* တစ်ခါလောက်ဖြစ်ဖြစ် အကောင်းမြင်ပေးကြည့်ပါလား။
အစောင်းမြင်စိတ်ကြောင့် ပူလောင်တာတွေပေါ့သွားတာပေါ့။
* တစ်ခါလောက်ဖြစ်ဖြစ် ဝမ်းသာပေးကြည့်ပါလား။
မနာလိုစိတ်ကြောင့် ပူလောင်တာတွေ ပေါ့သွားတာပေါ့။
* တစ်ခါလောက်ဖြစ်ဖြစ် မေတ္တာထားကြည့်ပါလား။
ဒေါသစိတ်ကြောင့် ပူလောင်တာတွေ ပေါ့သွားတာပေါ့။
* တစ်ခါလောက်ဖြစ်ဖြစ် စွန့် လွှတ်ကြည့်ပါလား။
တွယ်တာစိတ်ကြောင့် ပူလောင်တာတွ ပေါ့သွားတာပေါ့။
* တစ်ခါလောက်ဖြစ်ဖြစ် ခွင့်လွတ်ကြည့်ပါလား။
အစာမကြေစိတ်ကြောင့် ပူလောင်တာတွေ ပေါ့သွားတာပေါ့။
ဟုတ်တယ်။ တစ်ခါလောက်ဖြစ်ဖြစ် လက်တွေ့ 
စမ်းကြည့်ပါ။ တစ်ခါဆို ဆိုသလောက် အပူပျောက်တယ်။
နည်းနည်းလျှော့ရင် နည်းနည်းဆိုသလောက် ခံစားချက်တွေ
သက်သာတယ်။
တစ်ခါလောက်ကို မလျှော့နိုင်လို့  ပူလောင်တာ။
နည်းနည်းမှကို မလျှော့နိုင်လို့  ခံစားရတာ။
အရင်းစစ်တော့…
ကိုယ်ပူလောင်တာ သူ့ ကြောင့်မဟုတ်ဘူး။
ကိုယ့်ကြောင့်, ကိုယ့်ကိလေသာတွေကြောင့်,
ကိုယ့်မကောင်းမြင်စိတ်ကြောင့်,
ကိုယ့်မနာလိုစိတ်ကြောင့်, ကိုယ့်ဒေါသစိတ်ကြောင့်,
ကိုယ့်တွယ်တာမှုကြောင့်, ကိုယ့်အာဃာတာကြောင့်
ပူနေတာပဲမဟုတ်လား။
တစ်ခါလောက်ဖြစ်ဖြစ် စလျှော့ကြည့်လိုက်ပါ။
ပေါ့သွားမှာ အမှန်ပဲ။
ဆရာတော်မနာပဒါယီ အရှင်ဝိစိတ္တ
No comments:
Post a Comment