စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, February 25, 2026

ရဟန္တာ၏ခွန်အား ၁၀ပါး

"ရဟန္တာ၏ခွန်အား(၁၀)ပါးနှင့်အရိယာပုဂ္ဂိုလ်များ၏ တရားထူးကိုဝန်ခံပြောဆိုပုံ"
..........
အခါတစ်ပါးမှာမြတ်စွာဘုရားရှင်ကအရှင်သာရိပုတ္တရာကိုဒီလိုမေးတော်မူပါတယ်။သာရိပုတ္တရာ၊အာသဝေါကုန်ပြီးသောရဟန္တာရဟန်း၏ခွန်အားတို့သည်အဘယ်မျှရှိပါကုန်သနည်းလို့မေးတော်မူပါတယ်။
အဲဒီအမေးကိုအရှင်သာရိပုတ္တရာကဒီလိုဖြေကြားလျှောက်ထားပါတယ်။မြတ်စွာဘုရား-အာသဝေါကုန်ပြီးတော့ရဟန္တာရဟန်း၏ခွန်အားတို့သည်(၁၀)ပါးတို့ရှိကြပါ သည်။အဘယ်(၁၀)ပါးတို့လည်းဆိုလျှင်စသည်ဖြင့်အ သေး စိတ်အကျယ်ကိုဒီလိုလျှောက်ကြားသွားပါတယ်။
.
(၁)ရုပ်နာမ်သင်္ခါရအားလုံးကိုအနိစ္စ-မမြဲတာတွေချည်းပဲလို့အမှန်အတိုင်းသိမြင်နေပါတယ်။ဒုက္ခ-ဆင်းရဲချည်းပဲ၊အနတ္တ-အတ္တကောင်မဟုတ်တဲ့သဘောတရားမျှချည်းပဲလို့ကေါင်းကေါင်းသိမြင်နေပါတယ်။အဲဒီလိုသိမြင်နေတာဟာရဟန္တာ၏ခွန်အားတစ်ခုပါပဲ။အဲဒီခွန်အားကိုစွဲမှီပြီးတော့အာသဝေါကုန်ကြောင်းဝန်ခံပြောဆိုနိုင်ပါတယ်တဲ့။
.
(၂)ရဟန္တာပုဂ္ဂိုလ်မှာနှစ်သက်လိုချင်စရာအဆင်း၊အသံ၊အနံ့၊အရသာ၊အထိအတွေ့နှင့်အသုံးအဆောင်ဟူသောကါမဂုဏ်အာရုံတွေကိုမီးကျီးတွင်း၊မီးကျီးစုလိုပင်ကြောက်စရာကောင်းကြောင်းသိမြင်နေပါတယ်။အဲဒီလိုသိမြင်နေတာဟာရဟန္တာ၏ခွန်အားတစ်ခုပါပဲ။အဲဒီခွန်အားကိုစွဲမှီပြီးတော့အာသဝေါကုန်ကြောင်းဝန်ခံပြောဆိုနိုင်ပါတယ်တဲ့။
.
(၃)ရဟန္တာပုဂ္ဂိုလ်၏စိတ်ဟာဖိုလ်ဝင်စားသောအားဖြင့်သင်္ခါရအာရုံတို့မှကင်းဆိတ်တဲ့နိဗ္ဗာန်၌ညွှတ်ကိုင်းနေပါတယ်တဲ့။ရဟန္တာအရှင်မြတ်များဟာအခွင့်သာတိုင်းဖလသမာပတ်ဝင်စားပြီးနေလေ့ရှိပါတယ်။နေ့စားလစားအလု ပ်သမားဟာအလုပ်မရှိပဲအလုပ်လက်မဲ့ဖြစ်နေမှာလည်းအလိုမရှိဘူး။အသက်မွေးဝမ်းကျောင်းမလွှဲသာတဲ့ကိစ္စမို့သာလုပ်နေရတယ်။အဲဒီလိုလုပ်နေရတာလည်းအလိုမရှိဘူး။ဒါဖြင့်သူကဘာကိုအလိုရှိနေသလဲဆိုတော့လုပ်ခလခထုတ်ယူရတဲ့အချိန်ကိုသာအလိုရှိနေပါတယ်။အဲဒါလိုပဲရဟန္တာပုဂ္ဂိုလ်ကလည်းဒေါသမရှိတဲ့အတွက်သေခြ င်းကိုလည်းအလိုမရှိမတေါင့်တဘူး။လေါဘမရှိတဲ့အတွ က်ရုပ်နာမ်သင်္ခါရတွေနှင့်အသက်ရှင်နေခြင်းကိုလည်းအလိုမရှိမတောင့်တဘူး။ဒါဖြင့်ဘာကိုအလိုရှိပါသလဲဆိုတော့ပရိနိဗ္ဗာန်ဝင်စံရမည့်အချိန်ကာလကိုသာမျှော်လင့်နေပါတယ်တဲ့၊အဲဒါဟါရုပ်နာမ်သင်္ခါရကင်းဆိတ်တဲ့နိဗ္ဗာန်ဆီသို့စိတ်ညွတ်နေပုံကိုပြဆိုထားတဲ့စကားပါပဲ။
.
ရဟန္တာပုဂ္ဂိုလ်ရဲ့ခွန်အားကြီး(၃)ပါးကတော့ပြီးသွားပြီ။ကျ န်နေသေးတဲ့ခွန်အါးတွေက(၇)ပါးရှိပါသေးတယ်၊အဲဒီ(၇) ပါးကတေါ့မှတ်ဖို့လွယ်ပါတယ်။ဗောဓိပက္ခိယတရား(၃၇) ပါးရှိရာမှာအစုအားဖြင့်တော့(၇)စုရှိပါတယ်။
.
(၁)သတိပဋ္ဌာန် (၄)ပါး (ကာယ၊ဝေဒနာ၊စိတ္တ၊ဓမ္မ)
(၂)သမ္မပ္ပဓာန် (၄)ပါး
(၃)ဣဒ္ဓိပါဒ် (၄)ပါး (ဆန္ဒ၊ဝီရိယ၊စိတ်၊ပညာ)
(၄)ဣန္ဒြေ (၅)ပါး (သဒ်ဓါ၊ဝီရိယ၊သတိ၊သမာဓိ၊ပညာ)
(၅)ဗိုလ် (၅)ပါး (သဒ်ဓါ၊ဝီရိယ၊သတိ၊သမာဓိ၊ပညာ)
(၆)ဗောဇ္ဈင် (၇)ပါး (သတိ၊ဓမ္မဝိစယ၊ဝီရိယ၊ပီတိ၊ပဿဒ္ဓိ၊သမာဓိ၊ဥပေက္ခာ)
(၇)မဂ္ဂင် (၈)ပါး (သမ္မာဒိဋ္ဌိ၊သမ္မာသင်္ကပ္ပ၊သမ္မာဝါစာ၊သမ္မာကမ္မန္တ၊သမ္မာအာဇီ၀၊သမ္မာဝါယာမ၊သမ္မာသတိ၊သမ္မာသမာဓိ)
ဆိုတဲ့ဒီ(၇)စုပါပဲ။အဲဒီ(၇)စုကိုကောင်းစွာပွားစေအပ်ပြီးဖြစ်တာဟာရဟန္တာပုဂ္ဂိုလ်၏ခွန်အားဗလကြီး(၇)ပါးပါပဲ။

