စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, October 27, 2015
သူ​တော်​စင့်​​မေတ္တာ နံ့သာပမာ
     ❆ သူ​တော်​စင့်​​မေတ္တာ နံ့သာပမာ ❆
★တောမီးသည်​ သစ်​ရွက်​​ခြောက်​ကို ​လောင်​လွယ်​၏..
   သစ်​ရွက်​စိုကိုမတတ်​နိုင်​..
❦ မသူ​တော်​မီးသည်​ ​မေတ္တာခန်းသူကို ​လောင်​လွယ်​၏..။
❆နံ့သာတုံးသည်​ မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့်​ ​မွှေး​စေ၏..။
    သူ​တော်​​ကောင်းသည်​ ညှဉ်းဆဲသူကို​သော်​လည်း မ​သေမချင်း အကျိုး​ဆောင်​၏..။
♥ အ​ကောင်းသည်​ အရူးနှင့်​ ပြိုင်​၍ အ၀တ်​မလစ်​​ကောင်း..
   သူ​တော်​​ကောင်းသည်​ မသူ​တော်​နှင့်​ပြိုင်​၍ ​ဒေါသမဖြစ်​​ကောင်း..။
★ကျား​ကြောက်​၍​ပြေးစဉ်​ ​ခွေး​ဟောင်​သည်​ကို အ​ရေးမယူရ..
   ငရဲ​ကြောက်​၍ သီလ​စောင့်​စဉ်​ မသူ​တော်​ညှဉ်းသည်​ကို အ​ရေးမယူရ..။
❆ဒါနပြုသူကိုမှီ၍ ဒါနပါရမီပြည့်​သည်​..
    မသူ​တော်​ကိုမှီ၍ သည်းခံလျှင်​ ခန္တီပါရမီပြည့်​သည်​..။
     _/|\_ပထမ​ရွှေကျင်​ဆရာ​တော်​ဘုရားကြီး..
No comments:
Post a Comment