. တစ်ခါတုန်းက
ဆင်းရဲနွမ်းပါတဲ့ မိသားစုလေး တစ်စုရှိပါတယ်။ သားသမီးက သုံးယောက်တောင်ရှိသတဲ့၊ မိဘနှစ်ပါးက
အလုပ်ထွက်လုပ်ရတယ် သမီးအကြီးဆုံးက ထမင်းချက် ဟင်းချက်ပေါ့၊ အငယ်မောင်လေး နှစ်ယောက်ကတော့
ငယ်သေးတော့ ကစားကြတာပေါ့။ မိဘတွေက ပြန်ရောက်ချိန် မမှန်ရှာဘူးတဲ့။ တစ်ခါတစ်လေ အလုပ်စောစောပြီး
တဲ့အခါ အိမ်ပြန်ချိန်စောတယ်။ တစ်ခါတစ်လေ အလုပ်နောက်ကျတဲ့အခါ အိမ်ပြန်နောက်ကျတယ်တဲ့။
အဲဒိတော့ ထမင်းစားဖို့အတွက် သီးသန့်ချန်ပြီး အငယ်ကလေးလေး နှစ်ယောက်ကို အရင်ကျွှေးလေ့ရှိသတဲ့။
. တစ်နေ့မှာ မိဘနှစ်ဦး အလုပ်သိမ်းချိန် နောက်ကျတော့
သမီးကြီးက မိဘတွေဖို့ သက်သက်ခွဲထားပြီး မောင်လေးနှစ်ယောက်ကို အရင်ထမင်းကျွေးလိုက်ပါတယ်။
ကိုယ်တိုင်ကတော့ မွေးထားတဲ့ အိမ်မွေးသတ္တဝါလေးတွေကို အစာကျွှေးဖို့အတွက် ခြံထဲထွက်သွားတယ်ပါတယ်။
အဲဒိချိန်မှာ အငယ်လေးနှစ်ယောက် ကမိဘတွေအတွက် ချန်ထားတဲ့ ဟင်းတွေပါယူစားလိုက်သတဲ့။ သူတို့က
ကလေးတွေဆိုတော့ အရမ်းနားမလည်ကြဘူးလေ။ ကလေးသဘာဝအတိုင်း သူတို့လေးတွေ ကစားမယ်။ ပြီးရင်စားမယ်
ဒါပဲသိရှာတယ်။ ပူရ ပင်ရ မှန်းလဲမသိရှာပါဘူး။
. မိဘတွေကလဲ
အလုပ်ပြီးတော့ပြန်လာ။ သမီးကြီးကလဲ မိဘတွေအသံကြားတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေ အစာကြွေးရင်းကနေ
လက်ရေးဆေးပြီး ထမင်းခူးဖို့ပေးဖို့ ပြန်လာတာပေါ့။ အဲဒိအချိန်မှာ ဟင်းတွေကမရှိတော့ဘူး။
ကလေးတွေကလဲ ကစားဖို့ အပြင်ထွက်သွားကြပြီတဲ့။ သူတိုခင်ဗျာ ဆင်ရဲတော့ ဟင်းသိမ်းဖို့ ကြောင်အိမ်တို့ဘာတို့လဲ
ရှိကြဟန်မတူပါဘူး။ သမီကြီးက မီးဖိုကြောင်ထဲမှာ ဟင်းတွေကုန်တာတွေ့တော့ မအေကိုပြောတယ်။
အမေရေ မောင်လေးနှစ်ယောက် ဟင်းတွေသမီးမသိခင် အကုန်ယူစားလိုက်ကြပြီ ဘာမှမကျန်တော့ဘူးတဲ့။
ဒါကိုမိခင်ကြီးကကြားတော့ သမီးရယ် တိုးတိုးပြောပါကွယ် နင့်အဖေသိသွားမယ်။ အမေက မစားလဲရတယ်
