၁။ တစ်ထောင်သော နတ်ပရိတ်သတ် အခြွေရံရှိခြင်း ၊
၂။ အကြိမ်တစ်ထောင် စကြာင်္မင်းတို့၏ မိခင် အဖြစ်ကို ရခြင်း ၊
၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း ၊
၎။ ကြာညိုပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍ အလွန် အဆင်း လှခြင်း ၊
၅။ ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင်စဖွယ် ရှိခြင်း ၊
၆။ မြတ်သော အမျိုး၌ ဖြစ်၍ အလင်းရောင် ကိုဆောင်နိုင်ခြင်း ၊
၇။ မောင်းမ တစ်ထောင် တို့၏ အကြီးအမှုး ဖြစ်ခြင်း ၊
၈။ မရေမတွက်နိုင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း ကျောင်း အိပ်ရာနေရာ တို့ကို ရရှိခြင်း ၊
၉။ ဆွမ်းလှူခဲ့သည့် အချိန်မှ စ၍ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက် ရခြင်း ၊
၁၀။ လူဘဝနှင့် နတ်ဘဝ နှစ်မျိုး တို့၌သာ ကျင်လည်ခဲ့ ရခြင်း ၊
၁၁။ များသော စည်းစိမ်း ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း ၊
၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်ရခြင်း။
. . . မှတ်ချက်။.......။ အသက်ရှည် အဆင်လှ ချမ်းသာရ ဗလ ဉာဏ်ပညာ ဆိုသော ဆွမ်းအကျိုး ငါးပါးကိုက ဖြစ်လေရာ ဘဝတိုင်းရ လေ ၏ ။
❀ ❀ ❀ စာဖတ် ပရိတ်သတ် ဓမ္မ မိတ်ဆွေ သူတော်ကောင်း အပေါင်းတို ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာ ကြပါစေ ။

No comments:
Post a Comment