ပညာပါရမီ
***ပညာသည် မောဟ၏ဆန့်
ကျင်ဘက်ဖြစ်ပါ၏။မောဟ ၏
သဘောကိုကောင်းစွာသိမြင်
ပြီးပါက အမောဟ ဟူသော
ပညာ သည် ဖြစ်ပေါ်လာပါ၏။
***လောကတွင် အသိနှင့် အ
ကျင့် ဟူ၍ နှစ်ပိုင်းရှိ၏။မိမိက
အကုသိုလ်မှန်းသိ၏။
သို့သော် ဆက်လုပ်၏။
ဤသည်မှာ အသိ သာရှိပြီး
အကျင့်မပါလာသောကြောင့်
ဖြစ်ပါ၏။
***ပညာသည် မောဟ၏ဆန့်
ကျင်ဘက်ဖြစ်ပါ၏။မောဟ ၏
သဘောကိုကောင်းစွာသိမြင်
ပြီးပါက အမောဟ ဟူသော
ပညာ သည် ဖြစ်ပေါ်လာပါ၏။
***လောကတွင် အသိနှင့် အ
ကျင့် ဟူ၍ နှစ်ပိုင်းရှိ၏။မိမိက
အကုသိုလ်မှန်းသိ၏။
သို့သော် ဆက်လုပ်၏။
ဤသည်မှာ အသိ သာရှိပြီး
အကျင့်မပါလာသောကြောင့်
ဖြစ်ပါ၏။
***အကျင့်တော့ရှိပါ၏ ကျင့်နေသော အကျင့်သည်
အမှားဖြစ်နေပါက အသိမပါ
သောအကျင့်ဟု ဆိုရမည်ဖြစ်
ပါ၏။ ထို အသိ နှင့် အကျင့် ကို
တစ်သားတည်းဖြစ်အောင်လုပ်မှသာ ပညာ ဟူသည် ဖြစ်လ
လာပါ၏။
***အမှား အမှန် အကောင်း
အဆိုး အကြောင်းအကျိုး တို့ကို
ဝေဖန်စိစစ်ပိုင်းခြားနိုင်သော
ဥာဏ်ကိုသာ ပညာ ဟုခေါ်ဆို
ပါ၏။
***ယင်း ပညာ ကို ပါရမီ မြောက်သော ပညာ ဖြစ်ဖို့ အ
တွက် အဆင့် နှစ်ဆင့် လိုပါ၏
ပထမအဆင့် မှာ ပန်းတိုင်နှင့်
ပတ်သက်ပြီး ဒုတိယအဆင့်
မှာ လမ်းစဉ်နှင့်ပတ်သက်ပါ၏
ပညာပါရမီ ဖြစ်ရန် အကြားအ
မြင်သုတရှိဖို့ လိုပါ၏။
***ယင်းသိထားသော သုတ ကို ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွ
င်းသိဖို့လိုသေး၏။ ကိုယ်ကျင့်သိက္ခာကိုခိုင်မာ
အောင်တည်ဆောက်ရပါ၏
ထိုးထွင်းသိလာပြီးသောအသိ
ကိုပွားများအောင် အားထုတ်မှု
လည်းလိုအပ်သေး၏။
***အသိ ရော အကျင့်ပါ ပြည့်
စုံပြီးပါက လောကအတွက်အ
သုံးချပါက မိမိအတွက် အလိုအလျောက်ပါဝင်
ပြီးဖြစ်၍ သီးသန့် ပြု စရာမလို
တော့ချေ။
ပညာ ကို ပါရမီ ထိုက်အောင်
သိခြင်း ကျင့်ခြင်း ပွားခြင်း တို့
ကိုပြု ပါက ကျန်ပါရမီ များလဲ
ပါလာပါ၏။
***မိမိ၏ပညာပါရမီပြည့်ဝရန်
ကိုယ်ကျိုးစွန့် ခြင်းသည် "ဒါနပါ
ရမီ" ဖြစ်ပါ၏။
***ကိုယ်ကျင့်သိက္ခာနှင့် ပတ်
သက်ပြီး မိမိ ၏ပညာ နှင့်ဆင်
ခြင်နိုင်၍ "သီလပါရမီ"ဖြစ်ပါ၏
***မိမိအတွက် ပညာကို ဖြည့်
ရာတွင် အကျိုးမျှော်ကိုးမှုတစ်
စုံတစ်ရာမရှိပါက "နေက္ခမ္မပါ
ရမီ"ဖြစ်ပါ၏။
***မိမိ ပညာ ကို ပြည့်စေရန်
မဖြစ်မနေ ကြိုးစားခြင်းသည်
"ဝီရိယပါရမီ"ဖြစ်ပါ၏။
***မိမိ ပညာ ပြည့်ဖို့ အခက်
အခဲမှန်သရွေ့ သည်းခံနိုင်
ခြင်းသည်"ခန္တီပါရမီ"ဖြစ်ပါ၏
***မိမိ ပညာ ပြဘ့်စေရန်အ
တွက်ပြောဆိုကြံစည်လုပ်ကိုင်
သမျှ သည် မှန်သောအရာများ
သာဖြစ်၍"သစ္စာပါရမီ"ဖြစ်ပါ၏
***မိမိ လုပ်သင့်လုပ်ထိုက်သ
ည်များအတိုင်းမဖြစ်မနေဆော
င်ရွက်ခြင်းသည်"အဓိဋ္ဌာန်ပါရမီ"ဖြစ်ပါ၏။
***မိမိ ဘဝ တစ်လျောက်လုံး
ပတ်သတ်သူများအပေါ်မေတ္တါ
ထားနိုင်ခြင်းသည်"မေတ္တာပါရ
မီ"ဖြသ်ပါ၏။
***မိမိ ပညာ ပြည်ါစေရန်
ဆောင်ရွက်လုပ်ကိုင်သမျှ
သောအလုပ်တို့အား အခြား
သူများ၏ချီးမွမ်း ဝေဖန် ခြင်းတို့
အပေါ်မတုန်လှုပ်ခြင်းသည်
"ဥပေက္ခါပါရမီ"ဖြစ်ပါ၏။
#ဆရာကြီးဦးရွှေအောင်၏ ဗုဒ္ဓလောကသား
တို့၏အနှိုင်းမဲ့ကျေးဇူးရှင် မှ ကောက်နုတ်
ပါ၏။
တို့၏အနှိုင်းမဲ့ကျေးဇူးရှင် မှ ကောက်နုတ်
ပါ၏။
No comments:
Post a Comment