မသေခြင်း၏အကြောင်း
~~~~•••••••~~~~
ကိုယ့်ဘ၀ကို တကယ်အသက် ၀င်ချင်တယ်ဆိုရင် မလုပ်မဖြစ်တဲ့ အလုပ်က ဘာလဲဆိုတော့ သတိနဲ့နေတာ..
••• အပ္ပမာဒေါ အမတံ ပဒံ
အပ္ပမာဒေါ.. မမေ့လျော့ခြင်းသည်
အမတံ.. ... မသေခြင်း၏ (နိဗ္ဗာန် )၏
ပဒံ........... အကြောင်းပင်တည်း..။
အမတံ မသေခြင်းဆိုတာ နိဗ္ဗာန်ကိုပြောတာပါ.. အဲ့ဒီတော့ `` မမေ့မလျော့ခြင်းသည် မသေခြင်း၏အကြောင်း.. ´´´ တဲ့..
••• ပမာဒေါ မစ္စုနော ပဒံ.
ပမာဒေါ .. မေ့လျော့ခြင်းသည်
မစ္စုနော .. သေခြင်း၏
ပဒံ .. အကြောင်း.. ။
••• အပ္ပမတ္တာ နမီယန္တိ
အပ္ပမတ္တာ .. မမေ့သောသူသည်
နမီယန္တိ .. မသေ..
မမေ့မလျော့ နေသောသူသည် မသေ..။
•••ယေ ပမတ္တာ ယထာ မတာ
အကြင်သူတို့သည် မေ့လျော့နေကုန်၏..။ ထိုသူတို့သည် သေသူနှင့် တူကုန်၏..။
မေ့မေ့လျော့လျော့ နေလို့ရှိရင် သေနေတဲ့လူနဲ့ တူပါတယ်တဲ့.. အဲ့ဒီတော့ မေ့တိမေ့လျော့ နေတဲ့သူ .. သတိမပါတဲ့သူဟာ သူအချိန်ဟာ အမှန်တော့ နေလိုက်ရတဲ့ အချိန်လို့ မဆိုနိုင်ဘူး..။
ဒါကြောင့် သတိနဲ့သိပြီးတော့ ဥာဏ်လေးနဲ့ သိပြီးတော့ နေလိုက်ရတဲ့ အချိန်ဟာ တကယ်နေလိုက်ရတဲ့ အချိန်ပါပဲ..။
သတိမပါ ဥာဏ်မပါဘဲနဲ့ ဘာလုပ်လို့ လုပ်နေမှန်း မသိဘူး..။ ဘာစားလို့ စားနေမှန်းမသိဘူး.. ။ ဟိုတွေး ဒိတွေးနဲ့ မေ့တိမေ့လျော့ နေတဲ့သူအတွက် အဲ့ဒီအချိန်ဟာ သေသွားတဲ့အချိန်ပါပဲ..။
ကိုယ့်ဘ၀မှာ နေနေရတဲ့အချိန်နဲ့ သေနေရတဲ့ အချိန် ဘယ်ဟာကများနေလဲဆိုတာ တော်တော် စဉ်းစားသင့်တယ်..။
ဒါကြောင့် တကယ်နေလိုက်ရတဲ့အချိန်.. တန်ဖိုးရှိရှိနေလိုက်ရတဲ့အချိန်.. သတိနဲ့ဥာဏ်နဲ့ သေသေချာချာ နေလိုက်ရတဲ့အချိန်တွေ များအောင် ကြိုးစားမှသာ တကယ်အသက်ရှသ်တဲ့သူလို့ ဆိုနိုင်မယ်..
အချိန်တိုင်းဟာ ရှင်သန်နေတဲ့အချိန် ကြီးပွားနေတဲ့အချိန် တိုးတက်နေတဲ့ အချိန်တွေ ဖြစ်အောင် ကြိုးစားကြပါစို့..
×××××××××××✏ဆရာတော်ဦးဇောတိက
[[မဟာမြိုင်တောရ ]]