"သတိ” လက်ခုနဲ့ ကိုင်ဖို့ မမေ့ကြနဲ့"
<><><><><><><><><>
ခင်ဗျားတို့
မီးဖိုပေါ်က အိုးတွေကို ကိုင်ကြတဲ့အခါ
ဒီအတိုင်း ကိုင်ကြသလား?
လက်ခုနဲ့ ကိုင်ကြသလား?
အိုးကအပူ ကိုယ့်ပူမှာစိုးလို့ လက်ခုနဲ့ မကိုင်ကြဘူးလား..
ဒီအိုး အပူတွေကျ ကြောက်ကြတယ်..
သားအာရုံ သမီးအာရုံ ပစ္စည်းအာရုံတွေကို
ထိတွေ့ခံစားကြတဲ့အခါကျ ကိလေသာအပူတွေပူမှာ မကြောက်ကြဘူး..
သတိလက်ခုနဲ့ ကိုင်ဖို့ မေ့နေကြတယ်..
မီးဖိုပေါ်က အိုးအပူက ခဏပဲပူတာနော်..
ကိလေသာအပူက တစ်သံသရာလုံးပူမှာဗျ..
ကဲ ဘယ်အပူက ပိုကြောက်ဖို့ကောင်းတုန်း..
ကိလေသာအပူတွေက ပိုကြောက်ဖို့ကောင်းတယ် မဟုတ်လား..
ဒါကြောင့် သားအာရုံ သမီးအာရုံ ပစ္စည်းအာရုံတွေနဲ့ ထိတွေ့တဲ့အခါ
သတိလက်ခုနဲ့ ကိုင်နိုင်အောင် ကြိုးစားကြ..
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
စေတနာမေတ္တာ အရင်းခံဖြင့် မျှဝေပူဇော်ပါသည်..
No comments:
Post a Comment