စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, February 18, 2026

ရောက်မြဲနတ်ထံ

ရောက်မြဲနတ်ထံ
_______________

ခန္ဓာကိုယ် ပျက်စီးလို့
သေရပြီဆိုရင်
ဘဝရဲ့အပေါ်မှာ သံယောဇဥ်က
မပြတ်ကြသေးတာဆိုတော့
အဲဒီသံယောဇဥ်တရား
အဲဒီလောဘတရားကပဲ
နောက်ထပ်တစ်ခုကို ဆက်ပြီးတော့
ဖြစ်စေလိမ့်မယ်။

ဘဝရဲ့ ဒုက္ခသစ္စာသဘောကို
ဘုန်းကြီးတို့တစ်တွေဟာ
ပိုင်းခြားပြီးတော့ မသိနိုင်ကြ၊
မမြင်နိုင်ကြသေးဘူး။
ဒုက္ခကို ဒုက္ခလို့ နားမလည်
သေးတဲ့အခါကျတော့
ဒီဒုက္ခရဲ့အပေါ်မှာပဲ
အမျိုးမျိုးတွယ်ကပ်နေတာ စိတ်တွေက။

အဲဒီတွယ်ကပ်နေတဲ့ စိတ်ကြီးကပဲ
နောက်ထပ် ဘဝတစ်ခုကို
ဖြစ်စေလိမ့်မယ်။

အဲလိုဖြစ်စေတဲ့အခါမှာ 
ကောင်းတဲ့ဘဝကို ဖြစ်စေမှာလား။
မကောင်းတဲ့ဘဝကို ဖြစ်စေမှာလား
ဆိုတာကတော့ သေခါနီးမှာ
ဖြစ်ပေါ်တဲ့ ကိုယ့်စိတ်ရဲ့
အခြေအနေပေါ်မှာပဲ မူတည်တယ်။

မသေခင်မှာ ကိုယ်ထားခဲ့တဲ့ စိတ်ထား၊
ကိုယ့်ရဲ့စေတနာ။
အဲဒီစိတ်ထား, အဲဒီစေတနာတွေကို
အခြေခံပြီးတော့ တွေးတာတွေ ရှိတယ်၊
ပြောတာတွေ ရှိတယ်၊ လုပ်တာတွေ ရှိတယ်။

အဲဒါတွေကို ကံတရားခေါ်တာပေါ့နော်။
အဲဒီကံတရားက ကောင်းတဲ့ စိတ်ထားကို
အခြေခံထားပြီးတော့ ဖြစ်ပေါ်သွားတဲ့
အတွေး, အပြော, အလုပ်၊ 
ဒါကို ကုသိုလ်ကံ။

မကောင်းတဲ့စိတ်ထားကို 
အခြေခံပြီးတော့ ဖြစ်ပေါ်သွားတဲ့ 
အတွေး, အပြော, အလုပ်ကို
အကုသိုလ်ကံ ခေါ်မယ်။

ဒါနကောင်းမူသည် ကုသိုလ်ကံ
အမျိုးအစားထဲမှာ ပါတဲ့အတွက်ကြောင့်
သေခါနီးမှာ ကောင်းမွန်တဲ့စိတ်
ဖြစ်ပေါ်ဖို့အတွက် အများကြီး
အထောက်အကူ ပြုနိုင်တယ်။

ဒါနကောင်းမူနဲ့ ပျော်မွေ့ခဲ့တဲ့ 
ပုဂ္ဂိူလ်တွေဟာလည်းပဲ
သေခါနီးမှာ အဲဒီကောင်းတဲ့
စိတ်ကလေးကို
ဖြစ်ပေါ်ဖို့ အခွင့်အလမ်း
အများကြီးသာမယ်လို့ 
ဘုန်းကြီး ထင်တယ်။

ဒါကြောင့်မို့လို့ 
ဒီမှာ အဲဒီစကားကို 
မြတ်စွာဘုရား ပြောတာ။
"ကောင်းတဲ့ဘဝကို ပို့မယ်"တဲ့။

သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ

No comments:

Post a Comment