စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, October 25, 2015

ဘုရားအနေကဇာ မတင်ဘဲ ကိုးကွယ်လို့ ရ မရ

.          .ဘုရား ဆင်းတုတွေ ကို တစ်ချို့က အနေကဇာ တင်မှ အသက် ဝင်တယ် အနေကဇာ မတင် ရင် အသက် မဝင်ဘူး လို့ ပြော ကြသ လို တစ်ချို့ က အနေကဇာ တင်မှ ဘုရားဖြစ်တာ အနေကဇာ မတင် ဘဲ ကိုးကွယ်ရင် ကုသိုလ်မရ ဘူးလို့လဲ ပြောကြပါတယ် ။ တစ်ချို့က အနေကဇာ မတင် ဘဲ မကိုးကွယ် ကောင်း ဘူး လို့လဲ ယူဆကြ ပါသေးတယ် ။

.     .ယ္ခု အယူအဆတွေ က မှား ပါတယ် တကယ်တော့ အနေကဇာတင် တယ် ဆိုတာ မြတ် ဗုဒ္ဓ ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေ  ကို အောက်မေ့ ရွတ်ဖတ် ပူဇော်ခြင်း အမှတ်ရခြင်း ပြုတဲ့ သဘောမျိုးပါ ။ စေတီတော် ဆင်းတု တော်တွေ ကို ထပ်မံမွန်းမံခြင်း လို့ လဲ ဆိုနိုင် ပါ တယ် ။ အနေကဇာ တင်တော့ အနေကဇာတိ စတဲ့ ဗုဒ္ဓ ကြုံးဝါးခဲ့ တဲ့ ဂါတာတော်တွေ ကို ကြားနာခွင့်ရတယ် ။ ဗုဒ္ဓ ဆင်ခြင်သုံးသပ် ခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် ကို နာခွင့်ရတယ် ။ ရဟန်းတော် တွေ ကို လှူဒါန်းကု သိုလ်ပြုခွင့်ရတယ် ။ အစရှိ သဖြင့် ဆိုင်ရာ အကျိုးတွေ ရပါ တယ် ။

.     .ဒါပင်မဲ့ အဲဒိလို အနေကဇာ တင်ခြင်းကြောင့် စေတီ ရုပ်ထုတွေ က အသက် ဝင်လာတာတော့ မဟုက် ပါ ဘူး ။ ဗုဒ္ဓဘာသာ တွေက လဲ အဲဒိ ရုပ်ထုတွေ ကို ကိုးကွယ်နေတာ မဟုက်ရ ပါဘူး ။ ဗုဒ္ဓ ၏ ဂုဏ်တော်တွေ ကို ကိုးကွယ်တာပါ ။ စေတီ ရုပ်ထု ဆိုတာက ဗုဒ္ဓ ၏ ဂုဏ်တော်တွေ ကို အာရုံပြုလို့ လွယ်ကူအောင် အထောက်ပံ့ ပြုတဲ့ အရာမျှသာ ဖြစ်ကြပါ တယ် ။ စေတီ ဆင်းတုတော် တွေ ကို ဖူးမျှော်ပြီ ဗုဒ္ဓ ၏ ဂုဏ်တော် ကျေးဇူးတော် တွေ ကို အာရုံပြုကြ , ပူဇော်ကြ ရပါတယ် ။ ရှေ့မှာ ရှိနေတဲ့ စေတီ ဆင်းတုတော် တွေ ကို ပူဇော်နေကြ တာ မဟုက်ပါ ဘူး ပရိနိဗ္ဗာန်ဝင်စံ တော်မူပြီးဖြစ်တဲ့ မြတ်စွာ ဘုရားရှင် ၏ ကျေးဇူးတော် အနန္တ ဂုဏ်တော် အနန္တကို ပူဇော်နေကြတာ ပါ။

.       .မိမိ စိတ်က ဗုဒ္ဓ ၏ ဂုဏ်တော်တွေ ကို ရည်မှတ်ဖို့ သာ အဓိက ကျတာဖြစ်ပါ တယ် စေတီ ဆင်းတု တွေ က အဓိက မကျပါဘူး သာမည မျှသာ ဖြစ်ကြပါတယ် ။ ဒါကြောင့် မိမိ အနေနဲ့ ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကို ရည်မှတ် ရရင် အနေကဇာတင် တင် မတင်တင် ကိုးကွယ်လို့ ရပါ တယ် ။ မြတ်ဗုဒ္ဓ အား မိမိ ၏ ကြည်ညို မူ သဒ္ဓါ ထက် သန် သလောက် အကျိုးထူးရ ရှိ မှာသာ ဖြစ်ပါတယ် သူတော် ကောင်းတို့ ။

.     .စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်းသူတော် ကောင်းတို့ အားလုံး မြတ်ဗုဒ္ဓ ၏ ကျေးဇူးတော် , ဂုဏ်တော် အနန္တတွေ ကို ထက်သန်သော သဒ္ဓါ တရား နှင့် ကိုးကွယ် ဆည်းကပ် ပူဇော်တတ် သူ စစ် စစ် များ ဖြစ်ကြပါစေ။

.               .❀ ❀ ❀ စာဖတ် ပရိတ်သတ် ဓမ္မ မိတ်ဆွေ သူတော်ကောင်း အပေါင်းတို ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာ ကြပါစေ ။  မြတ်ဗုဒ္ဓ ၏ သာသနာ page အဖွဲ့ တော် သားများ သည် ဓမ္မစာပေများ ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ် တတ်နိုင် သလောက် အပင်ပန်းခံ ပြီး ဓမ္မ စာပေ များ နေ့စဉ် ကိုယ်တိုင် ရေးသာ ၍ ဓမ္မဒါန ပြုနေ ကြပါ သည် ။ ဓမ္မ မိတ်ဆွေ အပေါင်းတို့ က လည်း မိမိတို့ တတ်နိုင်သည့် ဘက်က ဗုဒ္ဓ စာပေများ ပြန့်ပွားစေရန်  ထပ်ဆင့် Share ပေးခြင်းဖြင့် ဓမ္မ ဒါန ကုသိုလ်ထူးကြီးကို နေ့စဉ် ယူကြဖို့ တိုက်တွန်း နိုးဆော်အပ်ပါ သည် သပ္ပုရိသ အနွယ်ဝင် သူတော်စင် အပေါင်းတို့ ။...........



No comments:

Post a Comment