စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Friday, October 23, 2015
မ​သေခြင်း၏အ​ကြောင်း.
   မ​သေခြင်း၏အ​ကြောင်း
   ~~~~•••••••~~~~
ကိုယ့်​ဘ၀ကို တကယ်​အသက်​ ၀င်​ချင်​​တယ်​ဆိုရင်​ မလုပ်​မဖြစ်​တဲ့ အလုပ်​က ဘာလဲဆို​တော့ သတိနဲ့​နေတာ..
••• အပ္ပမာ​ဒေါ  အမတံ   ပဒံ 
     အပ္ပမာ​ဒေါ..  မ​မေ့​လျော့ခြင်းသည်
     အမတံ.. ...  မ​သေခြင်း၏ (နိ​ဗ္ဗာန်​ )၏
     ပဒံ...........  အ​ကြောင်းပင်​တည်း..။
အမတံ မ​သေခြင်းဆိုတာ နိ​ဗ္ဗာန်​ကို​ပြောတာပါ.. အဲ့ဒီ​တော့ `` မ​မေ့မ​လျော့ခြင်းသည်​ မ​သေခြင်း၏အ​ကြောင်း.. ´´´ တဲ့..
••• ပမာ​ဒေါ  မစ္စု​နော  ပဒံ.
     ပမာ​ဒေါ   .. ​မေ့​လျော့ခြင်းသည်
     မစ္စု​နော   .. ​သေခြင်း၏
     ပဒံ         .. အ​ကြောင်း.. ။
••• အပ္ပမတ္တာ  နမီယန္တိ
     အပ္ပမတ္တာ   .. မ​မေ့​သောသူသည်
     နမီယန္တိ      .. မ​သေ..
မ​မေ့မ​လျော့ ​နေ​သောသူသည်​ မ​သေ..။
•••​ယေ ပမတ္တာ  ယထာ  မတာ
    အကြင်​သူတို့သည်​ ​မေ့​လျော့​နေကုန်​၏..။ ထိုသူတို့သည်​ ​သေသူနှင့်​ တူကုန်​၏..။
     ဒါ​ကြောင့်​ သတိနဲ့သိပြီး​တော့ ဥာဏ်​​လေးနဲ့ သိပြီး​တော့ ​နေလိုက်​ရတဲ့ အချိန်​ဟာ တကယ်​​နေလိုက်​ရတဲ့ အချိန်​ပါပဲ..။
   သတိမပါ ဥာဏ်​မပါဘဲနဲ့ ဘာလုပ်​လို့ လုပ်​​နေမှန်း မသိဘူး..။   ဘာစားလို့ စား​နေမှန်းမသိဘူး.. ။ ဟို​တွေး ဒိ​တွေးနဲ့ ​မေ့တိ​မေ့​လျော့ ​နေတဲ့သူအတွက်​ အဲ့ဒီအချိန်​ဟာ ​သေသွားတဲ့အချိန်​ပါပဲ..။
    ကိုယ့်​ဘ၀မှာ ​နေ​နေရတဲ့အချိန်​နဲ့ ​သေ​နေရတဲ့ အချိန်​ ဘယ်​ဟာကများ​နေလဲဆိုတာ ​တော်​​တော်​ စဉ်းစားသင့်​တယ်​..။
     ဒါ​ကြောင့်​ တကယ်​​နေလိုက်​ရတဲ့အချိန်​.. တန်​ဖိုးရှိရှိ​နေလိုက်​ရတဲ့အချိန်​.. သတိနဲ့ဥာဏ်​နဲ့ ​သေ​သေချာချာ ​နေလိုက်​ရတဲ့အချိန်​​တွေ များ​အောင်​ ကြိုးစားမှသာ တကယ်​အသက်​ရှသ်​တဲ့သူလို့ ဆိုနိုင်​မယ်​..
   အချိန်​တိုင်းဟာ ရှင်​သန်​​နေတဲ့အချိန်​ ကြီးပွား​နေတဲ့အချိန်​ တိုးတက်​​နေတဲ့ အချိန်​​တွေ ဖြစ်​​အောင်​ ကြိုးစားကြပါစို့..
×××××××××××✏ဆရာ​တော်​ဦး​ဇောတိက
                            [[မဟာမြိုင်​​တောရ ]]
No comments:
Post a Comment