၁။ မြတ်စွာဘုရာ
သည် စေတီ၎မျိုး ကို ကိုးကွယ်ဖို့ ဘုရားရှင်ခွင့်ပြုခဲ့တယ်ဆိုတာရယ်
၂။ ဘုရားရှင်ရဲ့ ခန္ဓာကိုယ်ကြီး ထင်ရှား ရှိနေစဉ်မှာတောင် ခန္ဓာကိုယ်ကို မကိုးကွယ်နဲ့ ငါဘုရားရဲ့တရားတော်ကိုသာ ကျင့်ကြံပါလို့ ဝဂ္ဂလိ ရဟန်းကို ဆုံးမခဲ့တယ်ဆိုတာရယ်။ ကိုးကွယ်မှုမှန်သမျှကို စွန့်လွှတ်ပြီး မိမိကိုယ်ကို အားကိုး၍ နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်တဲ့ မဂ္ဂင်ရှစ်တန် အမြင်မှန်တရားကို ကျင့်ကြံ သင့်တယ် ဆိုတာရယ်။
ဒီအကြောင်း တရားနှစ်ခု ဆန့်ကျင်သလို ဖြစ်နေ ၍ ဘယ်ဟာ အမှန် လည်း သိချင်ပါတယ် ဘုရား။ "ဟု ဓမ္မ မိတ်ဆွေ တစ်ဦးက လျှောက်တင်လာပါတယ် ။ ယ္ခုမေးခွန်းလေး ကို အများလဲ သိသင့်တယ်လို့ ထင်လို Post တစ်ခု အဖြစ်နဲ့ ဖြေပေးပါမယ် ။

ယ္ခု အကြောင်းရာ နှစ်မျိုးက မဆန့်ကျင်ပါဘူး ။ ပထမတစ်မျိုး က အနန္တသတ္တဝါ အပေါင်းကို သနားဂရုဏာထားတော်မူ၍ လူချမ်းသာ နတ်ချမ်းသာ စသည်တို့နှင့် ဘဝတိုင်း ပြည့်စုံကြွယ်ဝ စေလိုသောကြောင့် ဟောထားတာပါ။ ဗုဒ္ဓကို ကြည်ညို သဒ္ဓါစိတ်တွေ စိတ်ထဲ မှာဖြစ်ပေါ်လာရင် ဗုဒ္ဓါနူဿတိ ကမ္မဋ္ဌာန်း ဖြစ်ပါတယ်။ စေတီ ပုထိုးတွေ ကို လှူဒါန်းတဲ့ ကုသိုလ်ကြောင့် ချမ်းသာ အမျိုးမျိုးကို ရစေနိုင်ပါတယ် ။ ဒိအတွက် စေတီလေးမျိုးကို ကိုးကွယ်ပူဇော်ကြဖို့ ဟောတော်မူခဲ့တာပါ ။
ဒုတိယတစ်မျိုးက ဝေနေယျ အပေါင်းကို လူနတ် ချမ်းသာ နဲ့ ကျေနပ် မနေကြနဲ့ ချမ်းသာအစစ် မှန်ဖြစ်တဲ့ နိဗ္ဗာန် ကို မျက်မှောက်ပြုအောင် အား ထုက် စေလို ၍ ဟောတော်မူ ခဲ့ တာပါ ။ နိဗ္ဗာန်ကို တိုက်ရိုက် ပို့ပေးနိုင်တာက ဝိပဿနာ ဘာဝနာ သာဖြစ်တယ် ။ မဂ္ဂင် ၈ ပါးလမ်းစဉ် ကို ဗုဒ္ဓ ဟောပြ မှသာ ဝေနေယျ သတ္တ၀ါ အပေါင်း တို့ ကျင့်ကြံခွင့်ရ ကြတာ ပါ ။ သာသနာ အပမှာ သိဖို့ဆိုတာ မလွယ်လှပါဘူး ။ သာသနာ အပ ရောက် သွားခဲ့ရင် အခြားသော ကုသိုလ်တွေ ကို လူတွေ သိနိုင်ပင်မဲ့ နိဗ္ဗာန်ရောက်ကြောင်း လမ်းကြောင်းမှန် ကို သိဖို့ ဆိုတာ ခက်ခဲလှပါတယ် ။ အဲ ဒိအတွက်ကြောင့် သာသနာတွင်း ကြုံခိုက် နိဗ္ဗာန် ရောက်ကြောင်း လမ်းကြောင်း မှန်တွေ နာကြားခွင့် ရနေခိုက် အခြားသော ကုသိုလ်တွေ နဲ့တင် ရောင့်ရဲ မနေကြပဲ ဝိပဿနာ တရားကို ကြိုးစား အားထုက် စေလိုသော ကြောင့် ဟောခဲ့ခြင်း ဖြစ်ပါ တယ် သူတော်ကောင်းတို့ .......
ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့သည်လည်း နိဗ္ဗာန်ကိုတိုက်ရိုက် ပို့ဆောင်ပေးနိုင်သော အကောင်းဆုံး ကုသိုလ်ဖြစ်တဲ့ ဝိပဿနာ ကုသိုလ်ထူးကြီး ကို အချိန်ရတိုင်း တတ်နိုင် သလောက် အားထုက်နိုင် ကြသူများ ဖြစ်ကြ ၍ နိဗ္ဗာန် ရွှေပြည်ကို လွယ်ကူစွာ ရောက်နိုင် ကြပါစေ။

No comments:
Post a Comment