စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, March 24, 2026

ဝိပဿနာဆိုတာ ဉာဏ်ရဲ့အလုပ် , ခန္ဓာရဲ့အလုပ်မဟုတ်ပေ

ဝိပဿနာဆိုတာ ဉာဏ်ရဲ့အလုပ် , ခန္ဓာရဲ့အလုပ်မဟုတ်ပေ 
🌿🌿🌺🌿🌿🌺🌿🌿

တရား အားထုတ်တော့မယ်ဆိုရင် ပရမတ်ကို မသိလို့ကတော့ လုံးဝမရခြေ ...?

ပရမတ်ဆိုတာက မိမိတို့ရဲ့ခန္ဓာမှာ ရုပ်တရား နာမ်တရား , ဒီရုပ်နာမ်နှစ်ပါးသည် ပရမတ်တရားသာလျှင်ဖြစ်ပါသည် ။

တရားအားထုတ်တဲ့ယောဂီမှာ ကျယ်ပျံ့စွာ , လေ့လာ ...? အကျဉ်းချုံး၍ အားထုတ်ပါ ။

တရားဟာ ခန္ဓာမှာရှိပါတယ် ဉာဏ်က မမြင်ကြသေးလို့သာ တရားမရ ဖြစ်နေကြတာပါ ။

ဝိပဿနာတရား အားထုတ်တယ်ဆိုတာ သမာဓိ ပါပြီးသား ဖြစ်ပါတယ် , သမာဓိဖြစ်လာအောင်လို့ သတ်သတ် လုပ်ယူစရာမလိုတဲ့တရား ဖြစ်ပါတယ်။

သမထကို အားထုတ်ပြီး ဝိပဿနာကို မရောက်ကြရင်သာ သက်သက် နစ်နာကြပါလိမ့်မယ် ။

မျက်စိ နား နှာ လျှာ ကိုယ် , ဒီတရားတွေဟာ စိတ်နှင့်တွဲပြီး အလုပ်လုပ်ကြတယ် ။

စိတ်မရှိဘဲ မြင်တာကိုလဲမသိနိုင်ဘူး ကြားတာ နံတာ အရသာ ထိတွေ့မှုတွေကို မသိနိုင်ဘူး ။

ဒါကြောင့် အကြောင်း နာမ် , သိနေတာက နာမ်ရဲ့သဘော အနတ္တတရား , မသိပါနှင့်လို့ ဘယ်သူကများ တားနိုင်ပါ့မလဲ , နော် အတ္တမှမရှိတာ ....?

အဲဒီတော့ တရားထိုင်လိုက်တယ်ဆိုရင်ပဲ မိမိရဲ့စိတ်ကို ဉာဏ်နှင့်ကြည့်လိုက်ပါ ဘယ်အချိန်ကြည့်ကြည့် မြင်နိုင်ပါတယ် ယ္ခု ဒီစာကို ဖတ်နေတဲ့အချိန် ကြည့်လိုက်ကြရအောင် ။

စိတ်ကလေးကို ဘာအလုပ်မှမခိုင်းပဲ ခတ္တ ခဏငြိမ်ထားလိုက်ပါ မိမိစိတ်ကို အကဲခပ်လိုက်ပါ သူလာလုပ်နေသလဲ ။

သူ သိနေတယ်...? နော်
ခန္ဓာမှာမိအောင်ကြည့်လိုက်ပါ တစ်ခုခုကို သူအလိုလျှောက် သိနေပါတယ် နော် ...?

သိစရာ ရှာများပေးလိုက်ရပါသလား ...?
ရှာပေးစရာမလိုပါပဲ သူအလိုလို သိနေတတ်တဲ့သဘော နော် , ဒါ သမ္မာဒိဋ္ဌိမဂ္ဂင်ဉာဏ်ပါဘဲ ...?

 ခဏ ခဏ အကဲခပ်ပါ အကဲခပ်တိုင်း သိနေပါတယ် အေးတာကလေး မရှိဘူးလား , အေးတာလား သိတာလား ။

အေးတယ်လို့ မမှတ်ရဘူးနော် , သိတာ ..."
အေးတာ ဆိုတာက အမှတ် သညာကြီး ပညတ်တရားကြီး နော် ...?

