#သိထားသင့်သောဘုရားစေတီသမိုင်း( 104 )
===========================
ရှင်မော် စေတီတော် သမိုင်း
(ယခု ရေသားလတံ့သော ရှင်မော်ဘုရား စေတီတော်သည်ကား ထားဝယ်မြို့မှ တောင်ဘက်မိုင် ၄၀-ကျော်ကွာသော ထားဝယ်မြစ် ၀ ရှင်မော်တောင် အငူစွန်းတွင် တည်ထားလျက် ရှိသည်ဖြစ်၍ ရန်ကုန် , မော်လမြိုင် , မြိတ် ,
ကော့သောင်း စသော မြို့များသို့ သွားသော လှေ , သင်္ဘောစီး ခရီးသည်များတို့ သေအချာ ဖူးမြင်နိုင်ကြပေသည်။)
၁။ မဟာဗန္ဓ ၀, စူဋ္ဌဗန္ဓ ၀ ညီနောင် မထေရ် ၂-ပါး သာသနာပြုရန် ကြွရောက်လာခြင်း
ဂေါတမ ရှင်တော်မြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် အနှစ် ၂၂၀-မြောက်သောအခါ ပါဋလိပုတ်
ပြည်ကြီးနှင့်တကွ ဇမ္ဗူဒီပါတစ်ကျွန်းလုံးကို အစိုးရတော်မူသော “သီရိဓမ္မာသောက” မင်းကြီး လက်ထက် “ရှင်မဟာ
မောဂ္ဂလိပုတ္တိဿ” ရဟန္တာ မထေရ်ကြီးသည် “မဟာဗန္ဓ ၀, စူဋ္ဌဗန္ဓ ၀” ညီနောင် မထေရ် ၂-ပါးတို့ အား တနင်္သာရီတိုင်း,
ဒူကရတိုင်းများသို့ သာသနာပြု စေလွှတ်တော်မူရာ ဒူကရတိုင်း (ထားဝယ်မြို့)၏ ပင်လယ် ၀ မော် ဦးဖြစ်သော
“သိန္ဓုသေလ(ရှင်မော် )တောင် ” သို့ ရောက်ရှိကြလေ၏။
ယင်းတောင်၌ နဂါးမင်းကြီး၏ တူတော် နဂါးစစ်သူကြီးဖြစ်သည့် “၀ါသုလဒေ ၀” သည် ရှင်တော်မြတ်စွာ၏
လက်ျာအံတော် ဓာတ်မြတ်ကို နဂါးပြည်မှ ပတ္တမြားကြုတ်နှင့်ထည့်၍ ယူလာပြီးလျှင် လင်းလွန်းပင်ခွကြား၌ မြှုပ် ထားလျက်
ကိုးကွယ်နေသည်ကို မြင်တော်မူလေသော် ယင်းတောင်တွင် ခေတ္တသီးတင်းသုံနေတော်မူပြီးမှ တနင်္သာရီတိုင်း ဘုရင်
“ကောရမ္ဗ ” မင်းထံသွား၍ လူပြည်သူအပေါင်းတို့ အား တရားရေအေး အမြိုင်ဆေးကို တိုက်ကျွေးတော်မူလေ၏။
ယင်းနောက် ဒူရကတိုင်းကြီးရှင် ဘုရင် “ဓမ္မသေန” မင်းကြီးထံ ကြွသွား၍ အထက်နည်း ၇-ရက်
ဆွမ်းရပ်တော်မူလျက် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြန်လေ၏။
ယင်းနောက် “ဓမ္မသေန” မင်းကြီးက “မဟာဗန္ဓ ၀, စူဋ္ဌဗန္ဓ ၀” အရှင် ၂-ပါးအား လျှောက်ထားသည်မှာ-
