ပေးသူနှင့်ယူသူ
🌟⭐🌟⭐🌟⭐🌟
ပါမောက္ခကြီးတစ်ဦးသည် ဆရာတော်ကို ဦးချလိုက်ပြီး တရားစတင်ဆွေးနွေးတော့သည်။ တစ်နာရီခန့် အခြေ အတင် ပြောဆိုပြီးနောက် ပါမောက္ခကြီးက ဆရာတော်ကို
“တပည့်တော်အား တပည့်အဖြစ် အသိအမှတ်ပြုကာ သင်ကြားပေးတော်မူပါဘုရား” ဟု လျှောက်ထားလိုက် သည်။ ဆရာတော်က
“ဒကာကြီး ရေနွေးသောက်ပါ” ဟုပြောလိုက်သည်။
ပါမောက္ခကြီးက အကြမ်းခွက်လေးကို ကိုင်လိုက်ချိန်တွင် ဆရာတော်က ရေနွေးအိုးကို မယူလိုက်ပြီး ခွက်ထဲကို ငှဲ့ပေးလိုက်သည်။ ရိုသေစွာ ခံယူနေချိန်တွင် ဆရာတော်က ရေနွေးပြည့်နေသော်လည်း မရပ်ဘဲဆက်ငှဲ့နေ ကြောင်း ပါမောက္ခကြီး သတိထားလိုက်မိသည်။ ရေနွေးတွေက လျှံကျနေသည်။
“ဆရာတော်ဘုရား … ပြည့်နေပါပြီ ဘုရား”
“ဟုတ်လား”
ဆရာတော်က ဆက်ပြီးငှဲ့ပေးနေပြန်သည်။
“ဆရာတော် ပြည့်နေပါပြီ ဘုရား။ ဆက်မငှဲ့ပါနှင့်တော့ဘုရား”
“အေး … ပြည့်နေတဲ့ ခွက်ထဲကို ဆက်ထည့်ရင် လျှံသွားတတ်တယ် ဒကာကြီး၊ ဆက်ပြီးတော့ လက်ခံချင်ရင် ဘာလုပ်ရမလဲ သိရဲ့လား”
“ရှိထားတာတွေကို ထုတ်ပစ်လိုက်ရမှာပေါ့”
“အင်း … ဟုတ်တယ်။ ဒကာကြီး ခေါင်းထဲမှာ စွဲနေတာတွေ အရင်ဆုံး ထုတ်နိုင်အောင် ကြိုးစားပြီးမှ လာခဲ့ပါ ဒကာကြီး”
နောက်တစ်လအကြာတွင် ပါမောက္ခကြီးသည် ဆရာတော်ထံ ပြန်သွားသည်။ ဆရာတော်ကို ဦးချလိုက်ပြီး
“တပည့်တော် အားလုံး ထုတ်ခဲ့ပြီးပါပြီဘုရား” ဟုပြောလိုက်သည်။ ဆရာတော်က
“ဒကာကြီး ရေနွေးသောက်” ပြောလိုက်သည်။
ပါမောက္ခကြီးက ဝမ်းမြောက်စွာဖြင့် ခွက်ကို ခံလိုက်သည်။ ဆရာ တော်ကြီးက ရေနွေးအိုးကို မပြီး လောင်းထည့် လိုက်သည်။ ရေနွေးအိုးထဲက ဘာမှမကျလာ။ ဆရာတော်ကြီးက အိုးကိုချပြီး မတ်တတ်ရပ်လိုက်သည်။
“ကြိုးစားအားထုတ်ပါဒကာကြီး” ဟုပြောကာ အတွင်းသို့ဝင်သွားသည်။
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage ပြန်လည်
တင်ဆက်သည်။
#အတွေးမှန်ကာအလုပ်မြန်စေရန်
ရည်ရွယ်ပါသည်။
No comments:
Post a Comment