စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, October 15, 2015

နှုတ်​ထွက်​စကား သတိထား

   **ရှင်​မဟာကဿပကို နှုတ်​ထွက်​​စော်​ကား​သော ထုလ္လတိဿရဟန်းမ**
    °•°•°•°•°•°•°•°•°•°•°•°•°•°•´`´`´`´´`•°•°•°•°•°•°•°•°•°•°•°•°•°•°•
     မြတ်​စွာဘုရားရှင်​ ပရိနိဗ္ဗာန်​ စံဝင်​ပြီး​နောက်​ သက်​​တော်​ရှည်​ ရှငိမဟာကဿပမ​ထေရ်​သည်​ သာဝတ္ထိပြည်​  ​ဇေတ၀န်​​ကျောင်း၌ ရှင်​အာနန္ဒာနှင့်​အတူ သီတင်းသုံး​နေထိုင်​သည်​။
    တစ်​​နေ့တွင်​ ရှင်​အာနန္ဒာသည်​ ရှင်​မဟာကဿပကို ရဟန်းမများ​ကျောင်းသို့ ကမ္မဋ္ဌာန်း​ပေး ကြွ​ရောက်​​ပေးပါရန်​ ​လျှောက်​ထားသည်​။
    ထိုသို့​လျှောက်​ထားခြင်းမှာ ဘုရားရှင်​သည်​ ရှင်​မဟာကဿပကို မိမိအတူပြု၍ မိမိအရာ၌ ထား​တော်​မူ​လေရာ ဘုရားရှင်​နှင့်​အတူပြုကာ ဘုရားအရာ၌ ထားခံရ​သော သာဝက၏စကားကို ပို၍ပင်​ ယုံကြည်​​လေးစားမြတ်​နိုင်းကြလိမ့်​မည်​.... ဟူ​သော ယုံကြည်​ချက်​ဖြင့်​ ရှင်​မဟာကဿပကို ရှင်​အာနန္ဒာက ​တောင်းပန်​​လျှောက်​ထားခြင်း ဖြစ်​သည်​။

     ရှင်​မဟာကဿပသည်​ ပထမအကြိမ်​.. ဒုတိယအကြိမ်​တို့၌ " အာနန္ဒာ သင်​သာသွားပါ.." ဟု မိန့်​ကြားသည်​။
   တတိယအကြိမ်​ ​လျှောက်​ထား​သောအခါ ရှင်​မဟာကဿပသည်​ ရှင်​အာနန္ဒာနှင့်​ အတူလိုက်​ရန်​ ဆုံးဖြတ်​ပြီး ရှင်​အာနန္ဒာညွှန်​သော ရဟန်းမ​ကျောင်းသို့ ရှင်​အာနန္ဒာကို ​နောက်​လိုက်​ပြုကာ ကြွ​လေသည်​။
   မ​ထေရ်​နှစ်​ပါး ရဟန်းမ​ကျောင်းသို့ ​ရောက်​ပြီး ခင်းထား​သော ​နေရာ၌ ​နေ​သောအခါ ရဟန်းမများသည်​ လာ​ရောက်​ရှိခိုးကြပြီး ရှင်​မဟာကဿပ ​ဟော​သော ကမ္မဋ္ဌာန်းတရားကို နာယူကြသည်​။
   ရှင်​မဟာကဿပနှင့် ရှင်​အာနန္ဒာတို့သည်​  ကမ္မဋ္ဌာန်းတရား ​ဟောပြီး​နောက်​ ​ဇေတ၀န်​​ကျောင်းသို့ ပြန်​ကြွသွားသည်​။
    ကမ္မဋ္ဌာန်းတရားနာ​သော ရဟန်းမတို့တွင်​ ထုလ္လတိဿ အမည်​ရှိ​သော ရဟန်းမသည်​ ရှင်​မဟာကဿပကို အထင်​အမြင်​​သေးကာ မနှစ်​မြို့​သောစိတ်​ ... အလိုမကျ​သော ​ဒေါသစိတ်​ဖြင့်​...
~~~ အရှင်​မဟာသဿပဆို​သော ရဟန်းသည်​ ​တော​ကျောင်း​နေ ပံသုကူ ဓုတင်​​ဆောင်​ ဖြစ်​ပါလျှက်​ ပညာရှိတိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဖြစ်​​သော အရှင်​အာနန္ဒာ၏ ​ရှေ့​မှောက်​၌ တရား​ဟောသင့်​၏.. ဟု မှတ်​ထင်​​နေဘိပါ၏..။
အပ်​ကုန်​သည်​သည်​ အပ်​လုပ်​သူထံမှာ အပ်​​ရောင်းသင့်​၏ဟု မှတ်​ထင်​သလို အလားတူပင်​ ရှင်​မဟာကဿပသည်​ ပညာရှိ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်​အာနန္ဒာ၏ ​ရှေ့​မှောက်​၌ တရား​ဟောသင့်​၏ဟု မှတ်​ထင်​မိ၏..~~~... ဟု ကဲ့ရဲ့စကား ​ပြောဆို​လေသည်​။
   ထုလ္လတိဿရဟန်းမသည်​ ရှင်​မဟာကဿပကို ကဲ့ရဲ့ ပြစ်​တင်​​သော နှုတ်​ထွက်​ စကားကြမ်း​ကြောင့်​ မ​ထေရ်​နှစ်​ပါး ​ကျောင်းမှ ထွက်​သည်​နှင့်​ တပြိုင်​တည်း ထုလ္လတိဿရဟန်းမ၏ သင်္ကန်းတို့သည်​ ဆူးခက်​ကဲ့သို့ လည်း​ကောင်း... ယား​စေတတ်​​သော သစ်​ခက်​ကဲ့သို့်​ လည်း​ကောင်း ခန္ဓာကိုယ်​ကို ကိုက်​ခဲ​လေသည်​..။
   ထုလ္လတိဿရဟန်းမသည်​ ခန္ဓာကိုယ်​ တစ်​ခုလုံး ထိုကဲ့သို့ ခံစားရသဖြင့်​ ယားယံကာ သက်​သာရာမရ .. မ​နေနိုင်​ မထိုင်​နိုင်​ဖြစ်​ပြီး သင်္ကန်းချွတ်​၍ အ၀တ်​ဖြူကို ၀တ်​​လေသည်​..
     သင်္ကန်းချွတ်​လျှင်​ ချွတ်​ခြင်း စိတ်​သက်​သာရာ ရ​လေသည်​။ မြင့်​မြတ်​​သော ရဟန္တာရှင်​မဟာသဿပ မ​ထေရ်​မြတ်​ကို နှုတ်​ထွက်​​စော်​ကား​သော နှုတ်​စကားကြမ်း​ကြောင့်​ ဤကဲ့သို့ ချက်​ခြင်း ခံစားရခြင်း ဖြစ်​​လေသည်​..။
        နိဒါန၀ဂ်​ ကဿပသံယုတ်​ ဥပဿယသုတ်​..

No comments:

Post a Comment