ရေဘယ်လောက်ကြီးကြီး ရေမမြုပ်တဲ့ အလောင်းစည်သူမင်းကြီး
တည်ထားခဲ့တဲ့ ဘုရားနှစ်ဆူ။မရောက်ဖူးသူများဖူးမြော်နိုင်ရန် မျှဝေပေးပါတယ်။
ဒီစေတီတော်နှစ်ဆူကတော့ ပဲခူးတိုင်းဒေသကြီး
မင်းလှမြို့နယ် ထန်းပင်ကုန်းကျေးရွာ အနီးကဖြစ်ပါတယ်။
ထူးခြားတာကတော့ နှစ်စဉ်ရေကြီးတိုင်း ရေဘယ်လောက်များများ စေတီတော်တွေရဲ့ရင်ပြင်တော်တွေသော်မှ ရေမမြုပ်ပါဘူးတဲ့...
ဘုရားကုန်းမြေကလည်းအရမ်းမြင့်နေလို့လဲမဟုတ်ပါဘူး
ယခုလိုထူးခြားအံ့ဖွယ် တွေ့ခဲ့ရတဲ့စေတီတော်တွေကတော့ အလောင်းစည်သူမင်းကြီးတည်ထားခဲ့တယ်လို့ သိရပါတယ်။
အလောင်းစည်သူမင်းကြီးရဲ့ဖောင်တော်ရှေ့နောက်တစ်ဆူစီတည်ထားခဲ့တယ်လို့သိရပါတယ်
သူငယ်ချင်းများလည်းဖူမျော်နိုင်ရန်အလို့ငှာ တင်ပေးရခြင်းဖြစ်ပါ၏။
မိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ။
#သစ္စာရောင်ခြည်
မြတ်ဗုဒ္ဓ၏သာသနာpageပြန်လည်တင်ဆက်သည်
No comments:
Post a Comment