“ဘေးတော် , ဘိုးတော် , ခမည်းတော်နှင့် တပည့်တော်တို့ သည် ရဟန္တာအရှင်မြတ်များ တည်းခို သီတင်းသုံး
နေထိုင်တော်မူရန် ဝေမိဿတောင်တွင် ကျောင်းတော် ဆောက်လုပ်လှူဒါန်းကြပါသည်။ အရှင်ဘုရားတို့ သည်
ယင်းဝေမိဿကတောင်ရှိ ရွှေကျောင်းတော်တွင် စံနေတော်မမူဘဲ အဘယ့်ကြောင့် သိန္ဓုသေလတောင်၌ သီတင်းသုံး
နေတော်မူပါသနည်း။”
“ဒကာတော်မင်းမြတ် - မြတ်စွာဘုရားရှင်၏ လက်ျာအံတော် ဓာတ်မြတ်ကို ၀ါသုလဒေ ၀ နဂါးမင်းသည်
သိန္ဓုသေလတောင်ရှိ လင်းလွန်းပင်ခွကြား၌ မြှုပ်ထား၍ ကိုးကွယ်နေသည်ကို အမှီပြု၍ သီတင်းသုံးနေကြပါသည်။”
“အရှင်ဘုရားတို့  - ထိုအံတော် ဓာတ်မြတ်သည် သိန္ဓုသေလတောင်သို့  အဘယ်နည်းဖြင့် ရောက်လာပါ သနည်း။”
“အံတော်ဓာတ်မြတ်ကို နဂါးပြည်၌ ရွှေစေတီတည်၍ ကိုးကွယ်ထားရာ သီရိဓမ္မာသောကမင်းကြီး၏
ဘုန်းတန်ခိုးတော်ကြောင့် ကြေက်ရွံ့၍ သီဟိုဋ္ဌ်ကျွန်းရှိ ရဟန္တာကြီးတို့ ထံ နဂါးစစ်သူကြီးက လျှောက်ပန်ကြားပြီးလျှင်
ဝါသုလဒေ ၀ နဂါးမင်းက ယူဆောင်လာလျက် ဤတောင်၌ ကိုးကွယ်ထားပါသည် ” ဟု မိန့် တော်မူလေ၏။
ထိုအခါ ဓမ္မသေနမင်းမြတ်သည် အလွန်ကြည်ညိုကာ သဒ္ဓါတရား ဖြစ်တော်မူပြီးလျှင်
“အရှင်ဘုရားတို့  ဤအံတော်ဓာတ်မြတ်ကို တပည့်တော်လည်း ကိုးကွယ်ပူဇော်လိုပါသဖြင့် ကုသိုလ်အဖို့ ကိုစောင်မတော်မူပါ”
ဟု လျှောက်ထားပြီးလျှင် အရှင် ၂-ပါးတို့ လည်း ကြွသွားတော်မူကြလေ၏။
ယင်းနောက် ဓမ္မသေနမင်းမြတ်သည် မှူးမတ်ပြည်သူလူထုများနှင့် တိုင်ပင်လျက် အမြင် ၇-တောင်ရှိသော
ရွှေသားစေတီတော်ကို သွန်းလုပ်စေပြီးလျှင် န၀ရတ်ကိုးပါးတို့ ဖြင့် ခြယ်လယ်အပ်သော ရတနာထီးတော် , မြသပိတ်တော် ,
ရွှေစင်ယပ် , မိုးကြိုးသားရေနယ် , သံသေသင်ဓုန်း, သံသေအပ် , ဘော်စင် အပ်ချည်တို့  နှင့်တကွ စိန်ပန်းခိုင် , မြပန်းခိုင် ,
ပတ္တမြားပန်းခိုင် , ရတနာပန်းခိုင်များပါ အသင့်စီမံပြီးစီးအောင် ပြုလုပ်ထားရှိလေ၏။
