#ငါ့ကိုမချစ်နဲ့
========
တခါကပေါ့လေ တောရွာလေးတစ်ရွာမှာရဟန်း
တစ်ပါးကျောင်းထိုင်သတဲ။
ကျောင်းဒကာ/မတွေကလဲတအားကြည်ညိုတယ်
ရွာလူတွေကဆိုကိုယ်တော်လေးကြည့်ပြီးသိပ်ကျေ
နပ်ဝမ်းသာနေတာပေါ့။
ကျောင်းဒကာတို့ မိသားစုမှာ သမီးလေးတစ်ယောက်
ရှိတယ် မိန်းမပျိုလေးကဘာသာရေးလိုက်စားတယ်
ပညာဥာဏ်ရှိတယ် ဖြတ်ထိုးဥာဏ်ကောင်းတယ်ပေါ့။
တနေ့ တော့မိဘတွေမပါ တစ်ယောက်ထဲဘုန်းကြီးဆီ
ဆွမ်းသွားကပ်တာ ကျောင်းရောက်တော့ ဘုန်းကြီးရဲ့ 
အသုံးဆောင် အိပ်ယာ ညောင်စောင်း သပိတ် ဘာမှ
မကျန်အကုန်လိုက်ကြည့်တယ်။
ကြည့်ပြီးတော့ ဘုန်းကြီးကိုမေးလိုက်တယ် ဘုန်းကြီး
ဒီးသပိတ်ကဘယ်သူ့ သပိတ်လဲဘုရား အော် ဒီသပိတ်
ကနင့်အမေလှူထားတာငါ့သပိတ်ပေါ့။
ဒီသင်္ကန်းကကောဘုရား ငါ့သင်္ကန်းပေါ့ ဒီညောင်စောင်
း ကကောဘုရား ငါ့ညောင်စောင်းပေါ့ ဒီကျောင်းကြီးက
ကောဘုရား ငါ့ကျောင်းပေါ့ဒကာမလေးရဲ့  ဒါဆိုဒါတွေ
အကုန်လုံးကအရှင်ဘုရားပိုင်တာလားဘုရား ဒါတွေအ
ကုန်လုံးက ငါ့ဥစ္စာတွေလေလို့ ဖြေလိုက်တယ်။
မိန်းမပျိုကထပ်မေးလိုက်တယ်အရှင်ဘုရားသင်္ကန်း
ဘာလို့ ဝတ်တာလဲပေါ့ နိဗ္ဗာန်လိုချင်လို့ ဝတ်တာဒကာ
မလေးဆိုတော့။
မိန်းမပျိုလေးက ဒါဆိုအရှင်ဘုရား..ငါ,.ကိုမချစ်ပါနဲ့တဲ့
အဲလိုပြောပြီးပြန်သွားတယ် ။
ဘုန်းကြီးကဆွမ်းစားမရတော့ဘူး ဒီကောင်မလေးဘာ
ပြောလိုက်တာလဲ ငါကသူ့ ကိုဘာပြောလို့ ဒီလိုပြောရ
တာတုန်းပေါ့ ဒါနဲ့ ကျောင်းဒကာအိမ်ညနေကြွပြီးသွား
ပြောလိုက်တယ် ဒကာသမီးကဒီလိုပြောတယ်ပေါ့။
ဒါနဲ့ ဖအေလုပ်သူကသမီးကိုခေါ်မေးတယ် ဟုတ်လား
သမီး ဟုတ်တယ်အဖေတဲ့။
ဘာလို့ အဲလိုပြောရတာလဲမေးတော့ ဘာမေးမေးဘုန်း
ကြီးကငါ့ဟာလို့ ပြောနေလို့  နိဗ္ဗာန်လိုချင် ငါ ကိုမချစ်
နဲ့ လို့ ပြောလိုက်တာ အဖေတဲ့ ။
မြတ်ဗုဒ္ဓ၏သာသနာpageတင်ဆက်သည်။
No comments:
Post a Comment