စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, October 22, 2015

ဒါနအလှူ

ပညာအားနည်း  သဒ္ဓါသည်းက
အရည်းမည်​ခါ    ယူမိစ္ဆာ၌
သဒ္ဓါ​လေးမြတ်​   ဆည်းယပ်​တတ်​၏။

ပရမတ်​အရာ      မလိမ်​မာဘဲ
သဒ္ဓါနုံနဲ့.           ပညာကဲလည်း
အလွဲ​ပြေးဝင်​      အမြင်​ယွင်​စွ
တိမ်းပါးကြလျှက်​ မီးပြသမား
တွင်းကျွံမှားလို့.   ဆယ်​ပါး​ကောင်းမှု့
လှူဝတ္ထုကို         စွန့်​ပြုမလွတ်
စိတ္တုပ္ပါဒ်​မျှ          ဒါနအလှူ
မြောက်​​သောဟူ၍ အယူ​ဖောက်​လွဲ
မိစ္ဆာစွဲ၏..။
        _/|\_ ​ကျေးဇူ့​တော်​ရှင်​ မန်​လည်​ဆရာ​တော်​ဘုရား

No comments:

Post a Comment