“မဟာဗန္ဓ ၀, စူဋ္ဌဗန္ဓ ၀” ရဟန္တာအရှင် ၂-ပါးတို့  လည်း တနင်္သာရီဘုရင် ကောရမ္ဗမင်းထံ သွားရောက်ပြီးလျှင်
ဓမ္မသေနမင်းအား မိန်းကြားသကဲ့သို့  ပင် မိန့်  ကြားတော်မူလေသော် ကောရမ္ဗမင်းသည်လည်း ထိုအံတော် ဓာတ်မြတ်ကို
ဖူးမြော်ပူဇော်လိုသည့် သဒ္ဓါဆန္ဒ အားကြီးလှရကား ဒူရကတိုင်း အောင်သာဝတီပြည့်ရှင် ဘုရင် ဓမ္မသေနမင်းထံ
ပုဏ္ဏားလက်ဆောင်တော်များနှင့်တကွ အမတ်လေးယောက်တို့ ကို စာနှင့် စေလွှတ်လိုက်လေ၏။ စာတွင် ပါရှိသည်ကား -“ဒူရကတိုင်း အောင်သာဝတီပြည် ကလိန်အောင်မြို့ကို အစိုးရတော်မူသော အကြည်တော်
ဓမ္မသေနမင်းတရား။
အကြည်တော် စိုးပိုင်တော်မူသည့် နိုင်ငံတော်၌ ခပ်သိမ်းသော ရတနာတို့  ထက် ဆယ် , ရာ, ထောင် ,
သောင်းမကမြင့်မြတ် အဖိုးတန်လှပါသော ရတနာမြတ်ကို အကြည်တော်နှင့်အတူ ပြုစုလှူဒါန်း
ကိုးကွယ်ပူဇော်လိုပါကြောင်း ကြားရောက်လိုက်ပါသည် ဓမ္မသေနမင်းမြတ် ”
ဟူ၍ ပါရှိလေရာ ဓမ္မသေနမင်းမြတ်လည်း များစွာ အားရ၀မ်းမြောက်တော်မူ၍ လက်ဆောင်ပဏ္ဏာများကို
သိမ်းယူတော်မူလျက် “နေ့ ရက်အချိန် ကျရောက်သည့်အခါ ကြွချီတော် မူလာပါဟူသော
စာနှင့်တကွ လက်ဆောင်ပဏ္ဏာများကိုပါ တုံ့ ပြန်လိုက်လေ၏။
၂။ ဓမ္မသေနမင်း, ကောရမ္ဗမင်း, ၀ါသုလဒေ ၀နဂါးမင်း မင်း ၃-ပါးတို့  အံတော်ဓာတ်မြတ်ကို ဌာပနာ၍စေတီတော် တည်ခြင်း
ဓမ္မသေနမင်းကြီးသည် စေတီတည်၍ ဌာပနာတိုက်ပြုလုပ်ရန် အရှင် ၂-ပါးတို့ အား လျှောက်ထားလေလျှင် နောက်
၃-ရက်မြောက်လပြည့်ကျော် ၁-ရက်နေ့ တွင် အကြောင်းကို ပြန်ကြားမည်ဟု မိန့် တော်မူခဲ့ပြီး အရှင် ၂-ပါးတို့  ကြွသွားတော်မူလေ၏။
တပို့  တွဲလပြည့်နေ ကျရောက်လတ်သော် နဂါမင်းသည် ဆွမ်း, ဆီမီး, ရေချမ်း, နတ်ပန်းတို့ြ ဖင့် သိန္ဓူသေလ
တောင်တော်သာသို့  ပူဇော်ရန် ရောက်လာလေလျှင် အရှင် ၂-ပါးတို့  က နဂါးမင်းအား ဓမ္မရေအေး အမြိုက်ဆေးကို