ဒီ အေးတာကလေး ကုန်သွားတော့ အနွေးကလေး ရောက်မလားဘူးလား...? သိတာလာ နွေးတာလား နွေးတာပါ ပူတာပါဆိုရင် သညာကြီး အမှတ်ကြီး
ပညတ်ကြီး နော်...?

အဲဒီမှာ သိမှုဆိုတဲ့ (နာမ်) စိတ်ကလေးကို ဉာဏ်က အမြဲ အကဲခပ်နေတော့ သိနေတတ်တဲ့ သဘောဟာ ငါမဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာ သိလာမယ် ။

နာမ်ဆိုတာ အာရုံနှင့်မကင်းဘူး...?
အာရုံမှန်သမျှဟာ ရုပ်တရား , သိနေတာက နာမ်တရား ရုပ်နာမ်ဆိုတာ သိစရာနှင့် သိတာသာရှိတယ်။

မသိပါနှင့်လို့လဲ တားမရဘူး ,
ဘယ်လိုသိနေသလဲဆိုရင် အချိန်တိုင်းသိနေတယ် နဒီသောတောဝိယ( မြစ်ရေအလျှင် စီးဆင်းနေသလို) 

ဒီပဇာလာဝိယ (မီးတောက် မီးအလျှံ အဆက်မပြတ် တောက်လောင်နေသလို)

ဒီနေရာမှာ ယောဂီတို့နားလည်အောင် ဦးဇင်းအနေနှင့် ပြောရရင်တော့ တစ်ဆက်တစပ်ထဲ လင်းနေတဲ့မီးရောငျလိုပဲ သိနေတော့တယ် လွတ်သွားတာကိုလဲသိတယ် ငြိမ်းသွားတာကိုလဲသိတယ် ပေါ်လာနေတာကိုလဲသိတယ် ငိုက်သွားတာလဲသိတယ် ရိမ်းသွားတာကိုလဲသိတယ် လေးတာကိုလဲသိတယ် ပေါ့တာကိုလဲသိတယ် ကြမ်းတာကိုလဲသိတယ် နူးညံ့တာကိုလဲသိတယ် မာတာကိုလဲသိတယ် ပြော့တာကိုလဲသိတယ် တင်းတာကိုလဲသိတယ် မခံမရပ်နိုင်အောင်ဖြစ်လာတာလဲသိတယ် အချိန်တိုင်း သိနေတော့တာ အရှုခံက ပျောက်ကိုမသွားဘူး .။

ဒီနေရာမှာ ဦးဇင်းတုန်းက ဆင်ခြင်ပုံလေး ပြောပြမယ်နော် , 

 ဪ...? ဆင်းရဲလိုက်တာ ဘာလို့ဆင်းရဲနေလဲ..?
သိလို့ ဆင်းရဲနေတယ်ဆိုတာကို မြင်ရတယ်ဗျာ မသိချင်တော့ဘူး...?
မရဘူဗျာ သိကိုး ...သိနေတော့တာ အနတ္တကိုမြင်ပါပြီ ...။

ဆင်းရဲကိုလဲ မြင်ပါပြီ , ဆင်းရဲခြင်းရဲ့အကြောင်းတရား နာမ်ကိုလဲ အမှန်မြင်ပါပြီ..?

  လွတ်ချင်လိုက်တာ(သံဝေဂဉာဏ်)

လွတ်ချင်လို့ လွတ်လမ်းကို ရှာပါတယ် လုံးဝ လုံးဝ
မတွေ့ပါ...?

အင်း းးးးး ချမ်းသာဟူသမျှ လုံးဝမရှိပါလား..?
အချိန်တိုင်း နှိုပ်စက်နေပါလား...?

 ဪ....ဒီဟာကြီးကိုမသိလို့ လူတွေပျော်နေကြတာပါလား ..?

ဒါကိုသိမယ်ဆို ဘယ်သူမှ မပျော်နိုင်ပါ ...?
အဲလိုဖြစ်လာတယ် ထမယ်လို့ ကြံမိတယ် ထလိုက်ရင် ပိုဆိုးတော့မယ် နဲနဲလေးမှ လှုပ်လို့မရပါ..?

တကယ်လို့များ လှုပ်လိုက်မယ်ဆိုရင် အရိုးတွေ တစ်ဖျောင်းဖျောင်း ကျိုးကြေကုန်မှာပဲ...?

   အသားတွေ လွင့်စင် ထွက်သွားတော့မှာဘဲ..?