ယခုပြောဖို့လိုသေးတါကတေါ့ရဟန္တာပုဂ္ဂိုလ်ကအာသ ဝေါကုန်ကြောင်းဝန်ခံရာမှာ"ငါ့မှာအာသဝေါကိလေသာတွေကုန်ပြီ"ဟုတဲ့တိုးပဲပြောဆိုပြီးဝန်ခံကြပါသလားလို့မေးစရာအချက်ကိုရှင်းလင်းပြောဖို့ပါပဲ။

ခေမကသုတ်။
အရှင်ခေမက ကမြတ်စွာဘုရားကိုဒီလိုလျှောက်ပါသတဲ့။မြတ်စွာဘုရား၊အာသဝေါကုန်ပြီးသောရဟန္တာပုဂ္ဂိုလ်မှာ "ငါ့ထက်မြတ်သောသူရှိသည်ဟူ၍သော်လည်းကောင်း၊ငါနှင့်တန်းတူပုဂ္ဂိုလ်ရှိသည်ဟူ၍သော်လည်းကေါင်း၊ငါ့အေါက်ကယုတ်ညံ့သူရှိသည်ဟူ၍သော်လည်းကောင်း-ဤသို့သောစိတ်ဖြစ်ခြင်းမရှိပါ"လို့လျှောက်ပါသတဲ့။