တိုက်ကျွေးတော်မူပြီးလျှင် မိန့် တော်မူသည်မှာ -“ဒူရကတိုင်း အောင်သာဝတီပြည့်ရှင် ဘုရင် ဓမ္မသေနမင်းကြီးနှင့် တနင်္သာရီ တိုင်းကြီးရှင် ဘုရင် ကောရမ္ဗမင်း ၂-ပါးတို့ ကဒကာတော် နဂါးမင်းနှင့် အတူတကွ အံတော်ဓာတ်မြတ်ကို စေတီတည်၍ ဌာပနာ လှူဒါန်းလိုပါကြောင်းကို
ကျွနိုပ်တို့  ထံ လျှောက်ထားပါသည် ” ဟု မိန့် တော်မူရာ နဂါးမင်းက အလွန်တရာ နှစ်သက် ၀မ်းမြောက်လှ၍ “ကောင်းပါပြီ
ဘုရားတပည့်တော်တည်း တပေါင်းလပြည့်နေ့ ကျရောက်လျှင် ဌာပနာရန် ပစ္စည်းတို့ြ ဖင့် လာရောက်ပါမည် ” ဟု
လျှောက်ထားလေ၏။
ယင်းနောက် ဌာပနာမည့်နေရာတွင် နဂါးအခြွေအရံတို့  ကို တူးဖော်စေ၍ အမြင့် ဉာဏ်တော် တစ်ထွာခန့်  ရှိ
ပတ္တမြားစေတီတော်နှင့် အနံ ၁၂-တောင် , အလျား ၈-တောင် , အမြင့် အတောင် ၂၀-ရှိသော တိုက်အတွင်း တစ် ၀င်းဝင်း
တစ်ထိန်ထိန်ထွန်းပသည့် ဘိုးတော်နဂါးမင်းကြီး၏ လည်ရွတန်ဆာ ကွမ်းသီးလုံးပမာဏရှိသော ပတ္တမြားကို
ရွှေသားမီးတိုင်ခုံပေါ်၌ တင်၍ အလွန်မာကြောသည့် ကျောက်နံရံရွှေမြေတို့ြ ဖင့် ဆန်းကြယ် ခမ်းနားလှစွာသော
ဌာပနာတိုက်တော်ကြီးကို မွမ်းမံပြုလုပ်ပြီး နဂါမင်း ပြန်သွားလေ၏။
ရဟန္တာ အရှင် ၂-ပါးတို့ လည်း ဓမ္မသေနမင်းကြီးထံ တဖန် ကြွတော်မူလာပြန်၍ ဆွမ်းအနုမော်ဒနာကို ပြုပြီး
ဓမ္မသေနမင်းကြီးက “အရှင်ဘုရားတို့  အံတော်ဓာတ်မြတ်ကို မည့်သည့်အခါ ကိုးကွယ်ပူဇော်ပြုလုပ်ရပါအံ့နည်း” ဟု
လျှောက်ထားပြန်လေ၏။
“ဒကာမင်းမြတ် တပို့ တွဲလပြည့်နေ့  က နဂါးမင်း လာရောက်ပြီး တပေါင်းလပြည့်နေ့ ကျရောက်လတ်သော် မင်း ၃-ပါးအတူတကွ ပေါင်းဆုံလျက် ဌာပနာလှူဒါန်းရန် လာရောက်ပါမည်ဟု လျှောက်ထားပြီးသော် ဆန်းကြယ်ခမ်းနားလှစွာသော
ဌာပနာတိုက်တော်ကြီးကို နဂါးမင်းသည် အခြွေအရံများဖြင့် သေချာစွာပြုလုပ်ပြီး ပြန်သွားလေပြီ ” ဟုမိန့် တော်မူလေ၏။
ဓမ္မသေနမင်းကြီးကလည်း အလွန် ၀မ်းမြောက်တော်မူလျက် လူပေါင်းတစ်ထောင်ခန့်  တို့  ကို မှူးမတ်များနှင့် တကွ
