပါတယ်။

  ခြေတစ်လှမ်း လှမ်းတိုင်းမှာ
  မ ရင် , မ တယ်လို့ သိပါ။
  ချ ရင် , ချ တယ်လို့ သိပါ။
  လွှဲရင် လွှဲတယ်လို့ သိပါ။
  လှမ်းရင် လှမ်းတယ်လို့ သိပါ။
  ထိရင် ထိတယ်လို့ သိနေတာတွေဟာ
  အဖြစ်ကို သိနေတာမို့
  သမထလို့ ခေါ်ပါတယ်။

  ဝိပဿနာဉာဏ် ဖြစ်အောင်
  နှလုံးသွင်း ကြည့်ပေးပါ။

  လှမ်းနေတာက ရုပ်၊
  လှမ်းချင်တာက နာမ်ပါ။

  ဒါဆို 
  ခြေတစ်လှမ်း လှမ်းရင်
  ရုပ်နာမ် တစ်စုံ ဖြစ်ပါတယ်။

  ခြေလှမ်းတိုင်းမှာ လှမ်းနေရင်း 
  ရုပ်နာမ်တွေ ဖြစ်လိုက်၊
  ရုပ်နာမ်တွေ ပျက်လိုက်။
  အစားထိုး ရုပ်နာမ်တွေနဲ့ 
  လှမ်းလိုက်ဖြစ်နေပါတယ်။

  ခြေတစ်လှမ်း လှမ်းပြီး ချလိုက်တာနဲ့
  လှမ်းနေတဲ့ ရုပ်နာမ် တစ်စုံ
  ပျက်သွားပါလားလို့ သိရင် 
  ဖြစ်ပျက်လည်း တစ်ကြိမ်မြင်သလို
  ခိုင်တယ် မြဲတယ်လို့ ယူထားတဲ့
  သဿတ ဒိဋ္ဌိလည်း စင်သွားပါတယ်။

  ခြေတစ်လှမ်း ပျက်လို့
  နောက်တစ်လှမ်း အစားထိုးလိုက်တာနဲ့ 
  အဖြစ်ကို သိသလို
  အစားထိုး ဖြစ်လာတာကိုလည်း သိပါတယ်။ 
  အစားထိုး လာတာမြင်ရင်
  ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်။

  ခြေလှမ်းတိုင်း လှမ်းတိုင်း
  ရုပ်နာမ်တွေ ပျက်ပြီး
  ရုပ်နာမ်တွေ အစားထိုးနေပါတယ်။
  ဒီလို မြင်နေရင်
  သက္ကာယဒိဋ္ဌိ စင်ပါတယ်။

  သမထက အဖြစ်ကို မြင်သလို
  ဝိပဿနာက ပျက်သွားတာကို မြင်ပါတယ်။

  မြင်တဲ့နေရာမှာလည်း 
  ပျောက်ပျက်သွားတဲ့ သဘောလေးတွေကို
  ဉာဏ်နဲ့ မြင်တာပဲ ဖြစ်ပါတယ်။

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး
အမှောင်ပျောက်၍ အလင်းရောက်ပါစေ။

အရှင်ဇဝနဉာဏ တရားဓမ္မမှတ်စု

No comments:

Post a Comment