ကာမချမ်းသာတဲ့။
လောကီအာရုံကာမဂုဏ်ကိုတပ်မက်နေသူများလိုတရဖြစ်နေသူများ
ဟာ ချမ်းသာစစ်လို့ ထင်မှတ်နေကြတာပါပဲ။
အနု အလတ် အရင့် တွေသာ ကွာခြားနေကြတာ။
ဒီလိုကာမချမ်းသာဖြစ်လာစေဖို့ အထင်မှားသူရဲ့စိတ် ဆန္ဒ ဝီရိယ တွေဟာ
လိုချင် တောင့်တမှုတွေ တပ်မက် ယစ်မူးမှုတွေနဲ့ အချိန်ကုန်လွန်စေခဲ့တယ်
ဆင်းရဲခြင်းအစစ်တွေနဲ့အစပျိုးခဲ့ ကြရတာပါ။ပိုင်ဆိုင် အောင်မြင်လာမှုအပေါ်
ထပ်ဆင့်ပြီး စိုးရိမ်မှု ပူပင်ကြောင့်ကြမှုတွေနဲ့အတူ ထပ်ပြီးဆင်းရဲစေပြန်တယ်။
မအိပ်နိုင် မစားနိုင်လောက်အောင် အတွေးတွေကနှိပ်စက်တတ်ပါတယ်။
မြောက်များစွာသော နုးညံ့သဘောတွေကို မိမိတို့မသိနိုင် မမြင်နိုင်သေးပါ။
သိနိုင်ခွင့် မရဖြစ်နေကြတာပါလေ။ရှာဖွေလို့ ပို ပြည့်စုံလာပြန်တော့လည်း
ထိုပြည့်စုံလာမှုအပေါ်ကျေနပ်ရောင့်ရဲမှု မဖြစ်နေတာလည်း ဆင်းရဲကြောင်းတစ်ခုပါပဲ။
မရောင့်ရဲနိုင်တော့ ဒီကာမချမ်းသာမှုကိုပဲ ပိုမိုကြီးပွါးတက်အောင်
ထပ်ထပ်ပြီး ရှာဖွေစုဆောင်းဆောင်ရွက်တော့ တာပေါ့။
မိုးရွာ အစို နေပူ အခြောက် လုပ်ခဲ့ကြတယ်။
ဆင်းရဲကြောင်းတွေကိုသာ ထပ်ဆင့်လုပ်လို့ ထုတ်လုပ်နေမိတယ်။
သင်တန်းတက်စရာမလိုတဲ့မွေးရာပါဗီဇ ပုထုဇဉ်တို့ရဲ့ရိုးရာအလုပ်ပေါ့။
ဒါဟာအာရုံကိုတွယ်တာမှုအခြေခံလို့ ကာမချမ်းသာအပေါ်ထောင်လွှားနေခြင်းပါ။
ငါလို့အယူမှားမှုကြောင့်မိမိကိုယ်မိမိချစ်ခင် မိသားစုပေါ်တွယ်တာလို့ ပိုင်ဆိုင်မှု
တွေအပေါ်ငါပိုင်ငါဆိုင်ရယ်လို့ ထောင်လွှားပြီးနေတာဟာ
ဆင်းရဲကြောင်းသမုဒယသစ္စာအစစ်ပါလို့သိခွင့်နားလည်ခွင့်မရပြန်တော့
ဆင်းရဲကျိုးဒုက္ခသစ္စာ ထပ်ဖြစ်ရပြန်ပါတယ်။ အဲဒီလိုမျက်စိလည်လမ်းမှားဖြစ်နေတာ
အဝိဇ္ဇာဆိုတဲ့သဘာဝတရားကို အမှန်မသိမှုဟာလွှမ်းမိုးချုပ်ကိုင်ခံထားရပြီး
တဏှာ မာန ဒိဋ္ဌိဆိုတဲ့သံသရာလည်စေတတ်တဲ့တရားတွေနဲ့
ဆင်းရဲကြောင်းတွေပြုလုပ်နေမိကြလို့ပါ။
တရားအသိများဖြင့် လမ်းစစ်လမ်းမှန်ကို ရောက်ရှိရရှိနိုင်ကြပါစေ။
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Monday, February 27, 2017
လောကီအာရုံကိုတပ်မက်နေသမျှ
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment