စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Saturday, October 31, 2015
မညှိုးပန်း
   ❆ မညှိုးပန်း ❆
❆ ပိ​တောက်​၀ါ     ​နွေမှာပွင့်
     မိုး​ရောက်​​တော့ ပိ​တောက်​မပါပြီ
     မသင်းရှာပွင့်​ဝတ်​ ​ကွေကွင်း..။
❆ ​ဆောင်းမှာ​တော့  သဇင်​ကြိုင်
     အမြင့်​ပိုင်​          ရွှေအဆင်း
     မထင်​နိုင်​    ​နွေအတွင်းမှာ​တော့
     ဘယ်​ပန်း​တွေ   ဘယ်​လိုလှ​သော်​လည်း
     ပိုကာလ.       လွန်​ရိုးမရှိပါ
❆ ဘုရားမြတ်​      ကန်​တွင်းပမာ
     ခံတွင်းမှာ       ပွင့်​ဖွားသည့်
     တင့်​ကြွားကြွား  ပဒုံ​ရွှေကြာ
     ပန်းမြတ်​ဓမ္မာ..၊
     ဘယ်​​တော့မှ    မညှိုးပါသည်
     တိုးကာသာ      ကြိုင်​လန်းခဲ့​လေး..။
×××××ו•••••••×××××ו•••••×××
No comments:
Post a Comment