<><><><><><><><>
ဘဝမှာ လူရယ်လို့ဖြစ်လာရင်
ကိုယ်က အမှောင်လမ်းကို သွားနေလား..?
အလင်းလမ်းကို သွားနေလား..?
ကိုယ်..ဘယ်ကိုသွားနေလဲဆိုတာ ခွဲခြားသိဖို့လိုတယ်၊
လောကမှာ လူအများစုက
အမှောင်ထဲမှာနေကြတာများပါတယ်၊
လောကလူတွေ
ဖြစ်သလို နေထိုင်စားသောက်နေကြတယ်၊
အကောင်းအဆိုးအကြောင်းအကျိုးကို
ရှင်းရှင်းလင်းလင်းမသိတော့၊
အမှောင်လမ်းကို တဖြည်းဖြည်းချင်း
တစ်လှမ်းချင်းရောက်သွားတတ်ပါတယ်၊
လောကမှာ လူတွေမျှော်လင့်ချက်မဲ့နေကြတယ်။
-------------
မြတ်စွာဘုရားဟောကြားထားတဲ့
သုတ္တန်အဘိဓမ္မာတရားတွေနာကြားပြီး၊
ကိုယ်က အမှောင်ကလာတဲ့သူလား..?
အလင်းက လာတဲ့သူလား..?
ကိုယ်တိုင် ခွဲခြားဆင်ခြင်သုံးသပ်ပြီး
ငါဟာ အမှောင်ထဲကလူလား
အလင်းထဲကလူလားဆိုတာ တိုင်းတာသိမြင်နိုင်တယ်။
ဒါလို...သာမန်အားဖြင့်
လွယ်လွယ်နဲ့ရတယ်လို့ထင်ကြတယ်၊
မြတ်စွာဘုရားပွင့်တော်မူလို့သာသိကြရတာဖြစ်တယ်၊
လောကလူတွေ
မသိနိင်တာတွေ အများကြီးရှိသေးတယ်၊
လောကမှာ လူတွေက
အသိဥာဏ်အရှိဆုံးလို့ ထင်ကြတယ်၊
မသိလို့ယုံကြည်ကြတယ် ထင်မိထင်ရာ ထင်ကြတယ်
ဘယ်အရာဘဲဖြစ်ဖြစ် ဆင်ခြင်စဉ်းစားသုံးသပ်ရမယ်။
လောက လူတွေအတွက်
မြတ်စွာဘုရားရှင်ပွင့်တော်မူလာခြင်းသည်
ညဘက် နေမင်းကြီးဝင်သွားတော့
အမှောင်ဖုံးသွားတော့ လောကလူတွေ
ဘာမှမမြင်တော့ အမှောင်ဖုံးသွားတယ်၊
အမှောင်ဖုံးနေတော့ အမှန်မမြင်နိင်တော့
အကောင်းအဆိုး မခွဲခြားနိင်တော့ဘူးပေါ့။
မြတ်စွာဘုရားရှင် ပွင့်တော်မူလာတာဟာ၊
လောကလူတွေအတွက် နံနက်ခင်းမှာ
ထွက်ပေါ် လာသော နေမင်းကြီးကဲ့သို့
အလင်းရောင်ကဲ့သို့ ထွန်းလင်းတောက်ပနေတယ်ပေါ့။
-------------
မြတ်စွာဘုရားရှင်က
လောက လူတွေကို[၄ -ပုံ ပုံပြီး]
{လူ ၄-မျိုးခွဲပြီး} ဟောကြားထားပါတယ်။
၁။ အမှောင်ထဲမှလာပြီး အလင်းသို့သွားသောသူ၊
လောကလူတွေထဲမှာ ဆင်းရဲနုံချာပြီး
လူရာမ၀င် အဆင်မပြေသူတွေက၊
ငါတို့ ဒီဘဝရောက်တာ
အတိတ်ဘဝက ကုသိုလ်ကောင်းမှုနည်းခဲ့လို့
ဒီလိုဘ၀မျိုးရောက်ရတာလို့ ဆင်ခြင်သုံးသပ်ပြီး
ကုသိုလ်တရားများပြုလုပ်၍ နေသောသူ။
-------------
၂။ အမှောင်ထဲမှလာပြီး အမှောင်ထဲသို့သွားသောသူ၊
လောကလူတို့သည်
မူးရူးသောက်စား ခက်ထန်ရိုင်းစိုင်း
ဖြစ်သလို နေထိုင်စားသောက်ပြီး၊
မရှိလို့မလှူ မလှူလို့မရှိဆိုတဲ့စကားအတိုင်း
ပေါ့ပေါ့နေပေါ့ပေါ့စားနေသူများကို
အမှောင်ထဲမှလာ၍ အမှောင်ထဲကိုသွားသောသူ၊
-------------
၃။ အလင်းမှလာပြီး အမှောင်သို့သွားသောသူ၊
လောကလူတို့တွင် ချမ်းသာကြွယ်ဝ
ပစ္စည်းဥစ္စာပြည့်စုံ ရုပ်ချောမောလှပ
ဂုဏ်ရှိန်ဝါမြင့်သောမိသားစုမှာ
မွေးဖွားလာသူဖြစ်ပါလျက်
မူးရူးရမ်းကားမိုက်ရိုင်းနေသူ
အလင်းမှလာ၍ အမှောင်ကိုသွားသောသူ၊
-------------
၄။ အလင်းမှလာ၍ အလင်းသို့သွားသောသူ၊
လောကလူတို့တွင် ပစ္စည်းဥစ္စာပြည့်စုံပြီး
သူတစ်ပါးကိုလည်း ပေးကမ်းစွန့်ကျဲလှူဒါန်းပြီး
မိမိကိုယ်တိုင်လည်း သီလတရား
ကိုယ်ကျင့်တရားနဲ့ပြည့်စုံအောင်နေသောသူသည်
အလင်းမှလာ၍ အလင်းကိုသွားသောသူ၊
-------------
ကမ္ဘာပေါ်ရှိ လူများအားလုံအတွက်
ဘယ်လိုလူမျိုးအများဆုံးဖြစ်မလဲ..?
