စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, February 17, 2026

အတွေးသုံးမျိုး

လူဆိုတာ အထိန်းအကွပ်လေးနဲ့နေရတယ်။
အတွေးသုံးမျိုးကို မတွေးနဲ့။

မကောင်းတဲ့အတွေးဟာ ဘာလဲဆိုရင်
သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့အတွေး၊
ဒါကို အဘိဇ္စျာ လို့ခေါ်တယ်။သူများပစ္စည်းကို ကိုယ်ပိုင်ဆိုင်ချင်တဲ့အတွေးဟာ ဘာကို ဖြစ်စေတတ်တဲ့အတွေးလဲ။သူခိုး ဓားပြ ဖြစ်စေတဲ့အတွေး မဖြစ်ဘူးလား။အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး၊အကုသိုလ်အတွေး၊ မနောဒုစရိုက်လို့ ခေါ်တယ်။

နောက်....ဗျာပါဒ ဘာလဲဆိုရင်
ကိုယ်နဲ့မတည့်တဲ့ လူတစ်ယောက် စိတ်ထဲပေါ်လာရင်"ဟာ ....ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ဒီကောင်စီးပွားတွေ ပျက်သွားရင် ကောင်းမှာပဲ၊ဒီကောင် ဒုက္ခရောက် ထောင်ကျသွားရင်ကောင်းမှာပဲ "ဆိုတဲ့ အတွေး၊အဲဒီအတွေးကို ဗျာပါဒအတွေးလို့ ခေါ်တယ်။

နောက်တစ်ခုက မိစ္ဆာဒိဌိ။
မိစ္ဆာဒိဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်တယ်လို့မတွေးဘူး။ကောင်းတာလုပ်လည်း ကောင်းတာ မဖြစ်ပါဘူး။မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တာပဲ။မကောင်းတဲ့လူတွေ ကြီးပွားနေတာ ရှိတာပဲ။ကောင်းတဲ့လူတွေ ဒုက္ခရောက်နေကြတယ်စသည်ဖြင့် ကံကို မျက်စိလည်နေကြတယ် ။

တကယ်တော့ မကောင်းတာလုပ်ပြီးကြီးပွားနေတာတွေဟာ တစ်ချိန်တုန်းကကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကိုခံစားနေရတယ်လို့ ဒီလို တွက်ရမယ် ။ကိုယ်က အခုမှ ကောင်းတာတွေ လုပ်တာ။အကျိုးမပေးသေးဘူးအခုမှ သရက်ပင်စိုက်တာသရက်သီး စားရပါ့မလား မစားရပါဘူး။ကောင်းတာ အခုမှ လုပ်တာမကောင်းတာတွေ ကြုံနေရတယ်။အတိတ်က မကောင်းတာတွေဘယ်လောက် လုပ်ခဲ့မှန်းမှ မသိတာ ။

အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ
ကံဆိုတာ ရှိတယ်။
ကံကို ငြင်းပယ်တာ " အကိရိယဒိဌိ " လို့ ခေါ်တယ်။
ကုသိုလ်ဆိုတာ မရှိပါဘူး။အကုသိုလ်ဆိုတာ မရှိပါဘူး ဆိုတဲ့ငြင်းပယ်တဲ့ ဝါဒကို"အကိရိယဝါဒ " လို့ ခေါ်တယ် ။အကိရိယဒိဌိဆိုတာ ကံကို လုံးဝ မယုံဘူးလေ။

နောက်"နတ္ထိကဒိဌိ"ဆိုတာ
ကံရဲ့အကျိုးတရားကို လက်မခံဘူး။
မကောင်းတာလုပ်လည်း မကောင်းကျိုး မဖြစ်ဘူး ။ကောင်းတာလုပ်လည်း ကောင်းကျိုး မဖြစ်ဘူးလိုအကျိုးတရားကို ငြင်းပယ်တဲ့ဝါဒ။

နောက်တစ်ခုက"အဟေတုကဒိဌိ"
အကြောင်းတရားကို ငြင်းပယ်တာ။
ပေါင်းလိုက်လို့ရှိရင် ကံနှင် ကံအကျိုးကိုငြင်းပယ်တဲ့ပုဂ္ဂိုလ်ဟာမိစ္ဆာဒိဌိ အမြင်ရှိသူသာ ဖြစ်တယ်။

အဲဒီလို မိစ္ဆာဒိဌိအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိတောင်မရောက်နိုင်ဘူးတဲ့။သူသွားရမယ့်လမ်းကတော့ အပါယ်လေးဘုံပဲ ။

ဘာလို့တုန်းဆိုတော့ ....
သူက ကံကိုငြင်းပယ်ထားတော့
သူလုပ်ချင်ရာ လုပ်တော့မှာလေ ။
လူဆိုတာ အထိန်းအကွပ်ကလေးနဲ့ နေရတယ်။အထိန်းအကွပ် မရှိဘဲ လုပ်ချင်တာ လုပ်ဆိုရင်မကောင်းတာပဲ လုပ်ကြတော့မယ်။ကောင်းတာဆိုတာ ရေဆန် လှော်ခတ်ရတာနဲ့တူတယ်။မကောင်းတာလုပ်တယ်ဆိုတာရေစုန်နဲ့တူတယ် လွယ်တယ်၊မျှောချရုံပဲ ။

ဒါကြောင့်မို့ အတွေးနဲ့ ပတ်သက်လာရင်ခုနပြောတဲ့ အတွေးတွေ မတွေးနဲ့တဲ့...။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ

No comments:

Post a Comment