ကြပ်မ၍ ယင်း “သိန္ဓုသေလတောင် ” ပေါ်ဝယ် ကြီးကျယ်ဆန်းပြား ခမ်းနားလှစွာသော မဏ္ဍပ်ကြီးကို ဆောက်လုပ်စေပြီး
တနင်္သာရီဘုရင် ကောရမ္ဗမင်းထံသို့ လည်း အကြောင်းကြားတော်မူလေ၏။
တနင်္သာရီဘုရင် “ကောရမ္ဗမင်း” သည်လည်း စစ်အင်္ဂါ လေးပါးနှင့်တကွ ရေကြောင်းချီတော်မူလာရာ
သာသနာတော်သက္ကရာဇ် ၂၃၈-ခု တပေါင်းလဆန်း ၁၃-ရက်နေ့ တွင် သိန္ဓုသေလတောင်ပေါ်သို့ ရောက်ရှိတော် မူလေ၏။
ဒူရကတိုင်းကြီးရှင် ဘုရင် “ဓမ္မသေနမင်းကြီး” သည်လည်း များပြားလှစွာသော စစ်အင်္ဂါအပေါင်းတို့  နှင့် တကွ
ပြည်သားပြည်သူ လူထုအများတို့ ပါ ခြံရံလျက် ယင်းနေ့ တွင်ပင် သိန္ဓုသေလာတောင်သို့ ရောက်ရှိတော်မူလေ၏။
ဘုရင် ၂-ပါး တွေ့ ဆုံ၍ နှုတ်ခွန်းဆက်သတော်မူကြပြီး ညချမ်း အချိန် ကျရောက်လတ်သော် များပြား လှစွာသော
ဆီမီး, ရေချမ်း, တံခွန် , ပန်းတို့ြ ဖင့် ဆန်းပြားတင့်တယ်စွာ မြတ်စွာဗုဒ္ဓ၏ အံတော်ဓာတ်တည်ရှိရာ လင်းလွန်ပင်၌
ပူဇော်ကန်တော့ကြလေရာ အံတော်ဓာတ်မြတ်သည် ထန်း ၂-ဖျာခန့်  မျှ ရောင်ခြည်တော် ကွန့်ြ မူးလျက် အထူးထူးသော
တန်းခိုးပြဋိဟာကို ပြတော်မူလေ၏။မင်း ၂-ပါးနှင့်တကွ မှူးမတ်ပြည်သူလူထု အပေါင်းတို့  လည်း အံ့သြလျက် ညီညွတ်စွာ
ဦးတိုက်ကြလေ၏။
ယင်းအခါဝယ် ဓမ္မသေနမင်းသည် အလွန်ကြည်ညိုသော ဇောပီတိ ဖြစ်တော်မူသဖြင့် မိန်းမော တွေဝေခြင်း
ဖြစ်လေရာ မိဖုရားကြီးနှင့် သားတော် အိမ်ရှေ့ မင်းတို့ က တွဲထူတော်မူကာ နှာတော်ပေးမှ သတိရလေ၏။
ယင်းနောက် အံတော်ဓာတ်မြတ်သည် မင်း ၂-ပါးတို့ ၏ ဦးထိပ်ထက်သို့ ကြွတော်မူပြီးလျှင် လင်းလွန်း ပင်ခွကြားသို့ 
ကြွဝင်တော်မူလေ၏။
ဤသို့ြ ဖင့် ၃-ရက်ပတ်လုံး ပူဇော်တော်မူနေသည့် အခိုက် “နဂါးမင်း” သည် စစ်အင်္ဂါ ၄-ပါးနှင့်တကွ
တူရိ ယာငါးပါးတို့ ကို သာယာငြိမ့်လေးစွာ တီးမှုတ်လျက် တပေါင်းလပြည့်နေ့နေ၀န်းပေါ်သည်နှင့် တစ်ပြိုင်နက်
ရောက်ရှိလေ၏။
“မင်း ၃-ပါး နှုတ်ခွန်းဆက်သတော်မူကြပြီးလျှင် ” နဂါးမင်း၏ ကုသိုလ်ဖြစ်သည့် ပတ္တမြားစေတီတော် အတွင်းဝယ်
