စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, February 1, 2026

မိမိစကားနားမထောင် ဩဇာမညောင်းခြင်း

မိမိစကားနားမထောင် ဩဇာမညောင်းခြင်း
 🌾🌾🍁🌾🌾🍁🌾🌾🍁                 

     မိမိစကားကို အရေးတစိုက် နားမထောင်
ဩဇာမညောင်းခြင်း၏ အကြောင်းကား---

    အလှူဒါနပြုသောအခါ ရိုသေမှု မပါက
မိမိစကားကို နားမထောင် ဩဇာမညောင်းတတ်ပါ။
(သပ္ပုရိသဒါနသုတ်ရှု)
(အံ၊၅၊ပါ၊၁၅။)

    ဝေလာမသုတ်ကို ထောက်ပါက---

၁။ အလှူပေးသောအခါ ရိုသေစွာ မလှူခြင်း။

၂။ စိတ်မပါဘဲ အလေးအနက်မထားဘဲ လှူခြင်း။

၃။ ကိုယ်တိုင်မလှူခြင်း။

၄။ အသုံးမကျ စွန့်ပစ်လိုက်သလို
     သဘောထား၍ လှူခြင်း။

၅။ ဒါနအကျိုးကို မယုံမကြည် မမျှော်ကိုး၍ 
     လှူခြင်း။

ဤငါးချက်ကြောင့် အာဏာစက် ညံ့တတ်သည်။
ဩဇာမညောင်းပါ။။
(အံ၊ပါ၊၉၊၁၉၅။ဋ္ဌ၊၂၆၇။)

(မဟာသုတဒီပနီ၊ပ၊၅၅၂။)

No comments:

Post a Comment