စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, February 27, 2017

သူတော်ကောင်းစကား သူမိုက်နားခါး

သူတော်ကောင်းစကားဟာ လူမိုက်တွေနားမှာ ခါးလေ့ရှိတယ်
*****************************************

လူမိုက်တွေက အလင်းထက်အမှောင်ကိုပိုကြိုက်တယ်၊လောကမှာလည်း လူလိမ္မာထက် လူမိုက်ကပိုများတယ်။ဘုရားရှင်လက်ထက်မှာတောင် သူတော်ကောင်း တရားစစ်နဲ့ဘဝသံသရာကိုလမ်းပြပေးလိုတော်မူတဲ့ မြတ်ဗုဒ္ဓကိုဆဲရေးသူ၊ပုတ်ခတ်သူ၊ ဝေဖန်အပုပ်ချသူ၊ ကိုယ်ထိလက်ရောက်စော်ကားသူဆိုတဲ့လူမိုက်တွေရဲ့ ထိုးနှက်မှုကို ၄၅ ဝါကာလပတ်လုံးမြတ်ဗုဒ္ဓရင်ဆိုင်ခဲ့ရတယ်ဆိုတာ မမေ့နဲ့။သူတော်ကောင်းတရားလည်း မသိ၊ ဓမ္မအပေါ်လည်း မယုံကြည်၊လူသားဆန်တဲ့စိတ်လည်း မမွေးနိုင်၊ အယူသီးသူ၊အစွန်းရောက်အတွေးအခေါ်တွေနဲ့ ဇာတ်ခွဲခြားသူကြီးတဲ့ပတ်ဝန်းကျင်၊ အလင်းထက်အမှောင်ကို ပိုကြိုက်တဲ့ ပတ်ဝန်းကျင်မှာဓမ္မအလင်းရောင်ဖြန့်ကြက်နိုင်ဖို့ မြတ်ဗုဒ္ဓ ဘယ်လောက်ကြိုးစားခဲ့ရသလဲဆိုတာဗုဒ္ဓဝင်တွေကိုပြန်ကြည့် သိရမယ်။သူတော်ကောင်းတွေရဲ့စကားဟာ လူမိုက်တွေရဲ့နားမှာအမြဲခါးလေ့ရှိတာမို့မှန်တဲ့ ပန်းတိုင်ကိုလျှောက်တဲ့နေရာမှာ လူမိုက်တွေရဲ့ ဝေဖန်ထိုးနှက်ကဲ့ရဲ့အပုပ်ချမှုတွေကို ဥပေက္ခာပြုနိုင်ခြင်းဟာ ကြီးမားတဲ့မေတ္တာဓာတ်နှလုံးသားမှာကိန်းခြင်းကြောင့်ဖြစ်ပြီး ပန်းတိုင်ရောက်ရှိစေခြင်းနည်းလမ်းကောင်းလည်းဖြစ်ပါတယ်။ပါမောက္ခချုပ် ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ(လူသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် တရားတော်မှ)

First weekly ဂျာနယ်
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage ပြန်လည်တင်ဆက်သည်

No comments:

Post a Comment