ခဏချမ်းသာနှင့် ဘ၀ချမ်းသာ
•••••••""""•••••""""••••••
❆ ရွှေငွေဥစ္စာ ဘဏ္ဍာဓနနှင့်
ဟန်ပါဝါပြ. တိုက်တာတွေ
ကံဇာတာက. ကြိုက်မြာပွေကာ
စရိုက်ချာတေ. ထင်ရာရမ်း
သောက်လိုက်စားလိုက် ဟားတိုက်ပျော်သည်
အားစိုက်ပျက်ချော် ဇိမ်နှင့်ရက်ကုန်ခမ်း..။
❦ လောကီသုခ. ခဏတာပါ
ဘ၀မကြာ ကိုယ်စိတ်နွမ်း
ပျောက်သလောက်ပင် မရွှင်လန်းလို့
မချမ်းသာမှု ပိုခဲ့ပေ..
ဝိပရိဏာ ဒုက္ခသဘောမို့
မုချမရော ဆင်းရဲအမှန်ပေ..။
★ ပရိယတ်တရား သင်ကြားနေလျှင်
ထင်ရှားမသွေ လန်းကြာပွင့်သို့
ချမ်းသာအသင့် ဥာဏ်ရှိပိုင်စွာ
သန္တိတိုင်အောင်သာ..။
ခုဘ၀မညှိုး မြင့်ဖြိုးပါသည်..
တစ်ဆင့်တိုးကာ အရောင်တင့်ပါလိမ့်လေး..။
သုခအကျိုး ဆင့်တိုးသာသည်
တင့်တန်ခိုးဖြာ မှောင်လွင့်ကွာလိမ့်လေး..။
[[ ပရိယတ္တိစာစောင်၊ ၁၃၅၀ -ခု၊
တန်ခူးလဆုတ် ..]]
No comments:
Post a Comment