အဲဒီလျှောက်ပုံဟာရဟန္တာမှာမာနသုံးပါးလုံးမရှိကြောင်းတိုက်ရိုက်လျှောက်ပုံပါပဲ။အဲဒီလိုလျှောက်ခြင်းဖြင့်မိမိကို ယ်တိုင်မှာလည်းထိုနည်းတူပင်ဖြစ်ကြောင်းသိစေပါတယ် မိမိကသူတစ်ပါးထက်မြတ်တယ်ထင်တဲ့မာန၊မိမိကသူတ စ်ပါးအောက်ယုတ်ညံ့တယ်ထင်တဲ့မာန၊မိမိဟာမည်သူနှင့်တန်းတူပဲလို့ထင်တဲ့မာန၊ဒီမာနသုံးပါးလုံးကင်းရင်ရဟန္တာဖြစ်တာပဲ။အဲဒီမာနသုံးပါးမိမိမှာကင်းကြောင်းကိုသွယ်ဝို က်ပြီးလျှောက်တဲ့စကားပါပဲ။အလွန်နက်နဲပါတယ်။

အဲဒီလိုလျှောက်ပြီးနောက်မြတ်စွာဘုရားကရဟန်းတော်များအားဒီလိုမိန့်တော်မူပါတယ်။
"ရဟန်းတို့~အမျိုးကောင်းသားတို့သည်ဤခေမကလျှောက်သေါအခြင်းအရာဖြင့်ပင်လျှင်ရဟန္တာအဖြစ်အရ ဟတ္တဖိုလ်ကိုပြောကြားကြကုန်၏။သိစေလိုအပ်သောအ နက်ကိုလည်းပြောဆိုအပ်ပြီးဖြစ်ပေ၏မိမိကိုယ်ကိုလည်းတိုက်ရိုက်မဖော်ပြအပ်ပေ။ဤလောက၌အချို့သောမောဃပုရိသ-မဂျဖိုလျမမှီးအခညြျးနှီးပုဂ်ဂိုလျတို့သညျရယျမောစရာလိုပငျရဟန်တါအဖွဈအရဟတ်တဖိုလျကိုမိမိကိုယျကိုဖေါျ ၍ပြောကြားကြကုန်၏၊ထိုပုဂ္ဂိုလ်တို့သည်နောက်ကါလ၌ ပင်ပန်းဆင်းရဲခြင်းသို့ရောက်ရှာကုန်၏"လို့မိန့်ကြားတော်မူပါတယ်။

အရှင်သောဏမထေရ်၏ပြောကြားဝန်ခံပုံ။
"မြတ်စွာဘုရား-အာသဝေါကုန်ပြီးတော့ရဟန္တာဟာ-
(၁)လိုချင်မှုကာမမှထွက်မြောက်ရာ၊
(၂)ဆိတ်ငြိမ်ရာ၊
(၃)ဒေါသကင်းရာ၊
(၄)အစွဲအလမ်းကုန်ရာ၊
(၅)တဏှာကုန်ရာ၊
(၆)တွေဝေသိမှားမှုကင်းရာဆိုတဲ့ခြောက်ဌာန၌စိတ်ညွတ်လိုလားလျက်ရှိပါသည်။တစ်လုံးတစ်ခဲတည်းသေါကျော က်တေါင်သည်အရပ်လေးမျက်နှာမှလါသောလေကြောင့်မတုန်မလှုပ်သကဲ့သို့ဤအတူပင်အလုံးစုံကုန်သောအဆ င်း၊အသံ၊အနံ့၊အရသာ၊အထိအတွေ့တို့သည်လည်းကေါင်း၊အလိုရှိအပ်သောအလိုမရှိအပ်သေါသဘောတရားတို့ သည်လည်းကောင်းရဟန္တာပုဂ္ဂိုလ်၏စိတ်ကိုမတုန်လှုပ်စေနိုင်ကုန်၊ကြံ့ကြံ့တည်နေ၏။အဲဒါဟာအရှင်သောဏမ ထေရ်ကမိမိရဟန္တာဖြစ်ကြောင်းသွယ်ဝိုက်ပြီးလျှောက် ကြားပုံပါပဲ။

သီဟိုဠ်မှာသာသနာတော်အထူးထွန်းတောက်ခဲ့တဲ့အချိန်ကစိတ္တလတောင်မှာရဟန္တာမထေရ်တစ်ပါးကိုတောထွက်ဦးပဉ္စင်းကြီးတစ်ပါးကဝတ်ကြီးဝတ်ငယ်ပြုစုနေပါသတဲ့။တစ်နေ့တော့ဆွမ်းခံကြွပြီးအပြန်မှာတောထွက်ဦးပဉ္စင်းကြီးကရဟန္တာမထေရ်ကိုအရိယာပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်ပါလည်းအရှင်ဘုရားလို့မေးတယ်။ရဟန္တာမထေရ်ကဒီသာသနာတော်မှာတချို့ဦးပဉ္စင်းကြီးများဟာအရိယာမထေရ်တို့၏သပိတ်၊သင်္ကန်းကိုသယ်ယူကါဝတ်ကြီးဝတ် ငယ်ကိုပြုလျက်အတူတကွသွားလာနေသော်လည်းအရိ ယာတို့ကိုမသိဘူး။အရိယာတို့ကိုသိရန်ဒီလိုခက်ခဲတယ်ငါ့ ရှင်လို့ပြောကြားပါတယ်တဲ့။ဒါပေမဲ့အဲဒီဦးပဉ္စင်းကြီးက တော့အမိန့်ရှိဖြေကြားတဲ့သူ့ဆရာကိုအရိယာမှန်း၊ရဟန္တာမှန်းမသိရှာဘူးတဲ့။

