***နူနာစွဲကပ်နေရသော သမိတိဂုတ္တမ မထေရ်၏ နှုတ်ကြမ်းဝဋ်ကြွေး ***
သမိတိဂုတ္တမ မထေရ်လောင်းသည် ၀ိပဿီဘုရားလက်ထက်တွင် အမျိုးကောင်းသား တစ်ဦးဖြစ်ခဲ့ပြီး ဘုရားရှင်ကို ဖူးတွေ့ရသောအခါ ကြည်ညိုသဖြင့် မြတ်လေးပန်းများဖြင့် ပူဇော်ခဲ့သည်..။
ထိုကုသိုလ်ကြောင့် ဖြစ်လေရာဘ၀တိုင်းဝယ် အမျိုး အဆင်း အခြံအရံ တို့နှင့် ပြည့်စုံကာ သူမတူအောင် နေထိုင်ခဲ့ရသည်။
ထို့နောက် ဘ၀တစ်ခုတွင် နှုတ်သရမ်းသော အမျိုးသားဖြစ်ပြီး သင်္ကန်းခြုံရုံ၍ ဆွမ်းခံလှည့်လည်လာသော ပစ္စေကာဗုဒ္ဓါ တစ်ပါးကိုတွေ့လျှင် နှုတ်ကသရမ်းပြီး..
••••• ဤ ကတုံးရဟန်း နူနေပုံရသည်..။ နူနေသည့်အတွက်ကြောင့် သင်္ကန်းခြုံရုံ၍ လှည့်လည်လာခြင်း ဖြစ်လိမ့်မည်..။ •••••• ဟု ကဲ့ရဲ့ စွပ်စွဲပြီး တံတွေးနှင့်ထွီးခနဲ ထွေးကာ ထွက်ခွာသွားလေသည်..။
ထိုအမျိုးသားသည် ထိုနှုတ်ထွက် ၀စီကံကြောင့် သရဲ၌ အချိန်ကြာမြင့်စွာ ခံခဲ့ရသည်..။
ကဿပဘုရားရှင်လက်ထက်တွင် လူလာဖြစ်ပြန်သည်။
အရွယ်ရောက်သော် ပရဗိုဇ်ရဟန်းပြုကာ တစ်နေ့တွင် အကျင့်သီလနှင့် ပြည့်စုံသော ဥပါသကာတစ်ယောက်ကို စိတ်အလိုမကျဖြစ်ပြီး ဒေါသထွက်ကာ.... "" လူနူ "" ... ဟု၍ဆဲရေးလေသည်..။
အရွယ်ရောက်သော် ပရဗိုဇ်ရဟန်းပြုကာ တစ်နေ့တွင် အကျင့်သီလနှင့် ပြည့်စုံသော ဥပါသကာတစ်ယောက်ကို စိတ်အလိုမကျဖြစ်ပြီး ဒေါသထွက်ကာ.... "" လူနူ "" ... ဟု၍ဆဲရေးလေသည်..။
ယခု ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တွင်မူ သာဝတ္ထိမြို့၌ မထင်ရှားသော ပုဏ္ဏားတစ်ယောက်၏ သား ဖြစ်လာသည်..။ မိဘတို့က.. သမိတိဂုတ္တ... ဟု အမည်ပေးခဲ့သည်။
သမိတိဂုတ္တသည် အရွယ်ရောက်လတ်သော် ဘုရားရှင်၏ တရားကို နာကြားရပြီး သဒ္ဓါတရားဖြစ်ကာ ရဟန်းပြုလေသည်။ သီလကို အလွန်စင်ကြယ်အောင် စောင့်ထိန်းလေ့ရှိသည်..။
အတိတ်ဘ၀များစွာက ရှင်ပစ္စေကာဗုဒ္ဓါကို လူနူဟု စွပ်စွဲကဲ့ရဲ့မှု့... သီလရှိသော ဥပါသကာကို လူနူ ဟုဆဲရေးမှူ့ အကုသိုလ် ၀စီကံကြောင့် တစ်နေ့တွင် နူနာရောဂါ စွဲကပ်ခံရလေသည်..။
နူနာရောဂါကြောင့် မထေရ်၏ ကိုယ်မှ အနာများကွဲပြတ်ကာ အရည်များယိုစီး ကျသောကြောင့် ဂီလာန အဆောင်တွင် နေရသည်..။
တစ်နေ တွင် ရှင်သာရိပုတ္တရာသည် လူနာလာမေးရင်း..••••• ငါ့ရှင် ခန္ဓာရှိနေသမျှ ကာလပတ်လုံး ဝေဒနာရှိနေမည်သာ ဖြစ်သည်..။ ခန္ဓာမရှိမှသာ ဒုက္ခဝေဒနာမရှိမည်..•••• ဟု ဝေဒနာနုပဿနာကမ္မဋ္ဌာန်းကို ဟောတော်မူသည်..။
သမိတိဂုတ္တမမထေရ်သည် အရှင်သာရိပုတ္တရာ၏ သြ၀ါဒကိုခံယူ၍ ၀ိပဿနာ တရား အားထုတ်ရာ မကြာခင် ဆဠာဘိညာ ရဟန္တာ ဖြစ်သွားလေသည်..။
ပါရမီရှင် ရဟန္တာပင် ဖြစ်စေကာမူ အတိတ်ဘ၀က ပြောဆိုမိခဲ့သော ၀စီနှုတ်ထွက်ကြမ်း စကားသည် ယခုဘ၀တွင် ကံကြွင်းအဖြစ် လိုက်လံအကျိုးပေးသည်ကို သတိပြုကြပါကုန်...။
❆ ❆ သမိတိဂုတ္တထေရဂါထာ❆ ❆
No comments:
Post a Comment