စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, February 23, 2017

စိတ်ချမ်းသာအောင် နေတတ်ဖို့..

#စိတ်ညစ်တာလူတိုင်းလုပ်နိုင်တယ်
#စိတ်ချမ်းသာတာလူတိုင်းမလုပ်နိင်ဘူး
#သူများမလုပ်နိင်တာတန်ဖိုးရှိတယ်။

"လူတိုင်းလုပ်နိုင်တာကိုချည်း လုပ်မနေနဲ့"
<><><><><>
စိတ်ဆင်းရဲတယ်ဆိုတာ လွယ်ပါတယ်..
လူတိုင်း လုပ်နိုင်ပါတယ်..
စိတ်ဆင်းရဲဖို့
ဘာအရည်အချင်းမှ မလိုဘူး..
ဘာသတ္တိမှ မလိုဘူး..
ဘာဉာဏ်ပညာမှ မလိုဘူး..

စိတ်ချမ်းသာအောင် နေတတ်ဖို့တော့
စိတ်ထားတတ်ဖို့ လိုတယ်..
ဉာဏ်ရှိဖို့ လိုတယ်..
ရင့်ကျက်မှုရှိဖို့ လိုတယ်..

စိတ်ဆင်းရဲနေရင် ကိုယ့်ကိုကိုယ် ပြောပါ
"ငါဟာ လူတိုင်းလုပ်နိုင်တာကို လုပ်နေတယ်"
"လွယ်တာကို လုပ်နေတယ်"
"ဘာအရည်အချင်းမှ မလိုတာကို လုပ်နေတယ်"လို့..

တစ်ကယ် ဉာဏ်ရှိတယ်ဆိုရင်
စိတ်ချမ်းသာအောင် နေလိုက်ပါ..
တွက်ခြေကိုက်တာကို ရွေးလုပ်တတ်တယ်ဆိုရင်
စိတ်ချမ်းသာအောင် နေလိုက်ပါ..
စိတ်ချမ်းသာအောင် နေတာဟာ ဉာဏ်အရှိဆုံးအလုပ်ပါပဲ..

                     ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်..။
ohmarshin

No comments:

Post a Comment