ကိုယ်ကရော ဘယ်လူမျိုးထဲပါနေမလဲ
ဆင်ခြင်သုံးသပ်ရမယ်။
ထို့အတူ မြတ်စွာဘုရားဟောကြားတဲ့
တရားတော်တွေက ကြေးမုံပြင်နဲ့တူတယ်၊
မြတ်စွာဘုရားဟောကြားသော
တရားတော်တွေကို နာကြားပြီး
ဒီအတိုင်းမထားပဲ အမြဲဆင်ခြင်သုံးသပ်နေရပါမယ်၊
လူတွေရဲ့ကံကြမ္မာပုံရိပ်က
မျက်နှာမှာရောဘဝမှာပါ ထင်ဟပ်နေပါတယ်။
-------------
တချို့က ရောဂါကင်းတယ်
တချို့က ရောဂါထူတယ်၊
တချို့ချမ်းသာ တချို့က ဆင်းရဲ
တချို့ကရုပ်ဆိုး တချို့က ရုပ်လှ၊
တချို့က အခြံအရံပေါတယ်
တချို့က အခြံအရံနည်းတယ်၊
မျက်ဝါးထင်ထင် မြင်နေပါလျက်
ဒါတွေ ဘာကြောင့်ဖြစ်တာလဲလို့
ဆင်ခြင်သုံးသပ်ဖို့လိုအပ်တယ်။
မြတ်စွာဘုရားက
ချစ်သား ရာဟုလာ
မှန်ကို ဘာကြောင့်ကြည့်တာလဲ
ရာဟုလာက
ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်
သုံးသပ်ဖို့ကြည့်တာပါဘုရား
အဲဒီလိုပဲ မြတ်စွာဘုရားက
လောကလူတွေထဲမှာ
ဘယ်လောက်ပဲ ချမ်းသာချမ်းသာ
ဂုဏ်တွေဘယ်လောက်ပဲရှိရှိ
သူတပါးပစ္စည်းခိုးရင် သူခိုး၊
လုယူရင် ဓါးပြပဲ။
မြတ်စွာဘုရားက လူ့အဆင့်အတန်းကို
သူကိုယ်တိုင်လုပ်တဲ့အလုပ်နဲ့ တိုင်းတာတယ်။
-------------
လောကလူတွေမှာ အောက်တန်းကျတယ်ဆိုတာ
အဲ့ဒီလူရဲ့ဇာတ်အနိမ့်အမြင့် မျိုးရိုးနဲ့မဆိုင်ဖူးဆိုတာ
မြတ်စွာဘုရားပွင့်မှ ပေါ်ထွန်းလာတာဖြစ်တယ်။
တစ်ချိန်ကပြုခဲ့တဲ့ ကုသိုလ်ရဲ့အရှိန်ကြောင့်
ယခုထိ ကုသိုလ်အကျိုးပေးနေခြင်းဖြစ်တယ်။
ဘယ်သူကမှ ဖန်ဆင်းထားတာမဟုတ်ဘူး၊
ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်။
လူတယောက် စိတ်ဆိုးနေရင်
သူ့ရုပ်ရည် ကြည်နိုင်ပါ့မလား..!
ဒါကြောင့် ကိုယ်ပြုတဲ့ကံကြမ္မာပုံရိပ်က
မျက်နှာမှာပေါ်တာ ဖြစ်တယ်။
#ကုသိုလ်ဆိုတာ ဉာဏ်နဲ့ပြုလုပ်ရတာဖြစ်တယ်၊
ထာဝရအလင်းရအောင် [မဂ္ဂင်-၈ပါးနဲ့]သွားရပါမယ်။
#သီလစင်ကြယ်ရင် သမာဓိတည်မယ်၊
သမာဓိတည်ရင် ပညာဉာဏ်အလင်းဓာတ်ရပြီပေါ့။
ဒါကြောင့် တို့တတွေဟာလည်း
#သံသရာထဲမှာ_လင်းချင်ရင်
{၅-ပါးသီလ}မြဲမြံအောင် ကြိုးစားကြရမယ်။
#ထာဝရအလင်း_ရချင်ရင်တော့
#မဂ္ဂင်ပညာဖြင့် ကျင့်ကြံအားထုတ်ရမှာဖြစ်တယ်လို့၊
ကိုယ်စီကိုယ်စီသိပြီး ကျင့်သုံးရမှာဖြစ်တယ်။
🙏ကျေးဇူးတော်ရှင်🙏
ပါချုပ်ဆရာတော်ဘုရားကြီး
No comments:
Post a Comment