စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, February 3, 2017

သရဏဂုံ

မင်္ဂလာပါ သူတော်ကောင်းတို့..

မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော နေ့သစ်လေးမှာ မဟာကရုဏာရှင် ဗုဒ္ဓမြတ်စွာအား အမြတ်သုံးဖြာ ရတနာကို သဒ္ဓါ၊ရိုကျိုး လက်စုံမိုး၍ ရှိခိုးကြပါဦးစို့..

ဤနေ့သစ်လေးအတွက် ရာသက်ပန် သရဏဂုံ သုံးပါးဆောက်တည်ပူဇော်ကြရအောင်..
*******************************

ဇီဝိတပရိယန္တံ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
   အသက်ဆုံးသည့်တိုင်အောင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ။

ဇီဝိတပရိယန္တံ
ဓမ္မံ သရဏံ ဂစ္ဆာမိ။

   အသက်ဆုံးသည့်တိုင်အောင် တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ။

ဇီဝိတပရိယန္တံ
သံဃံ သရဏံ ဂစ္ဆာမိ။

   အသက်ဆုံးသည့်တိုင်အောင် သံဃာတော်အရှင်သူမြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏...  အရှင်ဘုရား။

   ဤသို့ ရှိခိုးပူဇော်ရသော ကုသိုလ်ကံ စေတနာကြောင့် တပည့်တော် တပည့်တော်မတို့ အလိုရှိရာ တောင်းတအပ်သော မဂ်ဥာဏ်၊ ဖိုဥာဏ်၊ မြတ်နိဗ္ဗာန်ကို မလွဲဧကန်  မျက်မောက်ပြုရပါလို၏ အရှင်ဘုရား။   
_()_  _()_  _()_  _()_  _()_

သရဏဂုံတည်ခြင်းအကျိုးရှစ်မျိုး
*****************************
၁. ဖြစ်လေရာ ဘ၀တိုင်း၌ အများအပူဇော်ခံရခြင်း။

၂. ထက်မြက်သော ဥာဏ်ပညာရှိခြင်း။

၃. လူအများကို မိမိအလိုသို့ လိုက်ပါစေနိုင်ခြင်း။

၎. အများနှင့်မတူသော စည်းစိမ်ချမ်းသာများကို ခံစားရခြင်း။

၅. ရွှေအဆင်းနှင့်တူသော ကိုယ်ကာယ ရှိခြင်း။

၆. အများနှစ်သက်ကြည်ညိုမှုကို ခံရခြင်း။

၇. မိတ်ဆွေ အပေါင်းအသင်းများ၏ ချစ်ခင်မှုကို ရခြင်း။

၈. ကျော်စော ထင်ရှားခြင်း။
      
**အပါဒါန်ပါဠိတော်နှင့် အဋ္ဌကထာ**
စာအုပ်မှကူးယူရေးသား ကုသိုလ်ပြုပါ၏။
မြတ်ပါရမီ
ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများအဖွဲ့..
မြတ်ဗုဒ္ဓ၏သာသနာ page.

No comments:

Post a Comment