စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, October 5, 2015

ဒါနပါရမီ

ဒါနပါရမီ
***ဒါနဟူသည်ပေးစွန့် ခြင်း
ပင်ဖြစ်လေရာလှုဖွယ်ဝတ္ထု ကို
ပေးစွန့် မှသာဒါနမြောက်သ
ည်မဟုတ်အများကောင်းကျိုး
အတွက်မိမိဘဝကိုစတေး
ခြင်းသည်လည်းဒါနပါရမီ၌
ပင်ပါဝင်သည်ဖြစ်၏။
အမှန်အားဖြင့်အနစ်နာခံခြင်း
ဟူသည်မှာလည်းမြင့်မြတ်သူ
များသာလုပ်နိုင်သောလုပ်ငန်း
ဖြစ်၏။ဒါနကိုပြု ရာ၌ဒါနသည်
ပဓာနဖြသ်သောကြောင့်ဒါနပါ
ရမီဟူ၍ဆိုရ၏။


 ဒါနပါရမီထို
က်အောင်ပြု ပါက အခြားပါရ
မီများလည်းလိုက်ပါလာပါ၏
***ဒုစရိုက်တို့မှစင်ကြယ်သေ
ာစိတ်ထားဖြင့် လှုခြင်းဖြစ်ပါက
"သီလပါရမီ"သည်လည်းပါဝင်
ပါ၏။ါနပြု ရာ၌ ပစ္စက္ခအကျိုး
တမလွန်အကျိုး ကိုမျှော်ကိုး
ခြင်းမရှိပဲလောကအတွက်
လွတ်လွတ်လှုဒါန်းခြင်းဖြစ်ပါ
က "နေက္ခမ္မပါရမီ"သည်ပါဝင်
ပါ၏။
အလှုခံပုဂ္ဂို လ်တို့ဝမ်းမြောက်
ဝမ်းသာဖြစ်အောင်စီမံဆောင်
ရွက်ပေးပါက"ပညာပါရမီ"သည်ပါဝင်ပါ၏။မိမိ၏ဒါနအောင်
မြင်စွာပြီးဆုံးသွားရေးအတွက်
အားထတ်ြကြိုးစားခြင်းသည်
"ဝီရိယပါရမီ"ဖြစ်ပါ၏။
***ဒါနပြု ရာတွင်တွေ့ ကြုံ ရ
သောအခက်အခဲများကို
ကျော်လွန်သဘ်အထိသည်း
ခံခြကါးသည်"ခန္တီပါရမီ"ဖြသ်ပါ
၏။ စိတ်ထဲ၌ကြံစည်ထားသ
ည့်အတိုင်းလှုဒါန်းဖြစ်အောင်
လှုဒါန်းခြင်းသည်"သစ္စာပါရမီ"
ဖြစ်ပါ၏။
***မိမိ၏ဆုံဖြတ်ချက်ကိုမပျက်ပြားအောင်ထိန်းသိမ်းနိုင်
ခြင်းသည အဓိဋ္ဌာန်ပါရမီ ဖြစ်ပါ၏
အလှုခံပုဂ္ဂို လ်အပေါ်၌မေတ္တာ
ထားခြင်းသည် "မေတ္တာပါရမီ"
ဖြစ်ပါ၏။
***အလှုခံပုဂ္ဂိုလ်များက အလှု
ရှင်အပေါ်ချီးကျူးသည်ဖြစ်စေ
ကဲ့ရဲ့သည်ဖြစ်စေထူးခြားသော
ခံစားမှုမဖြသ်ပေါ်ခြင်းသည်
"ဥပေက္ခါပါရမီ"ဖြစ်ပါ၏။
###ထို့ကြောင့်  "ဒါန" ကို
ပါရမီ ထိုက်အောင်ပြု ပါက
အခြား "ပါရမီ" ကိုးပါးလည်း
အတူလိုက်ပါလာပါ၏။
###ဒါနပါရမီ ထိုက်ပါက
ပါရမီဆယ်ပါး ပြည့်သည်သာ
ဖြစ်ပါ၏။

1 comment:

  1. အရှင် ဘုရားတို့...
    တပည့်တော်ပါရမီ
    လေးပါးအား...ဆိုက်ထဲတွင်
    နေရာအနှံ့ ရှာဖွေသော်လဲ...
    မတွေ့ပါ...ဘုရား...ပါရမီလေးပါး
    ကို...တင်ပေးစေချင်ပါတယ်...ဘုရား...။
    ပါရမီက...တစ်ပိုင်း...တစ်စဖြစ်နေပါတယ်...
    ဘုရား...(သစ္စာ အဓိဠာန် မေတ္တာ ဥပေက္ခာ/ပါရမီ)

    ReplyDelete