စနက်တံဖြုတ်ပြီးသား လက်ပစ်ဘုံးတစ်လုံးလိုပဲ နဲနဲလေးမှ လှုပ်လို့ မရတော့ဘူး ..?

   သေလောက်အောင်လဲ ခံစားရတယ်.....?

ဘာမှလဲ လုပ်လို့မရတော့ဘူး လှုပ်လို့လဲမရတော့ ပြင်လို့လဲမရတော့ မခံလဲ မခံစားနိုင်တော့ပါ ...?

မတတ်နိုင်တော့ဘူး ငါ့အဓိဋ္ဌာန်အတိုင်းပဲ ရှိပါစေတော့ ငါ့အသက်ဟာ ဘုရားရှင်ထံ ပေးလှူပြီးသား ဖြစ်ပါတယ် ...?

  အောင်ပြီ ငါသေခြင် သေပါစေ..
ပေးလှူလိုက်ပါပြီ....?

   ဒီတော့မှ မာန် လုံးဝမရှိတော့ပါဘူး ....?

   သေပြီလား....?

    ငါသေသွားပြီလား...?

   မသေသေးပါဘူး သိစိတ်ကလေး ရှိနေပါတယ် သိနေပါတယ် ဆင်းရဲလိုက်တာ ...?

   ဆင်းရဲ မိုင်ကုန်သွားပါပြီ လုံးဝမသေပါ ...?
အင်းးး ဘုရားရှင်က အနိစ္စ မမြဲဘူးတဲ့ ငါ့မှာတော့ နိစ္စ ပါလား ...?

   ကဲ နိစ္စလား အနိစ္စလား ငါစောင့်ကြည်မယ် ..?

   အော.... ခု ငါ ချမ်းသာသလား..? မချမ်းသာဘူး သေသွားပြီလား ...? မသေသေးဘူး ...

   အော ... မသေသေးရင် ဒါ ဆင်းရဲမဟုတ်သေးဘူး ချမ်းသာသလားဆိုတော့ မချမ်းသာဘူး..?
ဆင်းရဲလားဆိုတော့လဲ မဆင်းရဲဘူး ဒီလိုမြင်လာတယ် (အဒုက္ခ မသုခါ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်) ဆင်းရဲတာကိုလဲ မကြောက်တော့ဘူး ချမ်းသာကိုလဲ မလိုချင်တော့ဘူး ..?

   ဘာပြုလိုလဲ..? ဆင်းရဲလဲမဟုတ်လို့ ချမ်းသာလဲမဟုတ်ဖူး သူ့အလိုလို ဥပေက္ခာပြုသွားပြီ ....?

   ဒီမှာ အပနာဈာန်စိတ်တွေဝင်လာတော့တာ ခန္ဓာက ဒီအတိုင်း ငုတ်တုတ်ကြီး မလှုပ်မရှက် မြဲနေတော့တာ အသက်ကလဲ ကိုယ်ရှူနေတာမဟုတ်ဖူး သူ့ဘာသာ ရှူနေတော့တာ ရုပ်နှင့် နာမ် လုံးဝ မပတ်သက်တော့ဘူး ...?

  ထိုင်ထားတာလဲမရှိဘူး ထသွားတာလဲမဟုတ်ဖူး ပြုပြင်လို့လဲ လုံးဝ မရဘူး..?

  အဲကျမှ အရှေ့ဖက်က လေးကလေးတိုက်လိုက်တာ ခန္ဓာအတွင်း ထွင်းဖောက် ဝင်ရောက်သွားပြီး အနောက်ဖက်ကို ထွက်သွားတယ် ..?

   ညာဖက်ဘေးက တိုက်လိုက်တဲ့လေကလေးက ဘယ်ဖက်ကို ခန္ဓာအတွင်း ထွင်းဖောက်ပြီး ထွက်သွားတယ် ဖြတ်သန်းသွားတယ် ..?

  ဪ.... ငါအရင်က ဒီလိုမသိခဲ့ပါလား...?
ခန္ဓာကို ထိလိုက်တဲ့ လေ. ဖောက်ထွက်သွားတယ်လို့ ငါ တစ်ခါမှ မသိခဲဖူးဘူး ..?