အံတော် ဓာတ်မြတ်ကို သွင်းနှံတော်မူလေ၏။ ယင်းနောက် ဓမ္မသေနမင်းမြတ်၏ ကုသိုလ်တော် ဖြစ်သော
ရွှေသားစေတီတော်ကို အုပ်တော်မူလေ၏။
ယင်းနောက် တနင်္သာရီမင်းမြတ်၏ ကုသိုလ်တော်ဖြစ်သည့် ရွှေသားပြာသာဒ်ကို ငွေသားတိုင်း ၅-လက်မ ပတ်လည်စိုက်ပြီး
ရွှေပြသာဒ်တင်၍ နဂါးမင်း၏ ကုသိုလ်တော်ထီးကို ရွှေစင်အတိ လုံးပတ်ညှိုဆိုင်ထွာ အမြင့် ၁၂-တောင် မကိုဋ်ပုံသဏ္ဌာန်
ရတနာ ၇-ပါးတို့ြ ဖင့်ပြီးသော ညောင်ရွက်ပန်းဆိုင်း, ပန်းသွယ်တို့ြ ဖင့် တလက်လက် ထွန်းပသည့် ရတနာထီးတော်ကို
အုပ်မိုးလျက် ပန်းဆိုင်း, တံခွန် , ကုံက္ကား, မုလေးပွားတို့  ကိုရွှေပြသာဒ်၌ တွဲရရွဲဆွဲပြီးလျှင် ရွှေသားစေတီတော် အမြင့် ၇-တောင်၊ ရွှေသားပစ္စယံထိပ် ၀ ၃-တောင်၊ ၅-လက်၊ ရွှေသားန၀ရတ် ၉-ပါးဖြင့် ခြယ်လယ်သော ရတနာထီးတော်၊ ယင်းအပြင်
ဓမ္မသေနမင်း, ကောရမ္ဗမင်း, နဂါးမင်းတို့ ၏ ရွှေကိုယ်လေး ရုပ်ပုံတော်များ၊ ဘေးတော် , ဘိုးတော် , ခမည်းတော် ,
မယ်တော်တို့  ၏ ရုပ်ပုံများ အသီးသီးတို့ အပြင် ရဟန္တာအရှင်မြတ် ၂-ပါးတို့ ၏ ရွှေရုပ်ပုံတော်များ၊ ပတ္တမြား ပန်းခိုင် , မြပန်းခိုင် ,
စတုမဟာရာဇ်နတ်မင်းကြီး ၄-ပါးတို့ ၏ ရွှေအကိုယ်လေးရုပ်ပုံတော်မှာ သံသေ, ပြဒါးသေ ပန်းဆိုင်းတို့ နှင့် ပူဇော်ဟန်ထားပြီး
“ရွှေတံခါးဖြင့် ပိတ်လျက် ဌာပနာတိုက်တော်ကြီးကို ကျောက်ကြီး, ကျောက် ငယ် တို့ နှင့်တကွ ပိတ်ဆို့ ပြီးလျှင် လေယန္တရား,
ရေယန္တရား စက်တို့ ဖြင့် ထားရှိလေ၏။”
ယင်းနောက် ရဟန္တာအရှင်မြတ် ၂-ပါးတို့  အားလည်း မင်း ၃-ပါးတို့ က ပရိက္ခရာ ၈-ပါးတို့ ဖြင့် လှူဒါန်းတော် မူပြီးလျှင်
“ရေစက်သွန်းချ အမျှဝေပြီးသည်နှင့် တစ်ပြိုင်နက် တောင်တောင်အလုံး တောင်ငလျင် ပဲ့တင်ဟီးပြီး မဟာပထ၀ီမြေကြီး ၃-ကြိမ်လှုပ်၍ ကောင်းချီးသာဓု ခေါ်လေသတည်း။”
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage ပြန်လည်တင်ဆက်သည်။