နောက်ပြီးတော့အဌကထာများမှာအရိယာများအလိုနည်းပုံကိုလည်းဒီလိုပြဆိုထားပါတယ်။
ယော ပန=အကြင်သူသည်ကား။သောတာပန္နာဒီသုအည တရော ဟုတွာ=သောတာပန်စသည်တို့တွင်တစ်ပါးပါးဖြ စ်ပြီး၍။သောတာပန္နာဒိဘာဝံ=မိမိ၏သောတာပန်အဖြစ်စသည်ကို၊ဇာနာပေတုံ နဣစ္ဆတိ-သူတစ်ပါးအားသိစေရန်အလိုမရှိ။အယံ-ဤသူသည်၊အဓိဂမအပ္ပိစ္ဆော နာမ=တ ရားထူးရခြင်းနှင့်စပ်၍အလိုနည်းသူမည်၏။

ယခုပြောခဲ့တဲ့ရဟန္တာတို့၏ဝန်ခံပြောဆိုပုံ၊အရိယာတို့၏ အလိုနည်းပုံများနှင့်နှိုင်းယှဉ်ကြည့်လျှင်မိမိကိုယ်ကိုသေါတာပန်ဟု၊ရဟန္တာဟုသိစေလိုသည့်အပြင်၎င်းတို့ကိုမယုံ ကြည်သူတို့အားမကျေနပ်သည့်လက္ခဏာပြနေသောတ ရားသမားတို့ကိုစဉ်းစားဖွယ်ရှိနေပေသည်။

[ဆဋ္ဌသင်္ဂီတိပုစ္ဆကကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးအရှင်ဘဒ္ဒန္တသောဘန]
(သီလဝန္တသုတ္တန်တရားတော်မှ)crd



 
မေတ္တာဖြင့် ဓမ္မဒါန ပြန်လည်မျှဝေပါသည်။
 သဗ္ဗေ ဘဒြာနိ ပဿန္တု - အကောင်းမြင်စိတ် ကိုယ်စီ ရှိကြပြီး သူတော်ကောင်းတရား ထွန်းကားပါစေ။
 "ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးမြတ် သိဉာဏ်ထက်၏
 သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ_အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။
 ဓမ္မကို ဖြန့်ဝေသောသူသည် "သာသနာပြုသူ" မည်ပါ၏။ 
ဓမ္မကို ဖြန့်ဝေခြင်းမှာ "ပတ္တိဒါနကုသိုလ်" ဖြစ်ပါ၏။
  
 ထို့ကြောင့် မိမိတို့၏ အပေါင်းအသင်း မိတ်ဆွေများ သိရှိ၊ မှတ်သား၊ အသုံးပြု နိုင်စေရန် ခွင့်မတောင်းဘဲ လွတ်လပ်စွာ ထပ်ဆင့် ဓမ္မဒါန မျှဝေ၊ ကူးယူ (Copy & share) ခွင့်ပြုပါသည်။

"သုခိ အတ္တာနံ ပရိဟရန္တု"- "မိမိကိုယ်ကိုချမ်းသာအောင် ဆောင်ရွက်နိုင်ကြပါစေ "
#သက်ရှည်ကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ဝကြပါစေ။
#ကုသိုလ်ကောင်းမှုများကိုမမေ့မလျော့ပြုနိုင်ကြပါစေ။
#သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ 
လျော်စွာအကျင့်ပြုကျင့်နိုင်၍ အေးချမ်းကြပါစေ။
#သတ္တဝါဟူသရွေ့တရားတွေ့ချမ်းမြေ့သာသာရှိပါစေ။ 

 ဣဒံမေပုညံ အာသဝက္ခယံ ဝဟံဟောတု။
ဣဒံမေပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🙏အပ္ပမာဒေန သမ္ပာဒေထ🙏
🙏 ဗုဒ္ဓသာသနံ စိရံတိဌတု 

No comments:

Post a Comment