   မြင်နေတာလား မျက်စိ ဖွင့်လိုက်ပြီလား မဖွင်မိဘူး ထင်ပါတယ် ဟင် မျက်စိမရှိပါလား ...?

   ကြည်လင်တောက်ပလွန်းပါလား ..?

 အဲ လည်ချောင်းတွေ မရှိပါလား ...?

   အဲ ခေါင်းလဲ မရှိပါလား ...

ခန္ဓာဟာ တစ်စခြင်း ပျောက်လာတယ် ထိုင်ထားတဲ့ဣရိယာပုဒ်ပါ မတွေ့တော့ဘူး....?

  အင်း...ငါ ဘာမှလဲ မရှိတော့ပါလား ....?

    စိတ်ကလေးကော ရှိသေးလား အဲ...
ဆင်ခြင်သုံးသတ်နေတယ်ဆိုတော့ စိတ်ကလေးက ရှိတာပေါ့ အဲ...အဲလိုသိလိုက်ခါမှ စိတ်က တွယ်စရာ တာစရာ မရှိဘူးဖြစ်နေတယ် ...?

    စိတ်ကလေးကို မမိတော့ဘူး အားလုံး လွတ်သွားတယ် အင်း ဘာမှ မရှိတော့ဘူးလား...?

   အဲ..ဆင်ခြင်သုံးသတ်လိုက်တဲ့စိတ်ကလေး ဖြစ်သွားတယ် ..?

  ဒီအချိန်မှာ တစ်ခုခုကို မြင်နေရသလိုပဲ စူးစိုက် ကြည့်လိုက်တော့မှ ။

   ဒါ ဘာပါလိမ့် နမိတ်ပုံကြီး ကျောက်ဆောင်ကြီးလိုပဲ အမြောင်းကြီးတွေပါတယ် အင်မတန်လေးတယ်
အင်မတန်လဲ မာတယ် , အမတန်လဲ ကြွပ်ရွနေတယ် အပေါ်ယံကလဲ ပြောင်ချောနေတာပဲ , ဆိုစွပ်နေတယ်
အဲ့အပေါ်မှာက နူးညံတဲ့ ပေါင်ဒါမှုံ့ကလေးက ဖုံးထားတယ် အဲ့အောက်မှာက ကျောက်စရစ်ခဲ ရေစွပ်ထားသလိုမျိုး ချောနေတယ် အဲဒီအချော့ရဲ့အောက်မှာ အင်မတန် ကြမ်းတန်းတယ် စူးချွန်တွေ အပြည့် သိပ်ထားသလိုနေတယ် တစ်ခုခြင်း ကြွေကျနေသလိုနေတယ် ။

   တစ်စ တစ်စ အမှုံတွေဖြစ်လာတယ် အဲ ..
ကြွေကျ အမှုံဖြစ်နေတာပါလား ...?

   ဪ... တစ်မှုံ တစ်စိတ်.. တစ်မှုံမှ စိတ်တစ်စိတ် ဖြစ်နေပါလား....?

   အဲ အမုံလဲမရှိ စိတ်လဲ မရှိပါလား ....?

   စိတ်ကလေးက မရှိပြန်ဘူး ....?

   မရှိဘူးလား......?

   အဲ ဆင်ခြင်မှ ဆင်ခြင်တဲ့စိတ် ဖြစ်လာတာပါလား မဆင်ခြင်ရင် မရှိသလိုပါလား...?

   ဪ .... သဘောပေါက်သွားပြီ ဆင်ခြင်တာကအာရုံ အာရုံမရှိရင် စိတ်မရှိဘူး ..အာရုံကြောင့် စိတ်
စိတ်ကြောင့် အာရုံ ...အဲလိုလေးလဲ သဘောပေါက်လိုက်ကရော မြင် မြင်တဲ့အတိုင်း ကြား ကြားတဲ့အတိုင်း နံ နံတဲ့အတိုင်းကလေး ပဋိစ္စသမုပ္ပါဒ် ရပ်လိုက်နိုင်တော့တာပါပဲ ။

   ဘာမှ လုပ်စရာ မရှိတော့ပါ သိစရာနှင့် သိတာသိ သိတဲ့အတိုင်းကလေး ဖြစ်သွားပါတယ်။

နမူနာ ယူနိုင်မယ်လို့ စေတနာဖြင့်သာ မျှဝေခြင်းပါ။

Credit..

    

No comments:

Post a Comment