ရှိတာလေးနဲ့ နင့်အဖေကိုအရင်ကျွှေးလိုက်ပါ။ အမေ အပြင်ခဏသွားမယ်နော်တဲ့။ အိမ်ထောင်ရှင်
အမျိုးသမီးတွေရဲ့ လေးစားစရာ စိတ်ဓာတ်လေးတွေပါ။ အိမ်ထောင်ရှင်မ အားလုံးနီးပါး ခုလိုစိတ်ဓာတ်လေးတွေ
ရှိတတ်ကြပါတယ်။ သားသမီးတွေကို မောမောနဲ့ပြန်လာရှာတဲ့ ဖခင်ကြီးဆူမှာ စိုးရိမ်တဲ့မိခင်မေတ္တာနဲ့
မိမိအိမ်သားကို ဦးစားပေးတတ်တဲ့ အိမ်ရှင်မတစ်ဦးရဲ့ စေတနာ ပေါင်းစပ်ထားတာပါ။
. ဒိအချိန်မှာ
ထမင်းမစားခင် ရေသွားချိုးတဲ့ ဖခင်ကြီးက ပြန်လာတော့ ကြားသွားတာပေါ့။ ဒိတော့ဖခင်ကြီးက
ဘာပြောလိုက်လဲဆိုတော့ကား။ သမီးကြီးရယ် သူတို့လေးတွေ ထမင်းမစားတတ်ခင်ကဆို စားအောင်လို့ဝါးတောင်ခွန့်ခဲ့ရတာ
ခုလိုစားနိုင်လို့ကတော့ ကြိုက်သလောက်စားစမ်းပါစေ။ အဖေတို့အတွက် ဆားရှိရင်ဖြူးစားလို့
ရပါတယ်ကွာတဲ့။
. ဖခင်တစ်ယောက်ရဲ့
မေတ္တာပါ။ ကိုယ်ပင်ပန်းပြီး ဆာလောင်နေတဲ့ ဆာလောင်မူကို သားသမီးတွေ အပေါ်မှာထားတဲ့ မေတ္တာက
အနိုင်ယူပြလိုက်တာပါ။ မိဘတွေဟာ ကိုယ်အငတ်ခံပြီး သားသမီးတွေကို ကျွှေးလေ့ရှိကြပါတယ်။
မိဘတိုင်းက အခြေနေအရမတူကြပင်မယ့် ထားရှိတဲ့ စေတနာ မေတ္တာတော့ အများစုတူညီကြပါတယ်။ သူတို့ဘယ်လောက်
ဆင်းရဲပါစေ သားသမီးတွေကို ချမ်းချမ်းသာသာ ဖြစ်စေချင်ကြပါတယ်။ အကယ်၍ မိဘတစ်ဦးက အမြင်ကျဉ်းလို့
သားသမီးအပေါ် လမ်းကြောင်းရွေးပေးတာ မှားခဲ့မယ်ဆိုရင်လဲ စေတနာအမှာပါ။ မိဘတိုင်းနီးပါး
သာသမီးတွေ ကောင်းစားဖို့အတွက်ပဲ ဆောင်ရွက်လေ့ရှိကြပါတယ်။
. ဒါကြောင့်
မိဘတွေကို ဘယ်သောအခါမှာ ဘာအကြောင်းကြောင့်ဖြစ်စေ မပြစ်မှားမိကြပါစေနဲ့။ မိမိနိုင်သလောက်
ပြုစုလုပ်ကျွှေးထောက်ပံ့ပေးကြပါ။ မိဘဆိုတာ အနန္တောအနန္တငါးပါးထဲမှာ ပါဝင်ပါတယ်။ မိဘကို
ဦးစားပေးကြပါ။ မသေခင် တက်နိုင်သလောက် မိဘတွေကို စိတ်မဆင်းရဲရအောင် ထားကြပါ သူတော်ကောင်း
အပေါင်းတို့။

No comments:
Post a Comment